ေရခ်ိဳးေနစဥ္၊ အားသြင္းထားတဲ့ဖုန္းက ေရကန္ထဲျပဳတ္က်လုိ႔ ဓာတ္လုိက္ေသခဲ့ရတဲ့ ေကာင္မေလး

2019-09-18 22:52:39


ေရခ်ိဳးေနစဥ္၊ အားသြင္းထားတဲ့ဖုန္းက ေရကန္ထဲျပဳတ္က်လုိ႔ ဓာတ္လုိက္ေသခဲ့ရတဲ့ ေကာင္မေလး

႐ုရွားႏုိင္ငံ၊ Kirovo-Chepetsk မွာေနထုိင္တဲ့ Evgenia Shulyatyeva အမည္ရ အမ်ိဳးသမီးငယ္တစ္ဦးဟာ ေရခ်ိဳးေနစဥ္မွာ သူမရဲ႕ေရစိမ္ကန္ထဲကို အားသြင္းထားတဲ့ဖုန္း ျပဳတ္က်တဲ့အတြက္ ဓာတ္လုိက္ၿပီး ေနရာမွာပဲ ပြဲခ်င္းၿပီး ေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။


ဒီသတင္းကို Mirror သတင္းစာက ေဖာ္ျပထားတာျဖစ္ၿပီး၊ ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္ၿပီး တင္ဆက္ေပးလုိက္ပါတယ္။ Evgenia ဟာ အသက္(၂၆)ႏွစ္ျဖစ္ၿပီး၊ သူမဟာ ေရခ်ိဳးကန္ထဲမွာ အဝတ္မဲ့အေနအထားနဲ႔ ဆုိးဆုိးရြားရြား ဓာတ္လုိက္ခံလုိက္ရတာပါ။


သူမေရခ်ိးခန္းကေန အေတာ္နဲ႔ ထြက္မလာတဲ့အတြက္ မိခင္ Vera က စုိးရိမ္စြာနဲ႔ ေရခ်ိဳးခန္းကို အတင္းဖြင့္ဝင္ခဲ့တာပါ။ အဲဒီမွာ မ႐ႈမလွေသဆုံးေနတဲ့ Evgenia ကို ေျခာက္ျခားဖြယ္ရာ ေတြ႕လုိက္ရတာပါ။ ဒီျဖစ္စဥ္ကို Russian Investigative Committee က စုံစမ္းေနပါတယ္။



ၿပီးခဲ့တဲ့ မတ္လတုန္းကလည္း (၁၀)ႏွစ္အရြယ္ ေကာင္မေလးတစ္ဦး ဒီနည္းနဲ႔ ေသဆုံးခဲ့ဖူးပါတယ္။ ဇြန္လတုန္းကေတာ့ နာမည္ႀကီး ပိုကာမယ္တစ္ဦးလည္း ဖုန္းေၾကာင့္ ဓာတ္လုိက္ခံခဲ့ရပါတယ္။ Evgenia ရဲ႕စ်ာပနကုိ မနက္ျဖန္ ေဆြမ်ိဳးစုံခ်ိန္မွာ က်င္းပမယ္လုိ႔ သိရပါတယ္။


နတ္သူႀကီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ရုရှားနိုင်ငံ၊ Kirovo-Chepetsk မှာနေထိုင်တဲ့ Evgenia Shulyatyeva အမည်ရ အမျိုးသမီးငယ်တစ်ဦးဟာ ရေချိုးနေစဉ်မှာ သူမရဲ့ရေစိမ်ကန်ထဲကို အားသွင်းထားတဲ့ဖုန်း ပြုတ်ကျတဲ့အတွက် ဓာတ်လိုက်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရပါတယ်။



ဒီသတင်းကို Mirror သတင်းစာက ဖော်ပြထားတာဖြစ်ပြီး၊ ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ Evgenia ဟာ အသက်(၂၆)နှစ်ဖြစ်ပြီး၊ သူမဟာ ရေချိုးကန်ထဲမှာ အဝတ်မဲ့အနေအထားနဲ့ ဆိုးဆိုးရွားရွား ဓာတ်လိုက်ခံလိုက်ရတာပါ။


သူမရေချိးခန်းကနေ အတော်နဲ့ ထွက်မလာတဲ့အတွက် မိခင် Vera က စိုးရိမ်စွာနဲ့ ရေချိုးခန်းကို အတင်းဖွင့်ဝင်ခဲ့တာပါ။ အဲဒီမှာ မရှုမလှသေဆုံးနေတဲ့ Evgenia ကို ခြောက်ခြားဖွယ်ရာ တွေ့လိုက်ရတာပါ။ ဒီဖြစ်စဉ်ကို Russian Investigative Committee က စုံစမ်းနေပါတယ်။


ပြီးခဲ့တဲ့ မတ်လတုန်းကလည်း (၁၀)နှစ်အရွယ် ကောင်မလေးတစ်ဦး ဒီနည်းနဲ့ သေဆုံးခဲ့ဖူးပါတယ်။ ဇွန်လတုန်းကတော့ နာမည်ကြီး ပိုကာမယ်တစ်ဦးလည်း ဖုန်းကြောင့် ဓာတ်လိုက်ခံခဲ့ရပါတယ်။ Evgenia ရဲ့စျာပနကို မနက်ဖြန် ဆွေမျိုးစုံချိန်မှာ ကျင်းပမယ်လို့ သိရပါတယ်။


နတ်သူကြီး