ကင္ဆာေရာဂါကေန ႏွစ္ႀကိမ္တုိင္ လြတ္ကင္းခဲ့သူ၊ ထီဆု (၄.၆)သန္း ကံဆက္ထူးခဲ့တဲ့အျဖစ္

2019-09-18 22:53:46


ကင္ဆာေရာဂါကေန ႏွစ္ႀကိမ္တုိင္ လြတ္ကင္းခဲ့သူ၊ ထီဆု (၄.၆)သန္း ကံဆက္ထူးခဲ့တဲ့အျဖစ္

ကင္ဆာေရာဂါ ႏွစ္ႀကိမ္အထိျဖစ္ခဲ့တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ ကံေကာင္းလြန္းစြာနဲ႔ ကင္ဆာေရာဂါကေန ႏွစ္ႀကိမ္တုိင္ လြတ္ေျမာက္ခဲ့ပါတယ္။ ဒီလုိပဲ ေနာက္ထပ္ ကံထူးမႈအေနနဲ႔ ေဒၚလာ (၄.၆)သန္းတန္ ထီဆုႀကီး ဆက္လက္ဆြတ္ခူးႏုိင္ခဲ့တာပါ။ ေပါင္အားျဖင့္ (၃.၇)သန္း ျဖစ္ပါတယ္။


သူ႕အမည္ကေတာ့ Stu MacDonald ျဖစ္ၿပီး Oregon Lottery ကို အၿမဲလုိလုိ အားေပးခဲ့သူပါ။ ဇနီးကလည္း သူ႕ကို ထီထုိးတုိင္း အၿမဲတမ္းေနာက္ၿပီး ” ေပါက္မယ့္ဂဏန္းသာ ယူခဲ့ “လုိ႔ မွာေလ့ရွိပါတယ္။ ဒါေပမယ့္ စက္တင္ဘာ (၇)ရက္ေန႔ ထီသြားထုိးတဲ့ Stu ကုိ သူမ အဲဒီစကား မမွာလုိက္မိပါဘူး။


ကံေကာင္းစြာနဲ႔ မမွာတဲ့အလွည့္ေရာက္မွ ထီဆုႀကီးကို ဆြတ္ခူးခဲ့တာ ျဖစ္ပါတယ္။ Stu က ” ကၽြန္ေတာ့္ေလာက္ ကံေကာင္းတဲ့လူ ကမာၻေပၚမွာ ရွိမွာမဟုတ္ေတာ့ပါဘူး … ကင္ဆာကေန ႏွစ္ႀကိမ္လြတ္လာတယ္ … အခု ထီေပါက္တယ္ … ဒါဟာ အံ့ဖြယ္ပါဘဲ “လုိ႔ ေျပာခဲ့ပါတယ္။


ထီလက္မွတ္ကို ေရာင္းခ်ေပးခဲ့တဲ့ Ashley’s Cafe ကေတာ့ ထီဆုရဲ႕ (၁)%ကို ခံစားခြင့္ရခဲ့လုိ႔ ေဒၚလာ (၄၆၀၀၀) အျမတ္အစြန္း ရခဲ့ပါသတဲ့။ ထီဆုက ေဒၚလာ (၄.၆)သန္းဆုိေသာ္လည္း အခြန္ေဆာင္ၿပီးေနာက္ Stu ဟာ ေဒၚလာ(၁.၅)သန္းသာ က်န္ေတာ့တယ္လုိ႔လည္း သိရပါတယ္။


နတ္သူႀကီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ကင်ဆာရောဂါ နှစ်ကြိမ်အထိဖြစ်ခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ကံကောင်းလွန်းစွာနဲ့ ကင်ဆာရောဂါကနေ နှစ်ကြိမ်တိုင် လွတ်မြောက်ခဲ့ပါတယ်။ ဒီလိုပဲ နောက်ထပ် ကံထူးမှုအနေနဲ့ ဒေါ်လာ (၄.၆)သန်းတန် ထီဆုကြီး ဆက်လက်ဆွတ်ခူးနိုင်ခဲ့တာပါ။ ပေါင်အားဖြင့် (၃.၇)သန်း ဖြစ်ပါတယ်။


သူ့အမည်ကတော့ Stu MacDonald ဖြစ်ပြီး Oregon Lottery ကို အမြဲလိုလို အားပေးခဲ့သူပါ။ ဇနီးကလည်း သူ့ကို ထီထိုးတိုင်း အမြဲတမ်းနောက်ပြီး ” ပေါက်မယ့်ဂဏန်းသာ ယူခဲ့ “လို့ မှာလေ့ရှိပါတယ်။ ဒါပေမယ့် စက်တင်ဘာ (၇)ရက်နေ့ ထီသွားထိုးတဲ့ Stu ကို သူမ အဲဒီစကား မမှာလိုက်မိပါဘူး။


ကံကောင်းစွာနဲ့ မမှာတဲ့အလှည့်ရောက်မှ ထီဆုကြီးကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ Stu က ” ကျွန်တော့်လောက် ကံကောင်းတဲ့လူ ကမ္ဘာပေါ်မှာ ရှိမှာမဟုတ်တော့ပါဘူး … ကင်ဆာကနေ နှစ်ကြိမ်လွတ်လာတယ် … အခု ထီပေါက်တယ် … ဒါဟာ အံ့ဖွယ်ပါဘဲ “လို့ ပြောခဲ့ပါတယ်။


ထီလက်မှတ်ကို ရောင်းချပေးခဲ့တဲ့ Ashley’s Cafe ကတော့ ထီဆုရဲ့ (၁)%ကို ခံစားခွင့်ရခဲ့လို့ ဒေါ်လာ (၄၆၀၀၀) အမြတ်အစွန်း ရခဲ့ပါသတဲ့။ ထီဆုက ဒေါ်လာ (၄.၆)သန်းဆိုသော်လည်း အခွန်ဆောင်ပြီးနောက် Stu ဟာ ဒေါ်လာ(၁.၅)သန်းသာ ကျန်တော့တယ်လို့လည်း သိရပါတယ်။


နတ်သူကြီး