ဝတုတ်မလေး အဖြစ်ကနေ အကိတ်မလေး အဖြစ် ပြောင်းလဲပြခဲ့တဲ့ ကောင်မလေး

2019-09-18 23:23:58


ဝတုတ်မလေး အဖြစ်ကနေ အကိတ်မလေး အဖြစ် ပြောင်းလဲပြခဲ့တဲ့ ကောင်မလေး

ယခု နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ လူနေမှု Lifestyle ကြောင့် ကိုယ်အလေးချိန် များလာတာ၊ အဝ လွန်လာတဲ့ ကိစ္စတွေဟာ တဖြည်းဖြည်း ပိုမို များပြားလာတာကို တွေ့ရှိရပါတယ်။


ဝိတ်ကျချင် သူတွေ၊ ၀ိတ်ချဖို့ စိတ်ကူး ရှိသူတွေ အတွက် Motivation တစ်ခု အနေနဲ့ မယုံနိုင် လောက်အောင် ၀ိတ်ချပြနိုင်ခဲ့တဲ့ Sapna Vyas Pate ဆိုတဲ့ မိန်းကလေး တစ်ယောက် အကြောင်းကို ဖော်ပြပေးချင် ပါတယ်နော်။


သူမဟာ ၀ိတ်ချဖို့ အတွက် ပိန်ဆေးတို့လို ဆေးဝါး အကူအညီတွေ လုံးဝ မယူခဲ့ပဲ လေ့ကျင့်ခန်း တစ်ခုတည်း ကိုပဲ အားပြုပြီး Body ကို ပြောင်းလဲပစ် ခဲ့တာပါ။


သူမရဲ့ Gym ပုံတွေဟာ လူမှုကွန်ရက် ပေါ်မှာဆိုရင် ၀ိတ်ကျချင် သူတွေ အတွက် တကယ့်ကို စံပြ အတုယူစရာ ဖြစ်ခဲ့ပါတယ်။


Sapna Vyas Patel က တစ်နှစ် အတွင်းမှာပဲ (၃၃) ကီလို ကျအောင် ၀ိတ်ချခဲ့ တာပါ။ သူမရဲ့ အရင်တုန်းက ကိုယ်အလေးချိန်ဟာ (86 kg) တောင် ရှိခဲ့ တာပါ။


အဲဒီ အလေးချိန်ကနေမှာ (53 kg) ထိကျအောင် ချခဲ့တာပါ။ ၀ိတ်ချတယ်၊ ၀ိတ်ကျသွားတယ် ဆိုတာ အပြော လွယ်ပေမယ့် တကယ်တမ်း အလုပ် ခက်ပါတယ် ။ ဇွဲရှိရှိနဲ့ လုပ်မှ ကိုယ်လိုချင်တဲ့ Body goal တစ်ခုကို ရနိုင်မှာပါ။