စိတ္ၾကြေဆးျပား သန္းေပါင္း ၂၀၀၀ ေက်ာ္ ထုတ္လုပ္နိုင္သည့္ ဓါတုကုန္ၾကမ္း အေျမာက္အမ်ားကို ထိုင္းႏွင့္ ျမန္မာအာဏာပိုင္မ်ားက ဖမ္းဆီး

2019-09-18 23:26:20


စိတ္ၾကြေဆးျပား သန္းေပါင္း ၂၀၀၀ ေက်ာ္ ထုတ္လုပ္နိုင္သည့္ ဓါတုကုန္ၾကမ္း အေျမာက္အမ်ားကို ထိုင္းႏွင့္ ျမန္မာအာဏာပိုင္မ်ားက ဖမ္းဆီး

ယခုရက္ပိုင္းအတြင္းက ထိုင္းျမန္မာနယ္စပ္ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕မွာထိုင္းႏိုင္ငံဘက္ကေန ကုန္တင္ကားနဲ ့ သယ္ယူလာတဲ့ မူးယစ္ကုန္ၾကမ္း ဓါတုေဆးအရည္၄၁၄ ပံုး


hydrochloric acidဟုိက္ဒရိုကလိုရစ္အက္ဆစ္ ၈၆၀၀ကီလိုဂရမ္ ေက်ာ္ကို ျမန္မာနိုင္ငံသား (၆)ဦး နဲ ့အတူ တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတား(၁)နဲ ့ ၿမိဳ႕တြင္


စန္ဆိုင္းရပ္ကြက္မွာ ဖမ္းဆီးရမိျပီးတဲ့ေနာက္ မွာ ထိုင္းနိုင္ငံ မဲဆိုင္ျမိဳ ့မွာက စက္မွုဇံုနယ္ေျမမွာ လည္း ဓါတုကုန္ေလွာင္ရံုကို ၀င္ေရာက္စစ္ေဆးဖမ္းဆီးခဲ့တာျဖစ္ပါတယ္။


ခ်င္းရိုင္ခရိုင္ မဲဆိုင္ျမိဳ ့ အမွတ္ ၁၃ (Ban Piyaphon ) ပီရဖြန္ ရပ္ကြက္ အတြင္းကေနအိမ္ကိုလည္း ျမန္မာအာဏာပိုင္ေတြသတင္းေပးမွုေၾကာင့္၀င္ေရာက္၇ွာေဖြဖမ္းဆီးခဲ့တာလို ့ သိရပါတယ္။


တရုတ္နိုင္ငံသားတစ္ဦးပိုင္ အဆိုပါ ကုန္ေလွာင္အခန္းအတြင္းမွာဟုိက္ဒရိုကလိုရစ္အက္ဆစ္ ပုံးေပါင္း ၆၀၀ ( ၁၅၀၀၀ ကီလိုဂရမ္ကို )သိမ္းဆီးခဲ႕့ျပီး ကုန္လွာင္ရံုတာ၀န္ခံ ထိုင္းနိုင္ငံသူကိုလည္း ဆက္လက္စစ္ေဆးမွုေတြျပဳလုပ္ေနေၾကာင္း သိရပါတယ္။


ႏွစ္နိုင္ငံေပါင္း ဖမ္းဆီးလိုက္တဲ့ မူးယစ္ဓါတု ကုန္ၾကမ္း ဟုိက္ဒရိုကလိုရစ္အက္ဆစ္ တန္ခ်ိန္ ၂၃ တန္ေက်ာ္ဟာ ဘန္းျဖဴနဲ ့ ေရခဲ (ရာအိုင့္ )ထုတ္လုပ္မယ္ဆိုရင္ တန္ ခ်ိန္ ၅၀ေက်ာ္ ထုတ္လုပ္နိုင္ျပီး ရာဘ (စိတ္ၾကြေဆး ) ေဆးျပား သန္းေပါင္း ၂၀၀၀ေက်ာ္ ထုတ္လုပ္နိုင္ေၾကာင္း သိရပါတယ္။


မူးယစ္ေဆးထုတ္ရာမွာ ဟုိက္ဒရိုကလိုရစ္အက္ဆစ္ ေပါင္းစပ္သံုးေနတာကို ထိုင္းအာဏာပိုင္ေတြ စစ္ေဆးေတြ ့ရွိခဲ့တာေၾကာင့္ ထိုင္းနိုင္ငံရဲ ့ တားျမစ္ဓါတု ေဆး အက္ဥပေဒ (၂၀၀၃ )အရ


ယခု hydrochloric acidဟုိက္ဒရိုကလိုရစ္အက္ဆစ္အက္စက္ကို တားျမစ္ ဓါတုေဆးအျဖစ္သတ္မွတ္ျပီး ေရာင္း၀ယ္ျခင္း ထုတ္လုပ္ျခင္း သယ္ေဆာင္ျခင္းမျပဳရ တားျမစ္ထားခဲ့တာျဖစ္ပါတယ္။


SAW


Unicode


Sep 14,2019


ယခုရက်ပိုင်းအတွင်းက ထိုင်းမြန်မာနယ်စပ် မြန်မာနိုင်ငံ တာချီလိတ်မြို့မှာထိုင်းနိုင်ငံဘက်ကနေ ကုန်တင်ကားနဲ့ သယ်ယူလာတဲ့ မူးယစ်ကုန်ကြမ်း ဓါတုဆေးအရည်၄၁၄ ပုံး


hydrochloric acidဟိုက်ဒရိုကလိုရစ်အက်ဆစ် ၈၆၀၀ကီလိုဂရမ် ကျော်ကို မြန်မာနိုင်ငံသား (၆)ဦး နဲ့အတူ တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)နဲ့ မြို့တွင်


စန်ဆိုင်းရပ်ကွက်မှာ ဖမ်းဆီးရမိပြီးတဲ့နောက် မှာ ထိုင်းနိုင်ငံ မဲဆိုင်မြို့မှာက စက်မှုဇုံနယ်မြေမှာ လည်း ဓါတုကုန်လှောင်ရုံကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


ချင်းရိုင်ခရိုင် မဲဆိုင်မြို့ အမှတ် ၁၃ (Ban Piyaphon ) ပီရဖွန် ရပ်ကွက် အတွင်းကနေအိမ်ကိုလည်း မြန်မာအာဏာပိုင်တွေသတင်းပေးမှုကြောင့်ဝင်ရောက်၇ှာဖွေဖမ်းဆီးခဲ့တာလို့ သိရပါတယ်။


တရုတ်နိုင်ငံသားတစ်ဦးပိုင် အဆိုပါ ကုန်လှောင်အခန်းအတွင်းမှာဟိုက်ဒရိုကလိုရစ်အက်ဆစ် ပုံးပေါင်း ၆၀၀ ( ၁၅၀၀၀ ကီလိုဂရမ်ကို )သိမ်းဆီးခဲ့ပြီး ကုန်လှာင်ရုံတာဝန်ခံ ထိုင်းနိုင်ငံသူကိုလည်း ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။


နှစ်နိုင်ငံပေါင်း ဖမ်းဆီးလိုက်တဲ့ မူးယစ်ဓါတု ကုန်ကြမ်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် တန်ချိန် ၂၃ တန်ကျော်ဟာ ဘန်းဖြူနဲ့ ရေခဲ (ရာအိုင့် )ထုတ်လုပ်မယ်ဆိုရင် တန် ချိန် ၅၀ကျော် ထုတ်လုပ်နိုင်ပြီး ရာဘ (စိတ်ကြွဆေး ) ဆေးပြား သန်းပေါင်း ၂၀၀၀ကျော် ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။


မူးယစ်ဆေးထုတ်ရာမှာ ဟိုက်ဒရိုကလိုရစ်အက်ဆစ် ပေါင်းစပ်သုံးနေတာကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ထိုင်းနိုင်ငံရဲ့ တားမြစ်ဓါတု ဆေး အက်ဥပဒေ (၂၀၀၃ )အရ


ယခု hydrochloric acidဟိုက်ဒရိုကလိုရစ်အက်ဆစ်အက်စက်ကို တားမြစ် ဓါတုဆေးအဖြစ်သတ်မှတ်ပြီး ရောင်းဝယ်ခြင်း ထုတ်လုပ်ခြင်း သယ်ဆောင်ခြင်းမပြုရ တားမြစ်ထားခဲ့တာဖြစ်ပါတယ်။


SAW