အျခားအမ်ိဳးသမီးရဲ႕ ႏုိ႔သီးေခါင္းကို ျပတ္ထြက္သည္အထိ ကိုက္ျဖတ္ခဲ့တဲ့ အမ်ိဳသမီးရဲ႕လုပ္ရပ္

2019-09-19 12:12:20


အျခားအမ်ိဳးသမီးရဲ႕ ႏုိ႔သီးေခါင္းကို ျပတ္ထြက္သည္အထိ ကိုက္ျဖတ္ခဲ့တဲ့ အမ်ိဳသမီးရဲ႕လုပ္ရပ္

ႏုိက္ကလပ္ရန္ပြဲတစ္ခုမွာ အမ်ိဳးသမီးတစ္ေယာက္ဟာ အျခားအမ်ိဳးသမီးတစ္ေယာက္ရဲ႕ ႏုိ႔သီးေခါင္းကို ျပတ္ထြက္သည္အထိ ကုိက္ျဖတ္ခဲ့ေၾကာင္း DailyStar သတင္းစာက ေဖာ္ျပခဲ့ပါတယ္။ ဒီသတင္းကို ApannPyay ပရိသတ္အႀကီးအတြက္ ဘာသာျပန္ တင္ဆက္ေပးလုိက္ပါတယ္။


တရားခံအမ်ိဳးသမီးဟာ အသက္(၂၁)ႏွစ္ျဖစ္ၿပီး၊ အိမ္ေထာင္သည္ ကေလးမိခင္တစ္ေယာက္ျဖစ္ပါတယ္။ နာမည္ကေတာ့ Shannon Balshaw လုိ႔ သိရပါတယ္။ သူနဲ႔ ရန္ျဖစ္သူအမ်ိဳးသမီးဟာ ႏုိက္ကလပ္ရဲ႕ အိမ္သာခန္းမမွာ အခ်င္းမ်ားရန္ျဖစ္ခဲ့ၾကတာပါ။


ႏုိ႔သီးကို ကိုက္ျဖတ္ခံခဲ့ရတဲ့ အမ်ိဳးသမီးဟာ အေရးေပၚခြဲစိတ္ဖုိ႔အထိ လုိအပ္ခဲ့ၿပီး၊ ရဲက ဖမ္းဆီးစစ္ေဆးခ်ိန္မွာ Shannon က ” စိတ္မေကာင္းဘူး … ဒီေလာက္ပဲ ေျပာႏုိင္တယ္ “လုိ႔ ေျပာခဲ့ပါတယ္။ Shannon ဟာ Preston မွာေနထုိင္သူျဖစ္ၿပီး-




တစ္စုံတစ္ေယာက္ကို ကိုယ္အဂၤါခ်ိဳ႕ယြင္းေအာင္ တုိက္ခုိက္မႈအတြက္ အမႈဖြင့္စစ္ေဆးခံေနရပါတယ္။ သူမရဲ႕အမႈကို  Preston Magistrates’ Court မွာ စစ္ေဆးေနပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ ေမလ (၁၂)ရက္တုန္းက ခုိက္ရန္ျဖစ္ပြားခဲ့ၾကတာပါ။ ေနာက္ထပ္စစ္ေဆးမႈကို ေအာက္တုိဘာ (၂၁)မွာ ျပဳလုပ္မယ္လုိ႔ သိရပါတယ္။


နတ္သူႀကီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


နိုက်ကလပ်ရန်ပွဲတစ်ခုမှာ အမျိုးသမီးတစ်ယောက်ဟာ အခြားအမျိုးသမီးတစ်ယောက်ရဲ့ နို့သီးခေါင်းကို ပြတ်ထွက်သည်အထိ ကိုက်ဖြတ်ခဲ့ကြောင်း DailyStar သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဒီသတင်းကို ApannPyay ပရိသတ်အကြီးအတွက် ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။




တရားခံအမျိုးသမီးဟာ အသက်(၂၁)နှစ်ဖြစ်ပြီး၊ အိမ်ထောင်သည် ကလေးမိခင်တစ်ယောက်ဖြစ်ပါတယ်။ နာမည်ကတော့ Shannon Balshaw လို့ သိရပါတယ်။ သူနဲ့ ရန်ဖြစ်သူအမျိုးသမီးဟာ နိုက်ကလပ်ရဲ့ အိမ်သာခန်းမမှာ အချင်းများရန်ဖြစ်ခဲ့ကြတာပါ။


နို့သီးကို ကိုက်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးဟာ အရေးပေါ်ခွဲစိတ်ဖို့အထိ လိုအပ်ခဲ့ပြီး၊ ရဲက ဖမ်းဆီးစစ်ဆေးချိန်မှာ Shannon က ” စိတ်မကောင်းဘူး … ဒီလောက်ပဲ ပြောနိုင်တယ် “လို့ ပြောခဲ့ပါတယ်။ Shannon ဟာ Preston မှာနေထိုင်သူဖြစ်ပြီး-


တစ်စုံတစ်ယောက်ကို ကိုယ်အင်္ဂါချို့ယွင်းအောင် တိုက်ခိုက်မှုအတွက် အမှုဖွင့်စစ်ဆေးခံနေရပါတယ်။ သူမရဲ့အမှုကို  Preston Magistrates’ Court မှာ စစ်ဆေးနေပါတယ်။ သူတို့နှစ်ယောက်ဟာ မေလ (၁၂)ရက်တုန်းက ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။ နောက်ထပ်စစ်ဆေးမှုကို အောက်တိုဘာ (၂၁)မှာ ပြုလုပ်မယ်လို့ သိရပါတယ်။


နတ်သူကြီး