မြစ်ထဲမှာရေကူးရာကနေ ဦးနှောက်စားကပ်ပါးကောင်တွယ်ခဲ့လို့ သေဆုံးခဲ့တဲ့ သမီးလေး

2019-09-19 12:14:01


မြစ်ထဲမှာရေကူးရာကနေ ဦးနှောက်စားကပ်ပါးကောင်တွယ်ခဲ့လို့ သေဆုံးခဲ့တဲ့ သမီးလေး

အမေရိကန်နိုင်ငံ၊ တက္ကဆက်မှာ ဖြစ်ပွားခဲ့တဲ့ (၁၀)နှစ်သမီးအရွယ်လေး တစ်ဦးရဲ့ စကားမပြောနိုင်၊ မဆိုနိုင်ဘဲ သေဆုံးခဲ့မှုဟာ ဦးနှောက်စားကပ်ပါးကောင်တစ်မျိုး၊ ဦးနှောက်ထဲဝင်ရောက်ခဲ့ရာကနေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဖော်ပြချက်အပြည့်အစုံပါတဲ့ အကြောင်းအရာတစ်ခုကို PEOPLE မဂ္ဂဇင်းက ဖော်ပြလိုက်ပါတယ်။


အသက် (၁၀)နှစ်အရွယ် Lily Avant ဆိုတဲ့ ကောင်မလေးဟာ အမေရိကန်နိုင်ငံ၊ တက္ကဆက်က Whitney မှာ နေထိုင်ပါတယ်။ တစ်ရက်မှာ သူမရဲ့ နေအိမ်အနီးမှာရှိတဲ့ မြစ်အနားမှာ ရေကူးချင်တဲ့အပေါ် ဆင်းကူးခဲ့ပါတယ်။ ဆင်းကူးခဲ့တဲ့ မြစ်ကို Brazos မြစ်လို့ ဖော်ပြထားတာတွေ့ရပြီး၊ မြစ်တစ်ခုတည်းမှာတင်မဟုတ်ဘဲ Whitney ဆိုတဲ့ အိမ်နားက ကန်မှာပါ ကူးခဲ့တယ်လို့ ဆိုပါတယ်။


စက်တင်ဘာလ (၈)ရက်နေ့ ကူးပြီးပြန်အလာမှာ သူမဟာ ခေါင်းအရမ်းကိုက်နေပြီး၊ ဖျားချင်သလို ဖြစ်နေတယ်လို့ မိဘတွေကို အသိပေးခဲ့တာတယ်လို့ ဖော်ပြထားတာကို Apannpyay အနေနဲ့ တွေ့ရပါတယ်။ နောက်တော့ မြို့က ဒေသခံဆေးခန်းကို သွားခဲ့ချိန် လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဆေးရုံကနေ Fort Worth မှာရှိတဲ့ ကလေးဆေးရုံကြီးကို လွှဲပြောင်းပေးခဲ့ပါတယ်။




ဦးနှောက်က သေနေပြီဖြစ်သလို မျက်လုံး၊ ပါးစပ် တွေဟာ ဖွင့်နိုင်ပေမဲ့ ဘာလှုပ်ရှားမှုမှ မရှိတော့ဘဲ တစ်ပတ်တိတိ အကြာမှာ သေဆုံးခဲ့ပါတယ်။ ဆရာဝန်တွေကနောက်တော့ အခုလို ဖြစ်ရတာဟာ ဦးနှောက်ကို စားတဲ့ ကပ်ပါးကောင်တွယ်ခဲ့တာလို့ ဆိုပါတယ်။ သူ့ရဲ့ပုံစံက အစပိုင်းမှာ ကိုမာဖြစ်သလို ဦးနှောက်က အလုပမ်လုပ်တာကနေ အဖျားအရင်ဝင်လာတာပါ။




နောက်တော့ ဘာမှကို မပြောနိုင်မဆိုနိုင်ဖြစ်ကာ ဦးနှောက်က အရင်သေဖို့ အစပြုလာပြီးတဲ့နောက် အသက်ဆုံးရှုံးရတာပါ။ ရေကူးပြီးပြန်လာချိန်မှာ ဖြစ်တဲ့အတွက် ရောဂါပိုးနာမည်ကို အတည်ပြုနိုင်ခဲ့ပါတယ်။ Naegleria fowleri လို့ ခေါ်တဲ့ ဘတ်တီးရီးယားပို၊ ဦးနှောက်ကိုဝင်ပြီး၊ စားသောက်တဲ့ကပ်ပါးကောင်ပါ။ ကံဆိုးခဲ့တယ်လို့ ဆိုရမှာပါပဲ။


သူရေး (APANNPYAY)