ဇနီးကို သတ္ၿပီးေနာက္၊ သမီးႏွစ္ေယာက္ကုိ ကစားရေအာင္လိမ္ေခၚၿပီး သတ္ပစ္ခဲ့တဲ့ဖခင္

2019-09-19 12:14:52


ဇနီးကို သတ္ၿပီးေနာက္၊ သမီးႏွစ္ေယာက္ကုိ ကစားရေအာင္လိမ္ေခၚၿပီး သတ္ပစ္ခဲ့တဲ့ဖခင္

အိမ္ေထာင္သည္ ဖခင္တစ္ဦးဟာ ဇနီးျဖစ္သူကို တူနဲ႔ထုသတ္ၿပီးေနာက္၊ သမီးႏွစ္ေယာက္ကုိလည္း ကစားရေအာင္လုိ႔ လိမ္လည္ေခၚၿပီး သတ္ပစ္ခဲ့တယ္လုိ႔ The Sun သတင္းက ေဖာ္ျပထားပါတယ္။ ဒီသတင္းကို ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္ေပးလုိက္ပါတယ္။


တရားခံဖခင္ကိုေတာ့ ၿပီးခဲ့တဲ့ တနလၤာက ေထာင္ဒဏ္တစ္သက္ စီရင္ခဲ့ၿပီး၊ သူကေတာ့ အယူခံဆက္ဝင္ဦးမယ္လုိ႔ ဆုိပါတယ္။ တရားခံအမည္မွာ Jacob Forman ျဖစ္ၿပီး အသက္(၃၅)ပါ။ သူတုိ႔မိသားစုဟာ ကေနဒါႏုိင္ငံ၊ British Columbia မွာေနထုိင္ၾကပါတယ္။



ဇနီးအမည္ကေတာ့ Clara ျဖစ္ၿပီး အသက္(၃၃)ႏွစ္ပါ။ သမီးေတြကေတာ့ အသက္(၇)ႏွစ္နဲ႔(၉)ႏွစ္သာ ရွိေသးၿပီး Karina နဲ႔ Yesenia လုိ႔ အမည္ရပါတယ္။ သူဟာ သမီးေတြအိမ္ျပန္မေရာက္ခင္မွာ ဇနီးကို တူနဲ႔ထုသတ္ခဲ့တာျဖစ္ၿပီး၊ သမီးတစ္ဦးကိုေတာ့ ကစားရေအာင္ေခၚၿပီး ေရခ်ိဳးခန္းထဲမွာ လည္ပင္းညႇစ္သတ္ခဲ့တာပါ။




အျခားသမီးတစ္ဦးကုိေတာ့ ဧည့္ခန္းမွာ လည္ပင္းကို ညွစ္သတ္ခဲ့တာလုိ႔ သိရပါတယ္။ ဒီကိစၥကို ရက္သတၱပတ္ၾကာသည္အထိ ဘယ္သူမွ မသိၾကပါဘူး။ Clara ရဲ႕သူငယ္ခ်င္းက သူမ အလုပ္ကို မလာတာ ၾကာေနၿပီမုိ႔ ဆက္သြယ္ၾကည့္ရာ၊ မသကၤာဖြယ္ရာ ေတြ႕ရွိခဲ့ရၿပီး၊ ရဲကုိ အေၾကာင္းၾကားခဲ့ပါတယ္။




သူဟာ လူသတ္မႈ ဘာေၾကာင့္က်ဴးလြန္တယ္ဆုိတာ ရွင္းရွင္းလင္းလင္း မေျပာေသာ္လည္း၊ ကေလးေတြကိုေတာ့ မိခင္နဲ႔အတူ နတ္ျပည္ကုိ သြားေစခ်င္လုိ႔ုျဖစ္ေၾကာင္း ဆုိပါတယ္။ ဒါေပမယ့္ သူရဲ႕ လူသတ္မႈဟာ ရက္စက္လြန္းတဲ့အတြက္ ေထာင္ဒဏ္တစ္သက္ စီရင္ခဲ့တာပါ။


နတ္သူႀကီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အိမ်ထောင်သည် ဖခင်တစ်ဦးဟာ ဇနီးဖြစ်သူကို တူနဲ့ထုသတ်ပြီးနောက်၊ သမီးနှစ်ယောက်ကိုလည်း ကစားရအောင်လို့ လိမ်လည်ခေါ်ပြီး သတ်ပစ်ခဲ့တယ်လို့ The Sun သတင်းက ဖော်ပြထားပါတယ်။ ဒီသတင်းကို ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်ပေးလိုက်ပါတယ်။


တရားခံဖခင်ကိုတော့ ပြီးခဲ့တဲ့ တနင်္လာက ထောင်ဒဏ်တစ်သက် စီရင်ခဲ့ပြီး၊ သူကတော့ အယူခံဆက်ဝင်ဦးမယ်လို့ ဆိုပါတယ်။ တရားခံအမည်မှာ Jacob Forman ဖြစ်ပြီး အသက်(၃၅)ပါ။ သူတို့မိသားစုဟာ ကနေဒါနိုင်ငံ၊ British Columbia မှာနေထိုင်ကြပါတယ်။


ဇနီးအမည်ကတော့ Clara ဖြစ်ပြီး အသက်(၃၃)နှစ်ပါ။ သမီးတွေကတော့ အသက်(၇)နှစ်နဲ့(၉)နှစ်သာ ရှိသေးပြီး Karina နဲ့ Yesenia လို့ အမည်ရပါတယ်။ သူဟာ သမီးတွေအိမ်ပြန်မရောက်ခင်မှာ ဇနီးကို တူနဲ့ထုသတ်ခဲ့တာဖြစ်ပြီး၊ သမီးတစ်ဦးကိုတော့ ကစားရအောင်ခေါ်ပြီး ရေချိုးခန်းထဲမှာ လည်ပင်းညှစ်သတ်ခဲ့တာပါ။


အခြားသမီးတစ်ဦးကိုတော့ ဧည့်ခန်းမှာ လည်ပင်းကို ညှစ်သတ်ခဲ့တာလို့ သိရပါတယ်။ ဒီကိစ္စကို ရက်သတ္တပတ်ကြာသည်အထိ ဘယ်သူမှ မသိကြပါဘူး။ Clara ရဲ့သူငယ်ချင်းက သူမ အလုပ်ကို မလာတာ ကြာနေပြီမို့ ဆက်သွယ်ကြည့်ရာ၊ မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့ရပြီး၊ ရဲကို အကြောင်းကြားခဲ့ပါတယ်။


သူဟာ လူသတ်မှု ဘာကြောင့်ကျူးလွန်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မပြောသော်လည်း၊ ကလေးတွေကိုတော့ မိခင်နဲ့အတူ နတ်ပြည်ကို သွားစေချင်လို့ုဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် သူရဲ့ လူသတ်မှုဟာ ရက်စက်လွန်းတဲ့အတွက် ထောင်ဒဏ်တစ်သက် စီရင်ခဲ့တာပါ။


နတ်သူကြီး