ေမာင္ႏွမ သံေယာဇဥ္ကုိ ရင့္နင့္ဖြယ္ မီးေမာင္းထုိးျပေနတဲ့ ဓာတ္ပုံေလးရဲ႕ေနာက္ကြယ္

2019-09-19 13:32:38


ေမာင္ႏွမ သံေယာဇဥ္ကုိ ရင့္နင့္ဖြယ္ မီးေမာင္းထုိးျပေနတဲ့ ဓာတ္ပုံေလးရဲ႕ေနာက္ကြယ္

gၿပီးခဲ့တဲ့ စက္တင္ဘာ (၃)ရက္ေလာက္ကတည္းက လူမႈကြန္ရက္ေတြေပၚမွာ နာမည္ႀကီးခဲ့တဲ့ ဓာတ္ပုံေလးေတြမွာေတာ့ (၄)ႏွစ္အရြယ္ ကေလးမေလးက သူမရဲ႕ ေမာင္ေလးကို ေစာင့္ေရွာက္ေနတဲ့ပုံေလးေတြ ျဖစ္ပါတယ္။ (၃)ႏွစ္အရြယ္ ေမာင္ေလးမွာ ေသြးကင္ဆာကုိ ခံစားေနရပါတယ္။


သူတုိ႔တစ္ေတြမွာ မိဘေတြ ရွိလင့္ကစား၊ အစ္မတစ္ေယာက္ရဲ႕ ေမတၱာဟာ မိခင္ဖခင္ေတြနဲ႔မျခား၊ သူ႕ေမာင္ေလးကို ဘယ္ေလာက္ သနားေနသလဲဆုိတာ ေပၚလြင္ေစခဲ့ပါတယ္။ ဒီဓာတ္ပုံေလးေတြကို မိခင္ကုိယ္တုိင္ ႐ုိက္ယူထားပါတယ္။ ကေလးမေလးနာမည္ကေတာ့ Aubrey ျဖစ္ၿပီး၊ ေမာင္ေလးကေတာ့ Beckett ပါ။




သူတုိ႔ ေမာင္ႏွမႏွစ္ေယာက္ဟာ (၁၅)လျခားၿပီး ေမြးခဲ့တာျဖစ္ၿပီး၊ တစ္ျခား ေမာင္ႏွမေတြလုိပဲ အတူတူကစား အတူတူႀကီးျပင္းခဲ့ရာကေန သံေယာဇဥ္က အသက္ငယ္ငယ္ေလးေပမယ့္ အလြန္ခုိင္မာခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။ သားျဖစ္သူ Beckett မွာ လူေကးမီးယား စျဖစ္ေတာ့-


မိသားစုဝင္ေတြ အကုန္လုံး တုန္လႈပ္ခဲ့ၾကေပမယ့္ သမီးျဖစ္သူ Aubrey ကေတာ့ မတုန္လႈပ္ဘဲ၊ သူမရဲ႕ေမာင္ေလးကို သူမကိုယ္တုိင္ ေစာင့္ေရွာက္မယ္လုိ႔ ဆုိပါတယ္။ ေမာင္ေလးက အငယ္လည္းျဖစ္လုိ႔ ဆုိးေပမယ့္ သူမရဲ႕ေမာင္ေလးကို ဘယ္ေတာ့မွ စိတ္မပ်က္ခဲ့ပါဘူးတဲ့။




Aubrey ဟာ သူမရဲ႕ေမာင္ေလးကို အေကာင္းဆုံး သူငယ္ခ်င္းအျဖစ္လုိ႔လည္း သတ္မွတ္ထားသလုိ၊ ေရာဂါျဖစ္ေနတဲ့ ေမာင္ေလး စိတ္ဓာတ္မက်ဖုိ႔ အမ်ိဳးမ်ိဳးေသာ ရယ္စရာဟာသေတြနဲ႔ အၿမဲလုိလုိ ေပ်ာ္ေအာင္ထားပါသတဲ့။ သားျဖစ္သူအတြက္ ေဆးဖုိးဝါးခကုိလည္း သူငယ္ခ်င္းမိတ္ေဆြေတြက တက္ႏုိင္သေလာက္ လွဴေနပါတယ္။


လင္းသူရိန္


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ပြီးခဲ့တဲ့ စက်တင်ဘာ (၃)ရက်လောက်ကတည်းက လူမှုကွန်ရက်တွေပေါ်မှာ နာမည်ကြီးခဲ့တဲ့ ဓာတ်ပုံလေးတွေမှာတော့ (၄)နှစ်အရွယ် ကလေးမလေးက သူမရဲ့ မောင်လေးကို စောင့်ရှောက်နေတဲ့ပုံလေးတွေ ဖြစ်ပါတယ်။ (၃)နှစ်အရွယ် မောင်လေးမှာ သွေးကင်ဆာကို ခံစားနေရပါတယ်။


သူတို့တစ်တွေမှာ မိဘတွေ ရှိလင့်ကစား၊ အစ်မတစ်ယောက်ရဲ့ မေတ္တာဟာ မိခင်ဖခင်တွေနဲ့မခြား၊ သူ့မောင်လေးကို ဘယ်လောက် သနားနေသလဲဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။ ဒီဓာတ်ပုံလေးတွေကို မိခင်ကိုယ်တိုင် ရိုက်ယူထားပါတယ်။ ကလေးမလေးနာမည်ကတော့ Aubrey ဖြစ်ပြီး၊ မောင်လေးကတော့ Beckett ပါ။


သူတို့ မောင်နှမနှစ်ယောက်ဟာ (၁၅)လခြားပြီး မွေးခဲ့တာဖြစ်ပြီး၊ တစ်ခြား မောင်နှမတွေလိုပဲ အတူတူကစား အတူတူကြီးပြင်းခဲ့ရာကနေ သံယောဇဉ်က အသက်ငယ်ငယ်လေးပေမယ့် အလွန်ခိုင်မာခဲ့ကြတယ်လို့ ဆိုပါတယ်။ သားဖြစ်သူ Beckett မှာ လူကေးမီးယား စဖြစ်တော့-


မိသားစုဝင်တွေ အကုန်လုံး တုန်လှုပ်ခဲ့ကြပေမယ့် သမီးဖြစ်သူ Aubrey ကတော့ မတုန်လှုပ်ဘဲ၊ သူမရဲ့မောင်လေးကို သူမကိုယ်တိုင် စောင့်ရှောက်မယ်လို့ ဆိုပါတယ်။ မောင်လေးက အငယ်လည်းဖြစ်လို့ ဆိုးပေမယ့် သူမရဲ့မောင်လေးကို ဘယ်တော့မှ စိတ်မပျက်ခဲ့ပါဘူးတဲ့။


Aubrey ဟာ သူမရဲ့မောင်လေးကို အကောင်းဆုံး သူငယ်ချင်းအဖြစ်လို့လည်း သတ်မှတ်ထားသလို၊ ရောဂါဖြစ်နေတဲ့ မောင်လေး စိတ်ဓာတ်မကျဖို့ အမျိုးမျိုးသော ရယ်စရာဟာသတွေနဲ့ အမြဲလိုလို ပျော်အောင်ထားပါသတဲ့။ သားဖြစ်သူအတွက် ဆေးဖိုးဝါးခကိုလည်း သူငယ်ချင်းမိတ်ဆွေတွေက တက်နိုင်သလောက် လှူနေပါတယ်။


လင်းသူရိန်