ေထာင္​၁၀နွစ္​အထိက်ခံရမည္​့ပုဒ္​မ၃၀၇ျဖင္​့ အမႈဖြင္​့အေရးယူခံရသည္​့သဃန္​းကြၽန္​းမွာေနတဲ့ သရုပ္​ေဆာင္​လင္​းလက္​ဟိန္​း၏ျဖစ္​ရပ္​မွန္​သတင္​းက ဒီလုိပါ

2019-09-19 13:54:43


ေထာင္​၁၀နွစ္​အထိက်ခံရမည္​့ပုဒ္​မ၃၀၇ျဖင္​့ အမႈဖြင္​့အေရးယူခံရသည္​့သဃန္​းကြၽန္​းမွာေနတဲ့ သရုပ္​ေဆာင္​လင္​းလက္​ဟိန္​း၏ျဖစ္​ရပ္​မွန္​သတင္​းက ဒီလုိပါ

၁၉.၉.၂၀၁၉ ရက္ေန႕ နံနက္(၅၃၀)အခ်ိန္ခန႔္တြင္ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မႉး႐ုံး(၁၉၉)သတင္းဌာနမွသဃၤန္းကြၽန္းၿမိဳ႕နယ္၊ ဆယ္သိန္းရပ္ကြက္၊ရတနာပုံလမ္း၊တိုက္(၉)ေရွ႕တြင္ လူတစ္ဦးဓါးကိုင္ရမ္းကားမူးယစ္ေသာင္းက်န္းေနေၾကာင္း သတင္းအရ သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္း ဒုရဲမႉးတင္ဦး၏တာဝန္ေပးခ်က္အရ(၁၉၉)သတင္းအတည္ျပဳစုံစမ္းဖမ္းဆီးရန္ အတြက္ နယ္ထိန္းရဲတပ္ၾကပ္ ေတဇာဝင္းရဲတပ္သားေက်ာ္ထက္လင္းရဲတပ္သားေက်ာ္စြာလင္းတို႔အဖြဲ႕သည္ ဆယ္သိန္းရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဇာ္ဦး၊ ရာအိမ္မႉးဦးသိန္းဝင္းအဖြဲ႕တို႔ႏွင့္အတူ သြားေရာက္ထိန္းသိမ္းဖမ္းဆီးရာဓါးကိုင္ရမ္းကားမူးယစ္ ေသာင္းက်န္းေနသူအား




၄င္းရပ္ကြက္ ရတနာပုံလမ္းမေပၚတြင္၄င္း၏ယာဘက္လက္ထဲ၌ အရွည္(၃)ေပခန႔္ ဗ်က္(၁)လက္မခန႔္ဟင္ဂဟန္သံျပား(၁)ေခ်ာင္းအားလည္းေကာင္းဝဲဘက္လက္ထဲတြင္လက္ကိုင္အစိမ္းေရာင္ကြင္းပါအရွည္(၈)လက္မခန႔္ရွိကပ္ေၾကးအားလည္းေကာင္း ကိုင္ေဆာင္ထားသည္ကိုေတြ႕ရွိရသျဖင့္ ကိုင္ေဆာင္ထားေသာလက္နက္မ်ားအား ေအာက္သို႔ ခ်၍ အသာတၾကည္ အဖမ္းခံရန္ နယ္ထိန္း ရဲတပ္ၾကပ္ ေတဇာဝင္းအဖြဲ႕ႏွင့္ဆယ္သိန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဇာ္ဦး အဖြဲ႕တို႔မွ အႀကိမ္ႀကိမ္ေျပာဆို ေသာ္လည္း၄င္းမွလက္မခံဘဲလက္ထဲတြင္အသင့္ကိုင္ေဆာင္ထားသည့္ သံေခ်ာင္းျဖင့္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဇာ္ဦးအား




ရိုက္ႏွက္ခဲ့ရာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးဝင္းေဇာ္ဦးတြင္ဝဲဘက္လက္ေကာက္ဝတ္အနီး ပြန္းပဲဒဏ္ရာရရွိခဲ့ၿပီး ထပ္မံ၍ ရဲတပ္ၾကပ္ ေတဇာဝင္းအား ကတ္ေၾကးျဖင့္ ေျပးထိုးစဥ္ ရဲတပ္သား ေက်ာ္ထက္လင္းမွအသင့္ကိုင္ေဆာင္ထားေသာ၁၂ဗို႔ပန္အက္ရွင္ ေသနတ္ျဖင့္ ၄င္း၏ေအာက္ပိုင္းအား (၁)ခ်က္ပစ္ခတ္ဖမ္းဆီးခဲ့ရာတရားခံမွာယာဘက္ေပါင္ရင္းတြင္ ေပါက္ၿပဲဒဏ္ရာ (၃)ခ်က္ ထိမွန္ၿပီးလဲက်စဥ္လုံးေထြးဖမ္းဆီးရမိခဲ့ၿပီး စစ္ေဆးေမးျမန္းရာ၄င္းမွာလင္လတ္ဟိန္း(ခ)သန္းထိုက္ဦး(၃၆)ႏွစ္(ဘ)ဦးလွိုင္ျမင့္အႏွပညာသ႐ုပ္ေဆာင္၊ သဃၤန္းကြၽန္းၿမိဳ႕နယ္ေနသူျဖစ္ေၾကာင္း သိရွိရပါသည္​။


ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ သ႐ုပ္ေဆာင္လင္းလက္ဟိန္း(ခ)သန္းထိုက္ဦး၊ (၃၆)ႏွစ္ (သဃၤန္းကြၽန္းၿမိဳ႕နယ္၊ ရတာနာပုံလမ္း၊ ဆယ္သိန္းရပ္ကြက္ေနသူ)ကိုသဃၤန္းကြၽန္းၿမိဳ႕မရဲစခန္း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၇ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။ပုဒ္မ-၃၀၇ ဆိုသည္မွာျပဳလုပ္မႈတစ္ခုခုကို ျပဳရာတြင္ ေသျခင္းကိုျဖစ္ေစခဲ့ေသာ္(သို႔)လူသတ္မႈေျမာက္ႏိုင္မည့္ ႀကံရြယ္ခ်က္ျဖင့္လည္းေကာင္း၊ ထိုကဲ့သို႔ေသာ(ျပဳလုပ္မႈတခုခုကို ျပဳရာတြင္ ေသျခင္းကိုျဖစ္ေစခဲ့ေသာ္ လူသတ္မႈေျမာက္ႏိုင္မည့္) ပတ္ဝန္းက်င္ေၾကာင္းျခင္းရာျဖင့္လည္းေကာင္း၊မည္သူမဆို၊ ျပဳလုပ္မႈတစ္ခုခုကိုျပဳလွ်င္၊ ထိုသူကို (၁၀)ႏွစ္ထိ ေထာင္ဒဏ္တမ်ိဳးမ်ိဳး ခ်မွတ္ရမည့္ျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္ဟု ျပဌန္​းထားပါေၾကာင္​းသိရပါသည္​။




NEWS REPORT-ပီတာနွင္​့အဖြဲ႕(SH သတင္​းဌာန) သဃန္​းကြၽန္​းျမဳိ႕နယ္​ရုံး EDIT————U U THET(SHသတင္​းဌာန)”ရႈေထာင္​့”မႈခင္​းနွင္​့သတင္​းစုံဂ်ာနယ္​ … အမွန္​တရား သတင္​းဂ်ာနယ္


Unicode


၁၉.၉.၂၀၁၉ ရက်နေ့ နံနက်(၅၃၀)အချိန်ခန့်တွင်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး(၁၉၉)သတင်းဌာနမှသင်္ဃန်းကျွန်းမြို့နယ်၊ ဆယ်သိန်းရပ်ကွက်၊ရတနာပုံလမ်း၊တိုက်(၉)ရှေ့တွင် လူတစ်ဦးဓါးကိုင်ရမ်းကားမူးယစ်သောင်းကျန်းနေကြောင်း သတင်းအရ သင်္ဃန်းကျွန်းမြို့မရဲစခန်း ဒုရဲမှူးတင်ဦး၏တာဝန်ပေးချက်အရ(၁၉၉)သတင်းအတည်ပြုစုံစမ်းဖမ်းဆီးရန် အတွက် နယ်ထိန်းရဲတပ်ကြပ် တေဇာဝင်းရဲတပ်သားကျော်ထက်လင်းရဲတပ်သားကျော်စွာလင်းတို့အဖွဲ့သည် ဆယ်သိန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦး၊ ရာအိမ်မှူးဦးသိန်းဝင်းအဖွဲ့တို့နှင့်အတူ သွားရောက်ထိန်းသိမ်းဖမ်းဆီးရာဓါးကိုင်ရမ်းကားမူးယစ် သောင်းကျန်းနေသူအား


၎င်းရပ်ကွက် ရတနာပုံလမ်းမပေါ်တွင်၎င်း၏ယာဘက်လက်ထဲ၌ အရှည်(၃)ပေခန့် ဗျက်(၁)လက်မခန့်ဟင်ဂဟန်သံပြား(၁)ချောင်းအားလည်းကောင်းဝဲဘက်လက်ထဲတွင်လက်ကိုင်အစိမ်းရောင်ကွင်းပါအရှည်(၈)လက်မခန့်ရှိကပ်ကြေးအားလည်းကောင်း ကိုင်ဆောင်ထားသည်ကိုတွေ့ရှိရသဖြင့် ကိုင်ဆောင်ထားသောလက်နက်များအား အောက်သို့ ချ၍ အသာတကြည် အဖမ်းခံရန် နယ်ထိန်း ရဲတပ်ကြပ် တေဇာဝင်းအဖွဲ့နှင့်ဆယ်သိန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦး အဖွဲ့တို့မှ အကြိမ်ကြိမ်ပြောဆို သော်လည်း၎င်းမှလက်မခံဘဲလက်ထဲတွင်အသင့်ကိုင်ဆောင်ထားသည့် သံချောင်းဖြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးအား


ရိုက်နှက်ခဲ့ရာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးတွင်ဝဲဘက်လက်ကောက်ဝတ်အနီး ပွန်းပဲဒဏ်ရာရရှိခဲ့ပြီး ထပ်မံ၍ ရဲတပ်ကြပ် တေဇာဝင်းအား ကတ်ကြေးဖြင့် ပြေးထိုးစဉ် ရဲတပ်သား ကျော်ထက်လင်းမှအသင့်ကိုင်ဆောင်ထားသော၁၂ဗို့ပန်အက်ရှင် သေနတ်ဖြင့် ၎င်း၏အောက်ပိုင်းအား (၁)ချက်ပစ်ခတ်ဖမ်းဆီးခဲ့ရာတရားခံမှာယာဘက်ပေါင်ရင်းတွင် ပေါက်ပြဲဒဏ်ရာ (၃)ချက် ထိမှန်ပြီးလဲကျစဉ်လုံးထွေးဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းရာ၎င်းမှာလင်လတ်ဟိန်း(ခ)သန်းထိုက်ဦး(၃၆)နှစ်(ဘ)ဦးလှိုင်မြင့်အနှပညာသရုပ်ဆောင်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူဖြစ်ကြောင်း သိရှိရပါသည်။


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သရုပ်ဆောင်လင်းလက်ဟိန်း(ခ)သန်းထိုက်ဦး၊ (၃၆)နှစ် (သင်္ဃန်းကျွန်းမြို့နယ်၊ ရတာနာပုံလမ်း၊ ဆယ်သိန်းရပ်ကွက်နေသူ)ကိုသင်္ဃန်းကျွန်းမြို့မရဲစခန်း၌ (ပ)၁၂၈၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ပုဒ်မ-၃၀၇ ဆိုသည်မှာပြုလုပ်မှုတစ်ခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော်(သို့)လူသတ်မှုမြောက်နိုင်မည့် ကြံရွယ်ချက်ဖြင့်လည်းကောင်း၊ ထိုကဲ့သို့သော(ပြုလုပ်မှုတခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော် လူသတ်မှုမြောက်နိုင်မည့်) ပတ်ဝန်းကျင်ကြောင်းခြင်းရာဖြင့်လည်းကောင်း၊မည်သူမဆို၊ ပြုလုပ်မှုတစ်ခုခုကိုပြုလျှင်၊ ထိုသူကို (၁၀)နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဌန်းထားပါကြောင်းသိရပါသည်။


NEWS REPORT-ပီတာနှင့်အဖွဲ့(SH သတင်းဌာန) သဃန်းကျွန်းမြို့နယ်ရုံး EDIT————U U THET(SHသတင်းဌာန)”ရှုထောင့်”မှုခင်းနှင့်သတင်းစုံဂျာနယ် … အမှန်တရား သတင်းဂျာနယ်