အင္ဒုိေတာမီးေလာင္မႈမွာ (၃၂)ေပရွိ စပါးအုံးေျမြႀကီး မီးေလာင္ခံရၿပီး ေသဆုံး

2019-09-19 19:38:19


အင္ဒုိေတာမီးေလာင္မႈမွာ (၃၂)ေပရွိ စပါးအုံးေျမြႀကီး မီးေလာင္ခံရၿပီး ေသဆုံး

မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ အင္ဒုိေတာမီးေလာင္မႈမွာ ေတာ႐ုိင္းသစ္ပင္ေတြ တန္ခ်ိန္ေထာင္နဲ႔ခ်ီ ဆုံး႐ႈံးခဲ့ရသလုိ၊ ေတာ႐ုိင္းတိရစာၦန္ေတြလည္း ေျမာက္မ်ားစြာ အသက္ေသဆုံးခဲ့ရပါတယ္။ အခု WorldOfBuzz မွာ ေဖာ္ျပခဲ့တဲ့ သတင္းဓာတ္ပုံမွာေတာ့ ဧရာမ စပါးအုံးေျမြႀကီးလည္း ေသတဲ့အထဲ ပါဝင္ခဲ့ပါတယ္။


ေျမြႀကီးဟာ အရြယ္အစား အလြန္ႀကီးၿပီး၊ (၁၀)မီတာအထိ အရွည္ရွိပါတယ္။ ေပအားျဖင့္ဆုိရင္ အရွည္(၃၂)ေပအထိ အရွည္ရွိပါတယ္။ ဒီေျမြႀကီးဟာ ေတာမီးေလာင္မႈကေန အျမန္ထြက္ေျပးလႊတ္ေျမာက္ဖုိ႔ ႀကိဳးစားခဲ့ပုံ ရွိပါတယ္။ ဒါေပမယ့္ အရွိန္ျမန္လြန္းတဲ့ ေတာမီးကေန မလြတ္ႏုိင္ခဲ့ပါဘူး။




သတင္းမွာေတာ့ ေဒသခံေတြဟာ ဒီေလာက္ ဧရာမအရွည္ရွိတဲ့ ေျမြႀကီးကို အန္နာကြန္ဒါေျမြႀကီးလုိ႔ အထင္ရွိခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ သက္ဆုိင္ရာက စပါးအုံးေျမြပါလုိ႔ အတည္ျပဳခဲ့ၿပီး၊ ေတာထဲမွာေတြ႕ရသေလာက္ ေျမြေတြထဲမွာ အရွည္ေပအမ်ားဆုံးလုိ႔ ဆုိၾကပါတယ္။




ေျမြႀကီးတစ္ေကာင္လုံးဟာ မီးေလာင္မႈကို ဆုိးဆုိးရြားရြား ခံထားရတာေၾကာင့္ တစ္ကုိယ္လုံး မည္းနက္ေနပါတယ္။ ေျမြႀကီးဟာ ပါးစပ္ၿပဲလွ်က္ ေသဆုံးေနတာကို ေထာက္ရင္ သူဟာ အေတာ္ေလး ဆုိးရြားတဲ့ ေဝဒနာကို ခံစားခဲ့ရတယ္ဆုိတာ ျမင္သာေစပါတယ္။


ကၽြမ္းက်င္ပညာရွင္ေတြရဲ႕အဆုိအရ ေျမြေတြဟာ သာမန္အားျဖင့္ ပါးစပ္ပိတ္လွ်ပ္ ေသဆုံးၾကတာ ျဖစ္ေပမယ့္၊ သူတုိ႔ အလြန္နာက်င္တဲ့ ေဝဒနာခံစားရၿပီးမွ ေသဆုံးတယ္ဆုိရင္ ပါးစပ္ၿပဲလွ်က္ ေသဆုံးၾကေလ့ရွိတယ္လို႔ သိရပါတယ္။ ဒီယူဆခ်က္က တကယ္ လက္ေတြ႕က်မက် တစ္ျခားပညာရွင္ေတြက အတည္ျပဳမထားပါဘူး။


လူမႈကြန္ရက္ အသုံးျပဳသူတစ္ဦးကလည္း အင္ဒုိေတာမီးေလာင္မႈမွာ စပါးႀကီးေျမြမိသားစုတစ္စု ေသဆုံးခဲ့ရေၾကာင္းကို လူမႈကြန္ရက္မွာ ဗြီဒီယုိဖုိင္ မွ်ေဝခဲ့ပါေသးတယ္။ (အေပၚမွ ဗြီဒီယုိဖုိင္)


လင္းေဇာ္ကို D Nae Khit Media


ယူနီကုဒ်ဖြင့်ဖတ်ရန်-


မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အင်ဒိုတောမီးလောင်မှုမှာ တောရိုင်းသစ်ပင်တွေ တန်ချိန်ထောင်နဲ့ချီ ဆုံးရှုံးခဲ့ရသလို၊ တောရိုင်းတိရစ္ဆာန်တွေလည်း မြောက်များစွာ အသက်သေဆုံးခဲ့ရပါတယ်။ အခု WorldOfBuzz မှာ ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံမှာတော့ ဧရာမ စပါးအုံးမြွေကြီးလည်း သေတဲ့အထဲ ပါဝင်ခဲ့ပါတယ်။


မြွေကြီးဟာ အရွယ်အစား အလွန်ကြီးပြီး၊ (၁၀)မီတာအထိ အရှည်ရှိပါတယ်။ ပေအားဖြင့်ဆိုရင် အရှည်(၃၂)ပေအထိ အရှည်ရှိပါတယ်။ ဒီမြွေကြီးဟာ တောမီးလောင်မှုကနေ အမြန်ထွက်ပြေးလွှတ်မြောက်ဖို့ ကြိုးစားခဲ့ပုံ ရှိပါတယ်။ ဒါပေမယ့် အရှိန်မြန်လွန်းတဲ့ တောမီးကနေ မလွတ်နိုင်ခဲ့ပါဘူး။


သတင်းမှာတော့ ဒေသခံတွေဟာ ဒီလောက် ဧရာမအရှည်ရှိတဲ့ မြွေကြီးကို အန်နာကွန်ဒါမြွေကြီးလို့ အထင်ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက စပါးအုံးမြွေပါလို့ အတည်ပြုခဲ့ပြီး၊ တောထဲမှာတွေ့ရသလောက် မြွေတွေထဲမှာ အရှည်ပေအများဆုံးလို့ ဆိုကြပါတယ်။


မြွေကြီးတစ်ကောင်လုံးဟာ မီးလောင်မှုကို ဆိုးဆိုးရွားရွား ခံထားရတာကြောင့် တစ်ကိုယ်လုံး မည်းနက်နေပါတယ်။ မြွေကြီးဟာ ပါးစပ်ပြဲလျှက် သေဆုံးနေတာကို ထောက်ရင် သူဟာ အတော်လေး ဆိုးရွားတဲ့ ဝေဒနာကို ခံစားခဲ့ရတယ်ဆိုတာ မြင်သာစေပါတယ်။


ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ မြွေတွေဟာ သာမန်အားဖြင့် ပါးစပ်ပိတ်လျှပ် သေဆုံးကြတာ ဖြစ်ပေမယ့်၊ သူတို့ အလွန်နာကျင်တဲ့ ဝေဒနာခံစားရပြီးမှ သေဆုံးတယ်ဆိုရင် ပါးစပ်ပြဲလျှက် သေဆုံးကြလေ့ရှိတယ်လို့ သိရပါတယ်။ ဒီယူဆချက်က တကယ် လက်တွေ့ကျမကျ တစ်ခြားပညာရှင်တွေက အတည်ပြုမထားပါဘူး။


လင်းဇော်ကို D Nae Khit Media