ဖားကန့်မြို့နယ်တွင် ကောင်းကင်မှ ပြုတ်ကျလာသည့်အရာဝတ္တုအား စစ်ဆေးနေ

2019-09-19 19:55:47


ဖားကန့်မြို့နယ်တွင် ကောင်းကင်မှ ပြုတ်ကျလာသည့်အရာဝတ္တုအား စစ်ဆေးနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ လုံးခင်းအုပ်စု၊ မှော်ပုံကျေးရွာအနီးတွင် ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ (၁)နာရီ မိနစ်၂၀ခန့်က ဂြိုဟ်တုအပိုင်းအစဟု ယူဆရသည့် အရာဝတ္ထု ကောင်းကင်ပေါ် ကနေ ပြုတ်ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အဆိုပါ အရာဝတ္ထုမှာ “လုံးပတ် (၇)ပေခန့်၊ အရှည် (၁၆)ပေခန့်ရှိပြီး ၀ါယာကြိုး အပိုင်းအစများပါဝင်ကြောင်း လက်ရှိတွင် ဌာနဆိုင်ရာများမှ လာရောက်ကြည့်ရှုစစ်ဆေးလျှက်ရှိကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်တွင် လူနှင့် တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်း သိရသည်။ယင်းဖြစ်စဉ်မျိုး ၂၀၁၇ ခုနှစ် လုံးခင်းကျေးရွာအုပ်စု မှော်စီစာ ကျေးရွာအနီးတွင်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။