သေခါနီးကောင်လေးတစ်ယောက်ကို မကူညီဘဲ ဓာတ်ပုံပဲဝိုင်းရိုက်နေတဲ့ လူ (၅၀) ကျော်ရှိတဲ့ အုပ်စု

2019-09-19 19:58:17


သေခါနီးကောင်လေးတစ်ယောက်ကို မကူညီဘဲ ဓာတ်ပုံပဲဝိုင်းရိုက်နေတဲ့ လူ (၅၀) ကျော်ရှိတဲ့ အုပ်စု

ဆိုရှယ်မီဒီယာတွေ ခေတ်ထလာချိန်မှာ ဘာနေနေ ရိုက်တင်ဖို့ကိုပဲ ဦးစားပေးတဲ့ လူတွေကြောင့် ကယ်လို့ရတဲ့အသက်တွေ မသေသင့်ဘဲ သေနေပါတယ်။ လူတစ်စုက ကောင်လေးတစ်ယောက်ကို အနိုင်ကျင့်ကြချိန်မှာ ဓားနဲ့အထိုးခံခဲ့ရတာဖြစ်ပြီး၊ ဆေးရုံရောက်ချိန်မှာ သေဆုံးသွားတယ်လို့ Insider သတင်းဌာနရဲ့ ဖော်ပြချက်မှာ ပါရှိခဲ့ပါတယ်။


ဖြစ်ပွားခဲ့တဲ့နေရာက အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့လယ်ခေါင်က လမ်းမထက်မှာပါ။ Apannpyay ရဲ့ တွေ့ရှိချက်မှာ အကြမ်းဖက်ခံရသူ ကောင်လေးရဲ့နာမည်က Khaseen Morris ဖြစ်ပြီး အသက် (၁၆)နှစ်ပဲရှိသေးတယ်လို့ သိရပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားပုံအရ ကောင်လေးကို အရွယ်အစားကြီးတဲ့ လူ (၅)ယောက်လောက်က အနိုင်ကျင့်ခဲ့ပါတယ်။


ထိုးကြိတ်ကျောက်ကန်ခဲ့ကာ လမ်းမထက်မှာ မလှုပ်နိုင်ချိန် အသင့်ပါလာတဲ့ဓာနဲ့ အထိုးခံခဲ့ရပါတယ်။ ရင်ဘတ်နားတစ်ဝိုက်မှာ ထိုးသွင်းဒဏ်ရာ ရခဲ့ချိန်၊ လမ်းပေါ်မှာ တွားသွားသွားနေကာ ကူညီမယ့်သူ တစ်ယောက်ယောက်ကို စောင့်နေခဲ့တာကို ဆိုရှယ်မီဒီယာမှာ ဖော်ပြချက်တွေအရ ပြန်သိရတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့သူ ဘယ်သူကမှ ကူညီဖို့ မကြိုးစားခဲ့ပါဘူး။


ဒဏ်ရာရနေချိန်မှာ ဘေးပတ်ဝန်းကျင်ကနေ ဖုန်းနဲ့ရိုက်နေတဲ့ ရွယ်တူလူငယ် အယောက် (၅၀)လောက်ရှိသလို ကန်ကျောက်ခံရပြီး၊ ဓားထိုးခံရလို့ ထားခဲ့ချိန်မှာလည်း ဆေးရုံပို့ပေးဖို့ကို ဘယ်သူကမှ မလုပ်ခဲ့ပါဘူး။ ဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းက (၉)တန်းက ကောင်မလေးက သူမရဲ့ ရည်စားစောင်းသ၀န်တိုအောင်လို့ အတူတူ လမ်းလျှောက်အိမ်ပြန်ဖို့ အဖော်ခေါ်ခဲ့တာကို တစ်ယောက်တည်းရှိချိန်မှာ အနိုင်ကျင့်ခဲ့တာလို့ ဆိုပါတယ်။


ပါဝင်ခဲ့တဲ့ လူတိုင်းကို ဖမ်းမိဖို့ နယူးယော့ခ်ရဲဌာနအနေနဲ့ အပူးတပြင်းလုပ်ဆောင်နေပြီး၊ အကုန်လုံးကို တရားစွဲနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဆေးရုံကိုရောက်ချိန်မှ သေဆုံးသွားတာဖြစ်လို့ တစ်ယောက်ယောက်ဟာ ဒီကိစ္စကိုဖုန်းဆက်တိုင်ကြားပေးခဲ့တယ်လို့ ယူဆရပါတယ်။



ဒါပေမဲ့ တစ်ယောက်တည်းရှိနေချိန်မှာ အကုန်လုံးဖုန်းထုတ်ရိုက်နေခဲ့တဲ့ လူငယ်(၅၀)လောက်ကိုတော့ ဆိုရှယ်မီဒီယာက လူတွေကပဲ ၀ိုင်းပြီး၊ ပြစ်တင်နေကြပြန်ပါတယ်။


သူရေး (Apannpyay)