ရပ္ထားသည့္ ဝန္ထမ္းႀကိဳပို႔ယာဥ္ကို ဟိုက္ဂ်က္ယာဥ္ဝင္တိုက္ ႏွစ္ဦးေသဆုံး

2019-09-19 20:13:26


ရပ္ထားသည့္ ဝန္ထမ္းႀကိဳပို႔ယာဥ္ကို ဟိုက္ဂ်က္ယာဥ္ဝင္တိုက္ ႏွစ္ဦးေသဆုံး

ပဲခူးတိုင္းေဒသႀကီး ပဲခူးၿမိဳ႕နယ္ အင္းတေကာ္ၿမိဳ႕ ရန္ကုန္-မႏၲေလးလမ္း‌ေဟာင္း မိုင္တိုင္ ၃၆/၁ အနီးတြင္ စက္တင္ဘာလ ၁၈ ရက္ေန႔ ညေန ၄ နာရီခန္႔က ရပ္ထားသည့္ဝန္ထမ္းႀကိဳပို႔ယာဥ္ကို ဟိုက္ယာဥ္ကေနာက္မွတိုက္မိခဲ့ၿပီး အမ်ိဳးသားႏွစ္ဦးေသဆုံးၿပီး ၇ ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း အင္းတေကာ္နယ္ေျမ ရဲစခန္းမွ သိရသည္။


ရန္ကုန္-မႏၲေလး လမ္းေဟာင္းအတိုင္း ပဲခူးဘက္မွရန္ကုန္ဘက္သို႔ ဖိုးသီး (ခ) ေက်ာ္ေဇယ်ာဦး ၄၅ ႏွစ္‌ေမာင္းႏွင္ၿပီး အမ်ိဳးသား အမ်ိဳးသမီးဆယ္ဦးခန္႔ လိုက္ပါလာသည့္ ဟိုက္ဂ်က္ယာဥ္သည္ စက္ပ်က္၍ ယာဥ္ကိုျပဳျပင္ေနသည့္ MITSUBI SHI အမ်ိဳးအစားစက္႐ုံႀကိဳ/ပို႔ယာဥ္ကို ေနာက္က ဝင္တိုက္မိခဲ့ၿပီး ဟိုက္ဂ်က္ယာဥ္ ေပၚလိုက္ပါလာသည့္ အမ်ိဳးသားႏွစ္ဦး ေသဆုံးၿပီး အမ်ိဳးသမီး ခုႏွစ္ေယာက္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ျဖစ္ေၾကာင္း ရဲစခန္း၏ ကနဦး စစ္ေဆးခ်က္အရ သိရသည္။


အမႈႏွင့္ပတ္သက္ၿပီး ဖိုးသီး (ခ) ေက်ာ္ေဇယ်ာဦးကို အင္းတေကာ္နယ္ေျမရဲစခန္းမွယာဥ္ (ပ) ၆၉/၂၀၁၉ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၃၀၄-က/၃၃၈/၃၃၇ ျဖင့္ အမႈဖြင့္လွစ္အေရးယူ ေဆာင္႐ြက္ထားသည္။


Credit: The Voice


Unicode


ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အင်းတကော်မြို့ ရန်ကုန်-မန္တလေးလမ်း‌ဟောင်း မိုင်တိုင် ၃၆/၁ အနီးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်က ရပ်ထားသည့်ဝန်ထမ်းကြိုပို့ယာဉ်ကို ဟိုက်ယာဉ်ကနောက်မှတိုက်မိခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အင်းတကော်နယ်မြေ ရဲစခန်းမှ သိရသည်။


ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း ပဲခူးဘက်မှရန်ကုန်ဘက်သို့ ဖိုးသီး (ခ) ကျော်ဇေယျာဦး ၄၅ နှစ်‌မောင်းနှင်ပြီး အမျိုးသား အမျိုးသမီးဆယ်ဦးခန့် လိုက်ပါလာသည့် ဟိုက်ဂျက်ယာဉ်သည် စက်ပျက်၍ ယာဉ်ကိုပြုပြင်နေသည့် MITSUBI SHI အမျိုးအစားစက်ရုံကြို/ပို့ယာဉ်ကို နောက်က ဝင်တိုက်မိခဲ့ပြီး ဟိုက်ဂျက်ယာဉ် ပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသမီး ခုနှစ်ယောက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ဖြစ်ကြောင်း ရဲစခန်း၏ ကနဦး စစ်ဆေးချက်အရ သိရသည်။


အမှုနှင့်ပတ်သက်ပြီး ဖိုးသီး (ခ) ကျော်ဇေယျာဦးကို အင်းတကော်နယ်မြေရဲစခန်းမှယာဉ် (ပ) ၆၉/၂၀၁၉ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ထားသည်။


Credit: The Voice