ရွှေညောင်မြို့တွင် (၄) နှစ်အရွယ် ကလေးငယ် (၁၃)နှစ်အရွယ် လူငယ်မှ သားမယား နှစ်ကြိမ်ပြုကျင့်

2019-09-19 20:14:16


ရွှေညောင်မြို့တွင် (၄) နှစ်အရွယ် ကလေးငယ် (၁၃)နှစ်အရွယ် လူငယ်မှ သားမယား နှစ်ကြိမ်ပြုကျင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် အသက် ၄နှစ်အရွယ် ကလေးငယ် မိန်းကလေး တစ်ဦး စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း ၇နာရီခွဲက သားမယားပြုကျင့်ခံရကြောင်း သိရသည်။










၂၀၁၇ခုနစ် သက်ငယ်မုဒိမ်းမှု ၇၂မှု ရှိခဲ့ခြင်းကြောင်း၊ သက်ငယ် မုဒိမ်းမှု သေဒဏ်ပေးရန် ၂၀၁၈ခုနှစ် လူထု လက်မှတ် ကောက်ခံခြင်းများရှိခဲ့တယ်။ သက်ငယ်မုဒိမ်းမှု ၂၀၁၇ခုနှစ်ထက်၊ ၂၀၁၈နှင့် ၂၀၁၉ခုနစ်တွင် ပိုမိုမြင့်မားလာကြောင်း တွေ့မြင်ရသည်။




ရွှေညောင်မြို့တွင် အသက် ၄ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ သားမယားပြုကျင့်ခံရ


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် အသက် ၄နှစ်အရွယ် ကလေးငယ် မိန်းကလေး တစ်ဦး စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း ရနာရီခွဲက သားမယားပြုကျင့်ခံရကြောင်း သိရသည်။


ရွှေညောင်မြို့၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ ဟဲကယ်ကျေးရွာတွင် အဖွားဖြစ်သူနေအိမ်သို့ ငိုယိုပြီး ပြန်လာသည့် အသက် ၄ နှစ်အရွယ် ကလေးငယ် (အမျိုးသမီး)အား မေးမြန်းကြည့်ချိန် သားမယားပြုကျင့် ခံရကြောင်း ပြောပြသိရ၍ သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရသည်ဟု ဆိုတယ်။


အသက် ၁၃နှစ်အရွယ် စိုင်းထွန်းအောင်၏ နေအိမ် အောက်ထပ်၌ ဆော့ကစားနေစဉ်၊ ၎င်းမှ နေအိမ်၊ အပေါ်ထပ် အိပ်ခန်းပေါ်သို့ ပွေ့ချီကာ သားမယား ၂ကြိမ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သားမယား ပြုကျင့်သည့် ပြစ်မှုကျူးလွန်သူ စိုင်းထွန်းအောင် ၁၃နှစ်အား ရွှေညောင်နယ်မြေရဲစခန်းမှ (ပ)၁၄၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆၊ သားမယား ပြုကျင့်မှုဖြင့် ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။


၂၀၁ရခုနစ် သက်ငယ်မုဒိမ်းမှု ၇၂မှု ရှိခဲ့ခြင်းကြောင်း၊ သက်ငယ် မုဒိမ်းမှု သေဒဏ်ပေးရန် ၂၀၁၈ခုနှစ် လူထု လက်မှတ် ကောက်ခံခြင်းများရှိခဲ့တယ်။ သက်ငယ်မုဒိမ်းမှု ၂၀၁ရခုနှစ်ထက်၊ ၂၀၁၈နှင့် ၂၀၁၉ခုနစ်တွင် ပိုမိုမြင့်မားလာကြောင်း တွေ့မြင်ရသည်။


သာခိုင်(မုနိမြီ) Real News Distribution Agency #ApannPyay