ကလေးရှေ့မှာမရှောင် မိန်းမကို မုဒိန်းကျင့်ခဲ့တဲ့ ယောကျာ်းဖြစ်သူကို မိန်းမဖြစ်သူက တရားစွဲ
2019-09-19 21:08:49
ကလေးရှေ့မှာမရှောင် မိန်းမကို မုဒိန်းကျင့်ခဲ့တဲ့ ယောကျာ်းဖြစ်သူကို မိန်းမဖြစ်သူက တရားစွဲ
ခရက်ဒစ်
ယူနီကုဒ်ဖြင့် ဖတ်ရန်
အပါတ်စဉ်တိုင်း သူ့ယောကျာ်းရဲ့ ကလေးငါးယောက်ရှေ့မှာ မရှောင်မုဒိမ်းကျင့်တာကိုခံခဲ့ရတယ်ဆိုပြီး တိုင်ချက်ဖွင့်ခဲ့ပါတယ်။
အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးဟာ အသက် ၄၅ နှစ်အရွယ်သူမရဲ့ယောကျာ်းနဲ့ အတူတူနေနေတာပါ။ သူ့ကို အိမ်ထောင်သက် သက်တမ်း ၁၀ နှစ်တစ်လျှာက်လုံး အလိုမတူပဲ အတင်းချစ်တင်းနှောခိုင်းပြီး မုဒိမ်းကျင့်ခဲ့တယ်လို့ပြောပါတယ်။
သူ့ယောကျာ်းဟာ ဝသူဖြစ်ပြီး ပျင်းလည်းပျင်းတာကြောင့် ချစ်တင်းနှောတဲ့အခါ သူမရဲ့ ခေါင်းကို ဆံပင်ဆောင့်ဆွဲပြီး လည်ပင်းနားမှာ သူ့လက်ကိုအတင်းထားထားပါတယ်။ သူဟာ အိမ်တွင်းအကြမ်းဖက်ခံနေရသလိုဖြစ်နေတာပါ။ အခုတော့ သူမဟာ အရဲစွန့်ပြီး တရားရုံးကို တိုင်ကြားခဲ့တာပါ။
ပထမကလေးရတုန်းက ပထမဆုံးအကြိမ် အလိုမတူပဲ ချစ်တင်းနှောခိုင်းတယ်လို့ပြောပါတယ်။ နောက် ဆယ်နှစ်အရွာ်ကလေးလေး အိမ်ထဲမှာ လမ်းလျှောက်သွားတဲ့ အချိန်ပါမရှောင် အိမ်နောက်ဖေးမီးဖိုချောင်မှာ သူ့ကိုမုဒိမ်းကျင့်နေတာဖြစ်ပါတယ်။ ကလေးကဝင်လာပြီး အမေဘာလို့ငိုနေတာလဲမေးလို့ လက်ရှသွားလို့လို့ လိမ်ခဲ့ရပြီး သူ့ယောကျာ်းဆက်ပြီး လုပ်ဆောင်နေပြီး မရပ်တန့်သွားဘူးလို့ဆိုပါတယ်။
၂၀၁၂ ခုနှစ်ရောက်တော့ ကွာရှင်းခဲ့ပြီး အိမ်ခွဲနေခဲ့ပါတယ်။ ဒါပေမဲ့ နှိပ်စက်မှုတွေက မပြီးနိုင်သေးဘဲ စိတ်ရောကိုယ်ပါ ဆင်းရဲခဲ့ရပါတယ်။ သူမနေတဲ့အိမ်ကိုပါ ချိုးဖောက်ဝင်ရောက်ပြီး သူ့ကိုဆံပင်ကကိုင်ဆွဲကာ ကိုယ်ထိလက်ရောက်စော်ကားခဲ့ပါတယ်။
သူမရဲ့ သားနှစ်ယောက်ဝင်လာပြီး သူမကိုကယ်ခဲ့လို့သာ အသက်ဘေးကလွတ်ခဲ့ရတာပါ။ သူမရဲ့ လူမဆန်တဲ့ ခင်ပွန်းဟောင်းကိုတော့ ရဲလက်အပ်ရင်း တရားရုံးမှာ အမှုစတင်ဖွင့်ခဲ့တယ်လို့ သိရပါတယ်။
သင်ရော ဘယ်လိုမြင်လဲ။ ထိုအမျိုးသမီးလုပ်တာ မှန်တယ်လို့မြင်လား။ ထင်မြင်ချက်လေးတွေပြောပြပေးသွားပါဦး!
ခရက်ဒစ်