အနှိပ်စက်ထိုင်ခုံ စက်ချို့ယွင်းပြီး အနှိပ်ခံသူ၏ လည်ပင်း စက်ထဲညပ်ဝင်မှု ဖြစ်ပွား

2019-09-19 21:10:55


အနှိပ်စက်ထိုင်ခုံ စက်ချို့ယွင်းပြီး အနှိပ်ခံသူ၏ လည်ပင်း စက်ထဲညပ်ဝင်မှု ဖြစ်ပွား















credit – popolay


Unicode


ထိုင်းနိုင်ငံရှိ နာမည်ကြီးကုန်တိုက်တစ်ခုတွင် ပိုက်ဆံထည့်ကာ အသုံးပြုနိုင်သည့် အနှိပ်စက်ထိုင်ခုံတစ်ခုတွင် အမျိုးသားကြီးတစ်ဦး အနှိပ်ခံနေစဉ် စက်ချို့ယွင်းပြီး အနှိပ်


စက်ဘီးလုံများထဲသို့ လည်ပင်း ညပ်ဝင်သွားတဲ့ ထိတ်လန့်စရာ အဖြစ်ပျက်တစ်ခု ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ထိတ်လန့်စရာကောင်းတဲ့ ဒီအဖြစ်ပျက်ကို


ကုန်တိုက်ရှိ ဖြတ်သွားဖြတ်လာ ဈေးဝယ်သူများက တွေ့ရှိခဲ့ပြီး ကုန်တိုက်ဝန်ထမ်းများကို အကြောင်းကြားခဲ့ပါတယ်။ ဝန်ထမ်းများ ရောက်လာပြီး အမျိုးသားကြီးကို အနှိပ်စက်ထဲ


မှာ ဆွဲထုတ်ကာ ရှေးဦးသူနာပြုစုခဲ့ကြပြီး ဆေးရုံသို့တင်ပို့ခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့သူ Leo Leo ဖေ့စ်ဘွခ်အကောင့်ပိုင်ရှင်က ပြန်လည်မျှဝေဖော်ပြထားပါတယ်။ အမျိုးသားကြီးမှာ အသက်မသေဆုံးခဲ့ပေမယ့် သေလုမျောပါး ခံစားခဲ့ရကြောင်း သိရပါတယ်။




မြန်မာပြည်မှာလည်း ကုန်တိုက်တွေမှာ စက်ထဲပိုက်ဆံထည့်ကာ အနှိပ်ခံနိုင်တဲ့ အလားတူအနှိပ်စက်ခုံကြီးများ ရှိနေတာမို့ သတိထားပြီး အသုံးပြုကြဖို့ နှိုးဆော်လိုက်ရပါတယ်။


credit – popolay