“စည်းကမ်းတစ်ရပ်ထုတ်ဆောင်သင့်ပြီလား”

2019-09-19 21:12:09


“စည်းကမ်းတစ်ရပ်ထုတ်ဆောင်သင့်ပြီလား”

“စည်းကမ်းတစ်ရပ်ထုတ်ဆောင်သင့်ပြီလား”


ယနေ့ မြန်မာနိုင်တော်မှာ သာသနာဝန် ဝင်ရောက် ထမ်းဆောင်ကြမည့် ရဟန်း/သာမဏေများ ဝင်ရောက်နည်းပါးသွားသည်မှာ မှန်ပါ၏။


သို့သော် ယနေ့ တွေ့ကြုံရေသည့် ခေတ်ခြေနေအရ သာသနာဘောင်သို့ ဝင်ရောက်လိုလျှင် သက်ဆိုင်ရာ မြို့နယ် ရပ်ကွက် သံဃအဖွဲ့အစည်းများ မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ခွင့်ပြုချက် ရမှသာလျှင် ဝင်ရောက် ဥပဒေတစ်ရပ် ပြဌာန်းသင့်ပေသည်။


ဒီဥပဒေကလည်း ငယ်ငယ်ရွယ်ရွယ်နှင့် သာသနာဘောင် ဝင်ရောက်လိုသည့် ပုဂ္ဂိုလ်များကို မရည်ရွယ်ပါ။ မဆိုလိုပါ။


အသက်ရွယ်လတ်ပိုင်းနှင့် အိမ်ထောင်ရှိ ပုဂ္ဂိုလ်များ၊ မယားသေ မုဆိုးဖိုများအတွက် ရည်ရွယ်ပါသည်။


အဘယ်ကြောင့်ဆိုသော် ယနေ့ ပြစ်မှုကျူးလွန်းကြသည့် သင်္ကန်းဝတ်ပုဂ္ဂိုလ်များ စီစစ်လိုက်လျှင် ငယ်ရွယ်စဉ်က သင်္ကန်းဝတ်လာသည့်ပုဂ္ဂိုလ်များ အနည်းငယ်သာ တွေ့ရှိရပြီးအသက်အရွယ်လတ်ပိုင်းနှင့် အသက်ရွယ်ကြီးလာမှ သင်္ကန်းဝတ်လာတဲ့ ပုဂ္ဂိုလ်များစွာကို တွေ့ရှိနေရပေသည်။


ဗုဒ္ဓဘာသာဆိုင်ရာ သရဏဂုံ သီလနှင့် ရဟန်းတော်များဆိုင်ရာ ဝိနည်းကျင့်ဝတ်များ မေးစီစစ်လိုက်လျှင် ” အသက်ကြီးမှ သင်္ကန်းစည်းလာလို့ ဘာမှ စာပေမှ မသင်ခဲ့ရပါ၊ ဘာမှ မသိပါ” စသဖြင့် ဖြေဆိုကြတာတွေ များစွာ တွေ့ရှိနေရပေသည်။




အချို့မှာ အေးချမ်းစွာနေချင်လို့ ပါရမီပါအောင်လို့ အသက်ရွယ်ရမှ ရဟန်းပြုကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါသည်။


အချို့မှာ အသက်အရွယ်ရလာမှ အမှန်အကန် သင်္ကန်းဝတ်ခဲ့တာ မှန်သော်လည်း အေးချမ်းစွာ မနေ။


မယားအတွက် သားသမီးမြေးများအတွက် သပိတ်ပြည့် အိတ်ပြည့် အလှူခံသည်အပြင် ပိုက်ဆံများပါ အလှူခံနေကြတာကို စစ်ဆေးတွေ့ရှိနေရပေသည်။


ယနေ့ နံနက်ပိုင်း (၁၀)နာရီခွဲအချိန်ကဆိုလျှင် ထုံးစံအတိုင်း စစ်ကိုင်းရွှေမင်းဝံရပ်မှ ကိုယ်တော်နှစ်ပါး နေရာကျောင်းကနေ ဆိုင်ကယ်ဖြင့် တစ်ပါးက ရှေ့ကမောင်း တစ်ပါးက နောက်ထိုင် ၊ စစ်ကိုင်း(၉)ပေတံတားအနီးအနားမှာ ဆိုင်ကယ်ကိုအပ်၊ မန္တလေးကို လိုင်းကားနဲ့လာ၊ တစ်အိမ်ဆင်း တစ်အိမ်တက် ပိုက်ဆံ အလှူခံ။


စစ်ဆေးမေးမြန်းတော့ အစစ်/အတုမှန်း မသိရ၊ အသက်တွေက (၅၀)(၆၀)အရွယ်တွေ၊သိက္ခာဝါက (၄)ဝါ (၅)ဝါ၊ သားမယားတွေ ရှိကြောင်း သိရ၊ အတူနေ/မနေတော့ မသိရပါ။ သာသနာဝင်ကဒ်ကလည်း အတု။




(၁၄-၉-၂၀၁၉)ရက်နေ့ ည(၁၂)နာရီအချိန်ကလည်း မန္တလေး ပြည်သူ့ဆေးရုံးကြီးအနီးအနားမှာ သင်္ကန်းဝတ်ပုဂ္ဂိုလ်(၁)ဦး လှည့်ကင်းရဲနှင့်တွေ့လို့ စစ်ဆေးကြရာ မော်လမြိုင်မြို့ကဖြစ်ပြီး ကျဘမ်းအလုပ် လုပ်ကိုင်ကြောင်း သိရ၊ သင်္ကန်းဝတ်လာတာ (၂)ခန့်ရှိပြီး နေ့အခါ သင်္ကန်းဝတ်နှင့် အလှူခံ၊ ညပိုင်းမှာ အရပ်ဝတ်နဲ့ အရက်သေစာ သောက်စားလေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရလို့ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်ခဲ့ကြပါသည်။


အသက်အရွယ်ကြီးရင့်မှ ရဟန်းဝတ်လာကြမည့်သူတွေကို အရပ်ဘက်ကလည်း သေချာစီစစ်စစ်ဆေး၊ သံဃာတော်များဘက်ကလည်း သေချာစီစစ် စစ်ဆေးပြီးမှ ရဟန်းပြုခွင့်ပေးခဲ့မည်ဆိုလျှင် သာသနာအတွက် ရေရှည် အစဉ်ကောင်းလိမ့်မည်ဟု တင်ပြရင်း။


ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။


တင်ပြသူ ( အရှင်ကဝိန်)သာသနာထိန်းသိမ်းရေးအဖွဲ့ ၊( အဖွဲ့ဝင်) ချမ်းအေးသာစံ၊ မန္တလေး။