ညစ္ပတ္တဲ့ ခုိေခ်းအေၾကာင္း ေဆြးေႏြးခဲ့တဲ့အမတ္ ေခါင္းေပၚတည့္တည့္ ခုိေခ်းအပန္းခံရ

2019-09-19 22:23:40


ညစ္ပတ္တဲ့ ခုိေခ်းအေၾကာင္း ေဆြးေႏြးခဲ့တဲ့အမတ္ ေခါင္းေပၚတည့္တည့္ ခုိေခ်းအပန္းခံရ

အေမရိကန္မွ ႏုိင္ငံေရးသမားတစ္ဦးျဖစ္တဲ့ ဒီမုိကရက္တစ္ျပည္နယ္လႊတ္ေတာ္အမတ္ Jaime Andrade တစ္ေယာက္ကေတာ့ အေတာ္ေလး စိတ္အေႏွာက္အယွက္ ျဖစ္စရာနဲ႔ ႀကဳံခဲ့ရပါတယ္။ သူဟာ ညစ္ပတ္တဲ့ခုိေခ်းအေၾကာင္း သတင္းေထာက္နဲ႔ ေဆြးေႏြးေနတုန္းမွာပဲ-


ေခါင္းေပၚတည့္တည့္ ခုိေခ်းပန္းခ်ခံခဲ့ရတဲ့အျဖစ္ကို ႀကဳံခဲ့ရတာပါ။ ဒီအျဖစ္ကုိ Metro သတင္းဌာနက ေဖာ္ျပထားပါတယ္။ Jaime ဟာ Lrving Park Blue Line Station အေဆာက္ဦေရွ႕မွာ သတင္းေထာက္ရဲ႕ ေမးျမန္းမႈကို ေျဖၾကားေနစဥ္၊ ခုိေခ်းနဲ႔ အပန္းခံခဲ့ရတာပါ။


ၿပီးခဲ့တဲ့ အဂၤေန႔က CBS သတင္းေထာက္က ညစ္ပတ္တဲ့ခုိေခ်းအေၾကာင္း ေမးျမန္းစဥ္ ခုိက ေခ်းပါခ်တာပါ။ Jaime ဟာ ခဏေတာ့ ေၾကာင္သြားၿပီး ” ေဟာ အခုပဲၾကည့္ သူတုိ႔ အခု ပါခ်လုိက္ၿပီ … ကၽြန္ေတာ္ သန္႔ရွင္းေရး လုပ္ရဦးမယ္ … ဒါက မဲဆႏၵရွင္ေတြ ႀကဳံေနရတဲ့ အခက္အခဲပဲ “လုိ႔ ေျပာပါတယ္။




သူက ဆက္လက္ၿပီး ” ဒီခုိေတြက အၿမဲလုိလုိ ေခ်းပါခ်ေနေတာ့တာပဲ … “လုိ႔ ေျပာခဲ့့ပါတယ္။ Jaime ဟာ ယမန္ႏွစ္က Irving Blue Line အတြက္ ရံပုံေငြ ေဒၚလာ(၆)သန္း ရွာေပးႏုိင္ခဲ့ေပမယ့္ ရွာလုိ႔ရသမွ်ဟာ State’s Department of Transportation ရဲ႕စီမံခန္႔ခြဲမႈေအာက္ကို ေရာက္သြားတာမုိ႔-



ခုိေခ်းျပႆနာကို ေက်လည္ေအာင္ မေျဖရွင္းႏုိင္ေသးပါဘူး။ ေဒသခံေတာ္ေတာ္မ်ားမ်ားကေတာ့ လမ္းမေပၚမွာ ညစ္ပတ္နံေစာ္ေနတဲ့ ခုိေခ်းေတြေၾကာင့္ အေတာ္ေလး စိတ္အေႏွာက္အယွက္ ျဖစ္ေနၿပီး၊ တစ္ခါတေလမွာ သူတုိ႔ရဲ႕သန္႔ရွင္းတဲ့ အဝတ္ေတြ၊ ေခါင္းေတြေပၚကို ပန္းခ်ခံရတာမုိ႔ ဒီျပႆနာကို အျမန္ေျဖရွင္းေစခ်င္ေနပါတယ္။


လင္းေဇာ္ကို D Nae Khit Media


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အမေရိကန်မှ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒီမိုကရက်တစ်ပြည်နယ်လွှတ်တော်အမတ် Jaime Andrade တစ်ယောက်ကတော့ အတော်လေး စိတ်အနှောက်အယှက် ဖြစ်စရာနဲ့ ကြုံခဲ့ရပါတယ်။ သူဟာ ညစ်ပတ်တဲ့ခိုချေးအကြောင်း သတင်းထောက်နဲ့ ဆွေးနွေးနေတုန်းမှာပဲ-




ခေါင်းပေါ်တည့်တည့် ခိုချေးပန်းချခံခဲ့ရတဲ့အဖြစ်ကို ကြုံခဲ့ရတာပါ။ ဒီအဖြစ်ကို Metro သတင်းဌာနက ဖော်ပြထားပါတယ်။ Jaime ဟာ Lrving Park Blue Line Station အဆောက်ဦရှေ့မှာ သတင်းထောက်ရဲ့ မေးမြန်းမှုကို ဖြေကြားနေစဉ်၊ ခိုချေးနဲ့ အပန်းခံခဲ့ရတာပါ။


ပြီးခဲ့တဲ့ အင်္ဂနေ့က CBS သတင်းထောက်က ညစ်ပတ်တဲ့ခိုချေးအကြောင်း မေးမြန်းစဉ် ခိုက ချေးပါချတာပါ။ Jaime ဟာ ခဏတော့ ကြောင်သွားပြီး ” ဟော အခုပဲကြည့် သူတို့ အခု ပါချလိုက်ပြီ … ကျွန်တော် သန့်ရှင်းရေး လုပ်ရဦးမယ် … ဒါက မဲဆန္ဒရှင်တွေ ကြုံနေရတဲ့ အခက်အခဲပဲ “လို့ ပြောပါတယ်။


သူက ဆက်လက်ပြီး ” ဒီခိုတွေက အမြဲလိုလို ချေးပါချနေတော့တာပဲ … “လို့ ပြောခဲ့့ပါတယ်။ Jaime ဟာ ယမန်နှစ်က Irving Blue Line အတွက် ရံပုံငွေ ဒေါ်လာ(၆)သန်း ရှာပေးနိုင်ခဲ့ပေမယ့် ရှာလို့ရသမျှဟာ State’s Department of Transportation ရဲ့စီမံခန့်ခွဲမှုအောက်ကို ရောက်သွားတာမို့-


ခိုချေးပြဿနာကို ကျေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။ ဒေသခံတော်တော်များများကတော့ လမ်းမပေါ်မှာ ညစ်ပတ်နံစော်နေတဲ့ ခိုချေးတွေကြောင့် အတော်လေး စိတ်အနှောက်အယှက် ဖြစ်နေပြီး၊ တစ်ခါတလေမှာ သူတို့ရဲ့သန့်ရှင်းတဲ့ အဝတ်တွေ၊ ခေါင်းတွေပေါ်ကို ပန်းချခံရတာမို့ ဒီပြဿနာကို အမြန်ဖြေရှင်းစေချင်နေပါတယ်။


လင်းဇော်ကို D Nae Khit Media