ရမည္းသင္းၿမိဳ႕နယ္ရွိ ေဈးဆိုင္ (၅) ခုမွ ယမ္းစိမ္း/ ယမ္းႀကိဳးေခြႏွင့္ အက္စစ္မ်ား ဖမ္းဆီးရမိ

2019-09-19 23:47:10


ရမည္းသင္းၿမိဳ႕နယ္ရွိ ေဈးဆိုင္ (၅) ခုမွ ယမ္းစိမ္း/ ယမ္းႀကိဳးေခြႏွင့္ အက္စစ္မ်ား ဖမ္းဆီးရမိ

ရမည္းသင္းၿမိဳ႕နယ္ရွိ ေဈးဆိုင္ ၅ ခုတြင္ တရားမဝင္ ေရာင္းခ်ေနေသာ ယမ္းစိမ္း/ ယမ္းႀကိဳးေခြ/ အက္စစ္မ်ားကို ဖမ္းဆီးရမိ ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သိရသည္။




ယမန္ေန႔ ည ၇ နာရီ ခန႔္က သတင္းအရ ရမည္းသင္းၿမိဳ႕နယ္၊ သေျပပင္ေက်း႐ြာရွိ ဦးလွႀကီးဆိုသူပိုင္ဆိုင္ေသာ “ျပည့္ဝ”ေဈးဆိုင္၊ ေဒၚယဥ္မာဦး ပိုင္ဆိုင္ေသာ”ေတာ္ဝင္”ေဈးဆိုင္၊ ဦးမိုးႏိုင္ ပိုင္ဆိုင္ေသာ “ေ႐ႊေ႐ႊနတ္ျပည္” ေဈးဆိုင္၊ ရမည္းသင္းၿမိဳ႕၊ သီလဝ(၁)ရပ္ကြက္ေန ဦးေက်ာ္ႏိုင္ ပိုင္ဆိုင္ေသာ “ပါရမီ”ပြဲ႐ုံႏွင့္ သင္ပန္းကုန္းေက်း႐ြာေန ဦးဟိန္းလတ္စိုး ပိုင္ဆိုင္ေသာ “သဇင္”စက္သုံးဆီဆိုင္တို႔အား ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြရာ မွ အဆိုပါပစၥည္းမ်ားကိုဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။


ယမ္းစိမ္း ၃၂.၂၈ ပိႆာ၊ ယမ္းႀကိဳး ၁၀.၆၆ ပိႆာ၊ Ammonia Acid ၅၀ လီတာ၊ Ammonium Hydroxide Acid ၁၂၀ လီတာ၊ Nitric Acid ၂၉၀ လီတာ၊ Hydrogen Peroxide Acid ၁၇၁ လီတာ၊ Sodium Cyanide ၂၀.၄ ပိႆာ၊ Carbon ၃၁၇.၁ ပိႆာ၊ လက္ခ်ား(Calcium Nitrate) ၂၀ က်ပ္သား၊ Blasting Cap ၄၁ ေတာင့္၊ ဝါယာႀကိဳး ၁.၄၀ ပိႆာ၊ ယမ္းမီးျခစ္အေသး ၄၀၀ ဗူး၊ အဝါေရာင္စကၠဴေခါက္ ၃၆ ခုတို႔ျဖစ္ေၾကာင္းသိရသည္။


အဆိုပါပစၥည္းမ်ားမွာ ေ႐ႊတူးေဖာ္ရာ၌ အသုံးျပဳရန္ တရားမဝင္ေရာင္းခ်ေနေသာ ယမ္းစိမ္း/ ယမ္းႀကိဳးေခြ/ အက္ဆစ္မ်ား ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။


ယင္းအတြက္ဆိုင္ရွင္မ်ားျဖစ္သည့္ ဦးလွႀကီး၊ ေဒၚယဥ္မာဦးႏွင့္ ဦးမိုးႏိုင္ တို႔ကို ရမည္းသင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၁၃၀၅ မွ ၁၃၁၀/၂၀၁၉၊ လုပ္ငန္းခြင္သုံးေပါက္ကြဲေစတတ္ေသာဝတၳဳပစၥည္းမ်ားဥပေဒပုဒ္မ ၂၃၊ ဓာတုပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ား အႏၲရာယ္မွတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၃၇ တို႔ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္းသိရသည္။




အလားတူ ပြဲ႐ုံပိုင္ရွင္ ဦးေက်ာ္ႏိုင္ ကို ရမည္းသင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၁၃၁၂/ ၂၀၁၉၊ လုပ္ငန္းခြင္သုံးေပါက္ကြဲ ေစတတ္ေသာ ဝတၳဳပစၥည္းမ်ားဥပေဒပုဒ္မ ၂၃ ျဖင့္လည္းေကာင္း၊ ဦးဟိန္းလတ္စိုးကို ရမည္းသင္း ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၃၁၁/၂၀၁၉၊ ဓာတုပစၥည္းႏွင့္ဆက္စပ္ပစၥည္းမ်ားအႏၲရာယ္မွ တားဆီးကာကြယ္ေရးဥပေဒ ပုဒ္မ ၃၇ ျဖင့္လည္းေကာင္း အမႈဖြင့္ထားေၾကာင္း သိရသည္။




ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕


Unicode


ရမည်းသင်းမြို့နယ်ရှိ ဈေးဆိုင် ၅ ခုတွင် တရားမဝင် ရောင်းချနေသော ယမ်းစိမ်း/ ယမ်းကြိုးခွေ/ အက်စစ်များကို ဖမ်းဆီးရမိ ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။


ယမန်နေ့ ည ၇ နာရီ ခန့်က သတင်းအရ ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာရှိ ဦးလှကြီးဆိုသူပိုင်ဆိုင်သော “ပြည့်ဝ”ဈေးဆိုင်၊ ဒေါ်ယဉ်မာဦး ပိုင်ဆိုင်သော”တော်ဝင်”ဈေးဆိုင်၊ ဦးမိုးနိုင် ပိုင်ဆိုင်သော “ရွှေရွှေနတ်ပြည်” ဈေးဆိုင်၊ ရမည်းသင်းမြို့၊ သီလဝ(၁)ရပ်ကွက်နေ ဦးကျော်နိုင် ပိုင်ဆိုင်သော “ပါရမီ”ပွဲရုံနှင့် သင်ပန်းကုန်းကျေးရွာနေ ဦးဟိန်းလတ်စိုး ပိုင်ဆိုင်သော “သဇင်”စက်သုံးဆီဆိုင်တို့အား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ မှ အဆိုပါပစ္စည်းများကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


ယမ်းစိမ်း ၃၂.၂၈ ပိဿာ၊ ယမ်းကြိုး ၁၀.၆၆ ပိဿာ၊ Ammonia Acid ၅၀ လီတာ၊ Ammonium Hydroxide Acid ၁၂၀ လီတာ၊ Nitric Acid ၂၉၀ လီတာ၊ Hydrogen Peroxide Acid ၁၇၁ လီတာ၊ Sodium Cyanide ၂၀.၄ ပိဿာ၊ Carbon ၃၁၇.၁ ပိဿာ၊ လက်ချား(Calcium Nitrate) ၂၀ ကျပ်သား၊ Blasting Cap ၄၁ တောင့်၊ ဝါယာကြိုး ၁.၄၀ ပိဿာ၊ ယမ်းမီးခြစ်အသေး ၄၀၀ ဗူး၊ အဝါရောင်စက္ကူခေါက် ၃၆ ခုတို့ဖြစ်ကြောင်းသိရသည်။


အဆိုပါပစ္စည်းများမှာ ရွှေတူးဖော်ရာ၌ အသုံးပြုရန် တရားမဝင်ရောင်းချနေသော ယမ်းစိမ်း/ ယမ်းကြိုးခွေ/ အက်ဆစ်များ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။


ယင်းအတွက်ဆိုင်ရှင်များဖြစ်သည့် ဦးလှကြီး၊ ဒေါ်ယဉ်မာဦးနှင့် ဦးမိုးနိုင် တို့ကို ရမည်းသင်းမြို့မရဲစခန်းတွင် (ပ)၁၃၀၅ မှ ၁၃၁၀/၂၀၁၉၊ လုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများဥပဒေပုဒ်မ ၂၃၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၃၇ တို့ဖြင့် အမှုဖွင့်ခဲ့ကြောင်းသိရသည်။




အလားတူ ပွဲရုံပိုင်ရှင် ဦးကျော်နိုင် ကို ရမည်းသင်းမြို့မရဲစခန်းတွင် (ပ)၁၃၁၂/ ၂၀၁၉၊ လုပ်ငန်းခွင်သုံးပေါက်ကွဲ စေတတ်သော ဝတ္ထုပစ္စည်းများဥပဒေပုဒ်မ ၂၃ ဖြင့်လည်းကောင်း၊ ဦးဟိန်းလတ်စိုးကို ရမည်းသင်း မြို့မရဲစခန်းတွင် (ပ)၁၃၁၁/၂၀၁၉၊ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၃၇ ဖြင့်လည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။




မြန်မာနိုင်ငံရဲတပ်ဖွဲ့