ဝင္းနဲ႔ေဇာ္အေရးအတြက္ အာဆီယံနုိင္ငံမ်ားကပါ ထုိင္းဘုရင္ထံအသနားခံစာတင္မည္

2019-09-20 00:02:37


ဝင္းနဲ႔ေဇာ္အေရးအတြက္ အာဆီယံနုိင္ငံမ်ားကပါ ထုိင္းဘုရင္ထံအသနားခံစာတင္မည္

ထိုင္းနိုင္ငံ လိပ္ကြ်န္းလူသတ္မႈကို က်ဴးလြန္တယ္ဆိုတဲ့ စြဲဆိုခ်က္နဲ႔အတူ ျမန္မာနိုင္ငံသား နွစ္ဦးျဖစ္တဲ့ ဝင္းနဲ႔ေဇာ္ကို ထိုင္းနိုင္ငံက ေသဒဏ္ခ်ထားတာ အားလံုးအသိပဲ ျဖစ္ပါတယ္။ ဒီအတြက္ ျမန္မာနိုင္ငံသားမ်ားအားလံုးနွင့္ တကြ အနုပညာရွင္မ်ားပါမက်န္ ထိုင္းမီဒီယာသတင္းစာမ်က္နွာမ်ားတြင္ ေတာင္းဆိုခဲ့ၾကသည္။


ထို႔အတူပဲ ဝင္းနဲ႔ ေဇာ္အတြက္ အာဆီယံနုိင္ငံေတြကပါ ထိုင္းဘုရင္ကို မနက္ျဖန္ ၂၀ ရက္ေန႕မွာ အသနားခံစာတတ္သြားမယ္လို႔ Equality Myanmar ၏ အမႈေဆာင္ဒါ႐ိုက္တာ ဦးေအာင္မ်ိဳးမင္း က မေန႔က ရန္ကုန္မွာျပဳလုပ္တဲ့ Local Resourse Center အစည္းအေဝးခန္းမ အာဆီယံလူထုဖိုရမ္ႏွင့္ အာဆီယံ အရပ္ဘက္အဖြဲ႔အစည္းမ်ား ဖိုရမ္ကိစၥ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္ပါတယ္။




ထိုင္းနုိင္ငံက ဘုရင္စနစ္နဲ႔ အုပ္ခ်ဳပ္တာမို႔လို အသနားခံစာကို အဂၤလိပ္လိုေရးသားျပီးေပမယ့္ ၊ ထီးသံုးနန္းသံုး ဆိုင္ရာ အသံုးအနႈန္းနဲ႔တကြ ထိုင္းဘာသာစကားျဖင့္ အသနားခံစာ တင္သြားမယ္လို႔ ၎က ေျပာဆိုပါတယ္။


Unicode

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကို ကျူးလွန်တယ်ဆိုတဲ့ စွဲဆိုချက်နဲ့အတူ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဝင်းနဲ့ဇော်ကို ထိုင်းနိုင်ငံက သေဒဏ်ချထားတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံသားများအားလုံးနှင့် တကွ အနုပညာရှင်များပါမကျန် ထိုင်းမီဒီယာသတင်းစာမျက်နှာများတွင် တောင်းဆိုခဲ့ကြသည်။


ထို့အတူပဲ ဝင်းနဲ့ ဇော်အတွက် အာဆီယံနိုင်ငံတွေကပါ ထိုင်းဘုရင်ကို မနက်ဖြန် ၂၀ ရက်နေ့မှာ အသနားခံစာတတ်သွားမယ်လို့ Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း က မနေ့က ရန်ကုန်မှာပြုလုပ်တဲ့ Local Resourse Center အစည်းအဝေးခန်းမ အာဆီယံလူထုဖိုရမ်နှင့် အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကိစ္စ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။


ထိုင်းနိုင်ငံက ဘုရင်စနစ်နဲ့ အုပ်ချုပ်တာမို့လို အသနားခံစာကို အင်္ဂလိပ်လိုရေးသားပြီးပေမယ့် ၊ ထီးသုံးနန်းသုံး ဆိုင်ရာ အသုံးအနှုန်းနဲ့တကွ ထိုင်းဘာသာစကားဖြင့် အသနားခံစာ တင်သွားမယ်လို့ ၎င်းက ပြောဆိုပါတယ်။


Credit – SMT(Shwe Yaung Lan)