ေဟာင္ေကာင္အေရး အေမရိကန္ မီးေလာင္ရာေလပင့္လုပ္ေနတယ္လို႔ တရုတ္စြပ္စြဲ

2019-09-20 09:55:35


ေဟာင္ေကာင္အေရး အေမရိကန္ မီးေလာင္ရာေလပင့္လုပ္ေနတယ္လို႔ တရုတ္စြပ္စြဲ

အေမရိကန္အစိုးရဟာ ေဟာင္ေကာင္အေရးနဲ႔ ပတ္သက္ၿပီး မီးေလာင္ရာေလပင့္ လုပ္ေနတယ္လို႔ တရုတ္အစိုးရက စြပ္စြဲေျပာဆိုလိုက္ပါတယ္။


တရုတ္အစိုးရကို ဖိအားေပးဖို႔ ေဟာင္ေကာင္ဒီမိုကေရစီေရး ဦးေဆာင္လႈပ္ရွားသူေတြက အေမရိကန္လႊတ္ေတာ္အမတ္ေတြထံ တိုက္ရိုက္ ေမတၱာရပ္ခံခဲ့ၾကျပီးတဲ့ေနာက္ တရုတ္က အဲဒီလို ေျပာလိုက္တာပါ။




ဒီကိစၥနဲ႔ပတ္သက္ၿပီး တရုတ္ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရသူက အေမရိကန္အေနနဲ႔ ေဟာင္ေကာင္ ခြဲထြက္ေရးသမားေတြ၊ အၾကမ္းဖက္အင္အားစုေတြအေပၚ ေထာက္ခံေနတာေတြ၊


မီးေလာင္ရာေလပင့္ ေျပာဆိုခ်က္ေတြ၊ ေဟာင္ေကာင္အထူးအုပ္ခ်ဳပ္ေရးေဒသရဲ႕ တည္ၿငိမ္မႈနဲ႔ သာယာ၀ေျပာမႈေတြကို ထိခိုက္ေစတဲ့ အျပဳအမူေတြကို ရပ္ဆိုင္းသင့္ၿပီလို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။


ေဟာင္ေကာင္အေရးရဲ႕ ေနာက္ကြယ္မွာ ျပည္ပအင္အားစုေတြ ရွိေနတယ္လို႔လည္း တရုတ္အစိုးရက မၾကာခဏေျပာဆိုေနပါတယ္။ Photo: Don Emmert / AFP


Credit: RFA Burmese


Unicode


အမေရိကန်အစိုးရဟာ ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီး မီးလောင်ရာလေပင့် လုပ်နေတယ်လို့ တရုတ်အစိုးရက စွပ်စွဲပြောဆိုလိုက်ပါတယ်။


တရုတ်အစိုးရကို ဖိအားပေးဖို့ ဟောင်ကောင်ဒီမိုကရေစီရေး ဦးဆောင်လှုပ်ရှားသူတွေက အမေရိကန်လွှတ်တော်အမတ်တွေထံ တိုက်ရိုက် မေတ္တာရပ်ခံခဲ့ကြပြီးတဲ့နောက် တရုတ်က အဲဒီလို ပြောလိုက်တာပါ။


ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အမေရိကန်အနေနဲ့ ဟောင်ကောင် ခွဲထွက်ရေးသမားတွေ၊ အကြမ်းဖက်အင်အားစုတွေအပေါ် ထောက်ခံနေတာတွေ၊


မီးလောင်ရာလေပင့် ပြောဆိုချက်တွေ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရဲ့ တည်ငြိမ်မှုနဲ့ သာယာဝပြောမှုတွေကို ထိခိုက်စေတဲ့ အပြုအမူတွေကို ရပ်ဆိုင်းသင့်ပြီလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။


ဟောင်ကောင်အရေးရဲ့ နောက်ကွယ်မှာ ပြည်ပအင်အားစုတွေ ရှိနေတယ်လို့လည်း တရုတ်အစိုးရက မကြာခဏပြောဆိုနေပါတယ်။ Photo: Don Emmert / AFP


Credit: RFA Burmese