လုိက္ေဘးရီးယားက စာသင္ေက်ာင္းတစ္ခု မီးေလာင္လုိ႔ ကေလး(၃၀)အထိ ေသဆုံးခဲ့ရ

2019-09-20 10:17:34


လုိက္ေဘးရီးယားက စာသင္ေက်ာင္းတစ္ခု မီးေလာင္လုိ႔ ကေလး(၃၀)အထိ ေသဆုံးခဲ့ရ

လုိက္ေဘးရီးယားႏုိင္ငံ၊ မြန္႐ုိဗီယာၿမိဳ႕ေတာ္၊ Paynesville City မွာတည္ရွိတဲ့ စာသင္ေက်ာင္းတစ္ခုမွာ စာသင္ၾကားေနစဥ္အတြင္း မီးေလာင္မႈျဖစ္ပြားခဲ့တာေၾကာင့္ ကေလးအေျမာက္အမ်ား ဒဏ္ရာရရွိခဲ့ၿပီး၊ ကေလး(၃၀)အထိ မီးေလာင္ေသဆုံးခဲ့ေၾကာင္း Mirror သတင္းမွာ ေဖာ္ျပထားပါတယ္။


ဒီသတင္းကို ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္တင္ဆက္ေပးထားတာပါ။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ အဂၤါေန႔ ေန႔လည္ပုိင္းေလာက္ ျဖစ္ခဲ့တာပါ။ ဒီမီးေလာင္မႈနဲ႔ပတ္သက္ၿပီး လုိက္ေဘးရီးယားသမၼတ George Weah က သူရဲ႕တြစ္တာမွာ ဝမ္းနည္းေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။




အခင္းျဖစ္ရာကို ေက်ာင္းသားမိဘေတြ အေျပးအျမန္ ေရာက္လာခဲ့ၿပီး၊ ေသဆုံးသူရဲ႕မိဘေတြရဲ႕ ငုိသံေတြကလည္း ငရဲပြက္သည့္အလား ျဖစ္ခဲ့ရတယ္လုိ႔ မ်က္ျမင္သက္ေသတစ္ဦးက ေျပာပါတယ္။ အခင္းျဖစ္ပြားခ်ိန္ဟာ တစ္ေက်ာင္းလုံး ဘာသာေရး သင္ခန္းစာ သင္ေနခ်ိန္လုိ႔ သိရပါတယ္။




လက္ရွိအခ်ိန္ထိေတာ့ အခင္းျဖစ္ရာ ေက်ာင္းနာမည္အျပည့္အစုံနဲ႔၊ ေနာက္ဆက္တြဲ ေသဆုံးဒဏ္ရာရစာရင္း အေရအတြက္ အတိအက်ကို သက္ဆုိင္ရာက ထုတ္ျပန္ေၾကညာတာမ်ိဳး မရွိေသးပါဘူး။ ေဒသခံမီဒီယာေတြမွာလည္း မီး ဘာေၾကာင့္ ေလာင္တာလဲဆုိတာ ေရးသားျခင္း မရွိေသးပါဘူး


နတ္သူႀကီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


လိုက်ဘေးရီးယားနိုင်ငံ၊ မွန်ရိုဗီယာမြို့တော်၊ Paynesville City မှာတည်ရှိတဲ့ စာသင်ကျောင်းတစ်ခုမှာ စာသင်ကြားနေစဉ်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ကလေးအမြောက်အများ ဒဏ်ရာရရှိခဲ့ပြီး၊ ကလေး(၃၀)အထိ မီးလောင်သေဆုံးခဲ့ကြောင်း Mirror သတင်းမှာ ဖော်ပြထားပါတယ်။




ဒီသတင်းကို ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးထားတာပါ။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ နေ့လည်ပိုင်းလောက် ဖြစ်ခဲ့တာပါ။ ဒီမီးလောင်မှုနဲ့ပတ်သက်ပြီး လိုက်ဘေးရီးယားသမ္မတ George Weah က သူရဲ့တွစ်တာမှာ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။




အခင်းဖြစ်ရာကို ကျောင်းသားမိဘတွေ အပြေးအမြန် ရောက်လာခဲ့ပြီး၊ သေဆုံးသူရဲ့မိဘတွေရဲ့ ငိုသံတွေကလည်း ငရဲပွက်သည့်အလား ဖြစ်ခဲ့ရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။ အခင်းဖြစ်ပွားချိန်ဟာ တစ်ကျောင်းလုံး ဘာသာရေး သင်ခန်းစာ သင်နေချိန်လို့ သိရပါတယ်။


လက်ရှိအချိန်ထိတော့ အခင်းဖြစ်ရာ ကျောင်းနာမည်အပြည့်အစုံနဲ့၊ နောက်ဆက်တွဲ သေဆုံးဒဏ်ရာရစာရင်း အရေအတွက် အတိအကျကို သက်ဆိုင်ရာက ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။ ဒေသခံမီဒီယာတွေမှာလည်း မီး ဘာကြောင့် လောင်တာလဲဆိုတာ ရေးသားခြင်း မရှိသေးပါဘူး


နတ်သူကြီး