သေးပေါက်​မိလို့ ကလေး၏ ဝှေးစေ့ကို မီးပူကပ်​ပြီး ရက်ရက်စက်စက် ပိတ်လောင်နှိပ်ဆက်မှု

2019-09-20 10:18:38


သေးပေါက်​မိလို့ ကလေး၏ ဝှေးစေ့ကို မီးပူကပ်​ပြီး ရက်ရက်စက်စက် ပိတ်လောင်နှိပ်ဆက်မှု

သေးပေါက်​မိလို့ ကလေး၏ ဝှေးစေ့ ကိုလဲမီးပူကပ်​ပြီး ခန္ဓာကိုယ်​အနှံ့ကိုမီးပူဖြင့်​ကပ်​ပြီးနှိပ်​စက်​လို့ ကလေးကိုဆေးရုံတင်​ထားရတဲ့ကိစ္စအတွက်​ လူကြီးများသိအောင်​ နှင့်​ကူညီမှုရနိုင်​ရန်​ ကူညီရှယ်​ပေးကြပါ


မရမ်းကုန်းမြို့နယ်​ ၅ရပ်​ကွက်​တွင်​နေထိုင်​သော အဝတ်​လိုက်​လျော်​သည့်​ အလုပ်​လုပ်​သူ ဒူလိုဘီ ခေါ် ဖြူ မ(35)နှစ်​မှ အမှုဖွင့်​တိုင်​ကြားသည်​မှာ လွန်ခဲ့သော(၂)ပတ်ခန့်မှစ၍ ကျွန်​မ ဖြူ မ၏ သားဖြစ်သူ အောင်မျိုးနိုင်(၁၁)နှစ်(ဘ) ဦးအောင်ဝင်း(မသန်မစွမ်းအား မရမ်းကုန်း၅ရပ်ကွက် ချမ်းသာပြည့်စုံလမ်း အမှတ်​၁/၅/ ၁၈၀တွင် နေထိုင်သည့် ရှရစ်​(ဖ်​) (ခ)တင်ဝင်းနှင့် ဇနီးဖြစ်​သူ ဟာစီနာ(ခ)ဌေးဌေးမြင့်​ထံတွင်​ စာပေသင်ကြားပေးနိုင်ရန်အတွက်


တရားလိုမှ ပေးအပ်ထားခဲ့ပြီးနောက် အသက် (၁၆၀၀)နာရီ အချိန်တွင် ကျွန်​မ ဖြူ မသည် နေအိမ်၌ရှိနေစဉ် ညီမတော်စပ်သူ ဟာစီနာ(ခ)ကာဆင်မ/၁၂၇နဝဒေးလမ်း၊ (၅)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်နေသူမှ ကျွန်​မ ဖြူ မ၏သားဖြစ်သူ အောင်နိုင်အား ရှရစ်(ဖ်) (ခ)တင်ဝင်းနှင့် ဟာစီနာ(ခ)ဌေးဌေးမြင့်တို့ လင်မယားမှ နှိပ်စက်နေကြောင်းပြောပြသိရှိရ၍ လိုက်သွားရာ သားဖြစ်သူ အောင်မျိုးနိုင် အား နေအိမ်ပေါ်မှ မည်သည့်နေရာမှမသွားရန် ပိတ်ပင်တားဆီးထားသဖြင့် နေအိမ်ပေါ်တွင် သေးပေါက် ချခဲ့သည့်ကိစ္စအား မကျေနပ်ဖြစ်ကာ




ထိုသို့သေးပေါက်ချသဖြင့် ၄င်းတို့ လင်မယားမှ မီးပူအား ပလက်ထိုး ၍ ပူလာချိန်တွင် အသားအား မီးပူဖြင့်ကပ်ခဲ့၍ တမင်နှိပ်စက်ခြင်း များပြုလုပ်ခဲ့သဖြင့် အောင်မျိုးနိုင်၏ ယာလက်မောင်းလက်ဖျံတွင် မီးပူဖြင့်ကပ်ထားသည့် အရေပြားအပူ လောင်ဒဏ်ရာ(၃)ချက်၊ ယာဘက်ခါးတွင် မီးပူကပ်ရာ(၁)ချက်၊




ဂွေးစေ့တွင် မီးပူကပ်ရာ(၁)ချက်၊ ဝဲဘက် ခြေသလုံးတွင် မီးပူ ကပ်ရာ(၂)ချက် ၊ နှုတ်ခမ်းတွင် မီးပူကပ်ရာ(၁)ချက် ၊ ကြိုးနှင့်ရိုက်ထားသည့် ပွန်းခြစ်ဒဏ်ရာ များရရှိခဲ့ ခြင်းဖြစ်ကြောင်း သားဖြစ်သူ အောင်မျိုးနိုင်မှ ပြောပြသိရှိရပြီး ရရှိဒဏ်ရာများနှင့် ရန်ကင်းကလေး ဆေးရုံကြီးတွင် အတွင်းလူနာ ဒဏ်ရာပြင်းထန် (မစိုးရိမ်ရ)ဖြစ် ဆေးကုသမှုခံယူနေရပြီး ခင်မင်ရင်းနှီးသူ မားဖြစ်နေသဖြင့် ကျွန်​မ ဖြူ မ၏ဖခင်ဖြစ်သူ ဦးသိန်းဝငး(ခ)ကာစင်မှ အမှုဖွင့် တိုင်ကြားခြင်းမပြုရန် တားမြစ် သော်လည်း ကျွန်​မ ဖြူ မမှ ကျေနပ်မှုမရှိသဖြင့် ဥပဒေအရ အရေးယူပေးရန် ယနေ့မှလာရောက် တိုင်တန်းခြင်း= ဖြစ်ပါသည်​ ဟုပြောပြသိရှိရပါသည်


မရမ်းကုန်းမြို့မရဲစခန်းမှ ပ ၁၀၅၂ ပုဒ်​မ ၃၂၆ /၃၄၂/၁၁၄ ဖြင့်​ ယနေ့ 19-9-2019နေ့တွင်​ အမှုဖွင့်​စစ်​ဆေးဆောင်​ရွက်​လျှက်​ရှိကြောင်း သိရှိရပါသည်




အမှုဖွင့်​သူဖြူ မ က ပြောသည်​မှာ ကျွန်​မ သားလေး၏ ဒဏ်​ရာများစွာ ရရှိခဲ့ခြင်းကြောင့်​ အမှုဖွင့်​ရန်​နှင့်​ဆေးရုံတင်​ရာတွင်​ လိုအပ်​သည်​များကို ညလုံးပေါက်​ မအိပ်​ပဲ လိုက်​ပါကူညီပေးခဲ့သည်​ မရမ်းကုန်းSH NEWS AGENCY မှ ဦးသက်​လွင်​။ဒေါ်မြင့်​မြင့်​သန်း အဖွဲ့အား ကျေးဇူးတင်​ရှိပါကြောင်းနှင့်​ မကြာခင်​ နစ်​နာမှုများကို သတင်းစာရှင်းလင်းပွဲပြုလုပ်​ပြီး သတင်းမီဒီယာများသို့ တင်​ပြသွားမည်​ဖြစ်​ပါကြောင်း ပြော ကြားပါသည်


NEWS REPORT-ဦးသက်​လွင်​(SH သတင်းဌာန) မရမ်းကုန်းမြို့နယ်


EDIT————U U THET(SHသတင်းဌာန) “ရှုထောင့်​”မှုခင်းနှင့်​သတင်းစုံဂျာနယ်​ အမှန်​တရား သတင်းဂျာနယ်


U THET(SHသတင်းဌာန) ရဲ့ ခွင့်ပြုချက်ဖြင့် ApannPyay မှ တစ်ဆင့် ပြန်လည် ကူးယူဖော်ပြပါသည်။