သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ကြောင်း ” မြမြ ” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် သက်သေပြမည့် သင်ဇာဝင့်ကျော်

2019-09-20 11:54:43


သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ကြောင်း ” မြမြ ” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် သက်သေပြမည့် သင်ဇာဝင့်ကျော်











Credit : Exculsive On CeleGabar


Unicode


ခေတ်ရှေ့ပြေးလွန်းတဲ့ ဖက်ရှင်တွေကြောင့် ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ထိပ်တန်းမင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ ဒါရိုက်တာ ညိုမင်းလွင်ကိုယ်တိုင် ရိုက်ကူးမည့် လူမှုကွန်ရက် စာမျက်နာမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့တဲ့ ” မြမြ ” ဆိုတဲ့ ကောင်မလေးအကြောင်းကို ပြန်လည်ရိုက်ကူးမည့် ” မြမြ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိကဇာတ်ကောင် မြမြ နေရာမှ

ပါဝင်သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။ထိုရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အဓိက ဇာတ်ဆောင်မင်းသားတွေအဖြစ် သရုပ်ဆောင်လောကကို စတင်ဝင်ရောက်ကြမည့် အဆိုတော် ဖြိုးမြတ်အောင်နဲ့ Influencer ဒီဒီး တို့ကလည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။


သင်ဇာကတော့ “မြမြ” ရုပ်ရှင်ဇာတ်ကားကြီးကပေးတဲ့ ပညာပေးမှုကို ကြိုက်ပြီး ဇာတ်လမ်းလေးကိုလည်းသဘောကျသဖြင့် လက်ခံခဲ့တာဖြစ်ပြီး ဒါရိုက်တာ ညိုမင်းလွင်ကို ယုံကြည်လို့ လက်တွဲဖြစ်ခဲ့တာလို့ သိရပါတယ်။သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အတွက် ဘယ်လိုကာရိုက်တာပဲဖြစ်ဖြစ် အကောင်းဆုံး သရုပ်ဆောင်သွားဖြစ်ပြီး အခုလို ယုံကြည်ပြီး သင်ဇာကို ရွေးချယ်ပေးတဲ့

ဒါရိုက်တာညီမင်းလွင်ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဆိုထားပါတယ်။အဆိုတော်ဖြိုးမြတ်အောင်နဲ့အတူ တွဲဖက်သရုပ်ဆောင်ရမှာကို မသိခဲ့ပေမဲ့ ကြိုဆိုပါတယ် အကောင်းဆုံးဖြစ်အောင်ကြိုစားပါလို့အားပေးစကားပြောထားပါသေးတယ်။


ပုရိသတွေရဲ့ အချစ်တော် မမသင်ဇာကတော့ ” မြမြ “ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ကြောင်း သက်သေပြဖို့ အစစအရာရာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောထားပါသေးတယ်။ ” မြမြ ” ရုပ်ရှင်ဇာတ်ကားထဲက အဓိကဇာတ်ဝင်ခန်းဖြစ်တဲ့

မုဒိမ်းကျင့်ခံရတဲ့ အခန်းကိုတော့ သူမရဲ့ကျောလောက်သာထည့်ရိုက်မှာလို့ လည်းသိရပါတယ်။ ပရိသတ်ကြီးရော မမသင်ဇာရဲ့ သရုပ်ဆောင်ချက်တွေ ကိုစောင့်ကြည့်ရမှာမို့ ရင်ခုန်နေပြီလား။Source: Exculsive On CeleGabar