အပ်ိဳစစ္မစစ္ သိခ်င္တဲ့ေယာကၡမေၾကာင့္ မဂၤလာပြဲကို တစ္ဖက္သက္ဖ်က္သိမ္းခဲ့တဲ့ သတုိ႔သမီး

2019-09-20 11:59:10


အပ်ိဳစစ္မစစ္ သိခ်င္တဲ့ေယာကၡမေၾကာင့္ မဂၤလာပြဲကို တစ္ဖက္သက္ဖ်က္သိမ္းခဲ့တဲ့ သတုိ႔သမီး

ထုိင္ဝမ္က သတုိ႔သမီးေလာင္းတစ္ဦးဟာ ေယာကၡမေလာင္းျဖစ္သူက သူမကို အပ်ိဳစစ္မစစ္ သိလုိတာေၾကာင့္ မဂၤလာပြဲကုိ သူမဘက္က တစ္ဖက္သက္ ဖ်က္သိမ္းခဲ့ေၾကာင္း လူမႈကြန္ရက္မွာ ေၾကညာခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ လူမႈကြန္ရက္မွာေတာ့ အေတာ္ေလး ေရပန္းစားခဲ့ပါတယ္။


ဒီအေၾကာင္းကို WorldOfBuzz မွာ ေဖာ္ျပထားတာပါ။ တ႐ုတ္မိဘေတြဟာ မဂၤလာပြဲမတုိင္မီ ကိစၥရပ္ေတြမွာ ၾကားဝင္ခေလာက္ဆန္လုိ႔ မဂၤလာပြဲေတြေတာ္ေတာ္မ်ားမ်ား ပ်က္စီးခဲ့ရေၾကာင္း သတင္းေတြထြက္ေပၚေနခ်ိန္မွာ ဒီအမ်ိဳးသမီးက သူမရဲ႕အေတြ႕အႀကဳံကို မွ်ေဝခဲ့တာပါ။




သူမရဲ႕အမည္ကုိေတာ့ သတင္းမွာ ေဖာ္ျပထားျခင္း မရွိပါဘူး။ သူမရဲ႕ ခ်စ္သူအမ်ိဳးသားဟာ မာန္မာနေထာင္လႊားလြန္းတဲ့ ေငြေၾကးခ်မ္းသာတဲ့ အသုိင္းအဝုိင္းက သူေဌးသားတစ္ေယာက္ဆုိေသာ္လည္း သူမကို ႏွစ္ႏွစ္ကာကာ ခ်စ္တယ္လုိ႔ ေျပာပါတယ္။




ဒါေပမယ့္ ခ်စ္သူရဲ႕မိဘေတြမွာ ေယာကၡထီးေလာင္းက အေနေအးေပမယ့္၊ ေယာကၡမေလာင္း အမ်ိဳးသမီးႀကီးက ပစိပစပ္ႏုိင္ေၾကာင္း၊ သူမတုိ႔ အခ်စ္ေရးကို တားျမစ္ပိတ္ပင္မႈေတြရွိခဲ့ၿပီး၊ သားျဖစ္သူကို ဘယ္လုိမွ တားမရေတာ့မွ လက္ေလွ်ာ့ခဲ့တာလုိ႔ ဆုိပါတယ္။




ဒီလုိနဲ႔ မဂၤလာေဆာင္ဖုိ႔ သက္မွတ္ရက္မတုိင္မီမွာ ေယာကၡမေလာင္းက ျပသနာစၿပီးရွာပါတယ္။ ေခၽြးမေလာင္းမွာ HIV နဲ႔ အျခား လိင္ပုိင္းဆုိင္ရာ ကူးစက္ေရာဂါေတြ ရွိမရွိသိလုိေၾကာင္း၊ ေဆးစစ္ဖုိ႔လုိအပ္ေၾကာင္း၊ ေနာက္ၿပီး ဆရာဝန္ေတြဆီက အပ်ိဳစစ္ေၾကာင္း ေထာက္ခံခ်က္ ေပးရမယ္လုိ႔ ေျပာပါသတဲ့။




သူမအေနနဲ႔ မိမိကိုယ္ကုိယ္ ဘယ္ေလာက္ ယုံၾကည္မႈရွိသည္ျဖစ္ေစ သူမရဲ႕ သိကၡာကုိ တုိက္႐ုိက္ေစာ္ကားခဲ့တဲ့အတြက္ ေယာကၡမေလာင္းရဲ႕ ေတာင္းဆုိမႈကို ပယ္ခ်လိုက္ၿပီး၊ အပ်ိဳစစ္တာလုိခ်င္ရင္ ကုိယ့္သားကို “မူႀကိဳေက်ာင္းသူနဲ႔ ေပးစားဖုိ႔”ျပန္ရြဲ႕ၿပီး မဂၤလာပြဲကို ဖ်က္သိမ္းေၾကာင္း ေၾကညာခဲ့တယ္လုိ႔ ဆုိပါတယ္။


သူမက ဒီအခ်ိန္မွာ ဆက္သည္းမခံႏုိင္ေတာ့ဘဲ ” ရွင္က ရွင့္သားနဲ႔ယူမယ့္ အမ်ိဳးသမီးက ဘာျဖစ္ရမယ့္ ညာျဖစ္ရမယ္နဲ႔ … ရွင့္သားက ဘယ္ေလာက္ ႐ုပ္ေခ်ာေနလုိ႔လဲ … ရွင့္ကိုယ့္ရွင္ေကာ မွန္ထဲ ေထာင္ၾကည့္မိသလား … ရွင့္သားမွာ ဘာအနာဂတ္ရွိလုိ႔လဲ … “လုိ႔ ျပန္ေျပာခဲ့ပါတဲ့။


လင္းေဇာ္ကို


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ထိုင်ဝမ်က သတို့သမီးလောင်းတစ်ဦးဟာ ယောက္ခမလောင်းဖြစ်သူက သူမကို အပျိုစစ်မစစ် သိလိုတာကြောင့် မင်္ဂလာပွဲကို သူမဘက်က တစ်ဖက်သက် ဖျက်သိမ်းခဲ့ကြောင်း လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ လူမှုကွန်ရက်မှာတော့ အတော်လေး ရေပန်းစားခဲ့ပါတယ်။


ဒီအကြောင်းကို WorldOfBuzz မှာ ဖော်ပြထားတာပါ။ တရုတ်မိဘတွေဟာ မင်္ဂလာပွဲမတိုင်မီ ကိစ္စရပ်တွေမှာ ကြားဝင်ခလောက်ဆန်လို့ မင်္ဂလာပွဲတွေတော်တော်များများ ပျက်စီးခဲ့ရကြောင်း သတင်းတွေထွက်ပေါ်နေချိန်မှာ ဒီအမျိုးသမီးက သူမရဲ့အတွေ့အကြုံကို မျှဝေခဲ့တာပါ။


သူမရဲ့အမည်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။ သူမရဲ့ ချစ်သူအမျိုးသားဟာ မာန်မာနထောင်လွှားလွန်းတဲ့ ငွေကြေးချမ်းသာတဲ့ အသိုင်းအဝိုင်းက သူဌေးသားတစ်ယောက်ဆိုသော်လည်း သူမကို နှစ်နှစ်ကာကာ ချစ်တယ်လို့ ပြောပါတယ်။


ဒါပေမယ့် ချစ်သူရဲ့မိဘတွေမှာ ယောက္ခထီးလောင်းက အနေအေးပေမယ့်၊ ယောက္ခမလောင်း အမျိုးသမီးကြီးက ပစိပစပ်နိုင်ကြောင်း၊ သူမတို့ အချစ်ရေးကို တားမြစ်ပိတ်ပင်မှုတွေရှိခဲ့ပြီး၊ သားဖြစ်သူကို ဘယ်လိုမှ တားမရတော့မှ လက်လျှော့ခဲ့တာလို့ ဆိုပါတယ်။


ဒီလိုနဲ့ မင်္ဂလာဆောင်ဖို့ သက်မှတ်ရက်မတိုင်မီမှာ ယောက္ခမလောင်းက ပြသနာစပြီးရှာပါတယ်။ ချွေးမလောင်းမှာ HIV နဲ့ အခြား လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေ ရှိမရှိသိလိုကြောင်း၊ ဆေးစစ်ဖို့လိုအပ်ကြောင်း၊ နောက်ပြီး ဆရာဝန်တွေဆီက အပျိုစစ်ကြောင်း ထောက်ခံချက် ပေးရမယ်လို့ ပြောပါသတဲ့။


သူမအနေနဲ့ မိမိကိုယ်ကိုယ် ဘယ်လောက် ယုံကြည်မှုရှိသည်ဖြစ်စေ သူမရဲ့ သိက္ခာကို တိုက်ရိုက်စော်ကားခဲ့တဲ့အတွက် ယောက္ခမလောင်းရဲ့ တောင်းဆိုမှုကို ပယ်ချလိုက်ပြီး၊ အပျိုစစ်တာလိုချင်ရင် ကိုယ့်သားကို “မူကြိုကျောင်းသူနဲ့ ပေးစားဖို့”ပြန်ရွဲ့ပြီး မင်္ဂလာပွဲကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တယ်လို့ ဆိုပါတယ်။


သူမက ဒီအချိန်မှာ ဆက်သည်းမခံနိုင်တော့ဘဲ ” ရှင်က ရှင့်သားနဲ့ယူမယ့် အမျိုးသမီးက ဘာဖြစ်ရမယ့် ညာဖြစ်ရမယ်နဲ့ … ရှင့်သားက ဘယ်လောက် ရုပ်ချောနေလို့လဲ … ရှင့်ကိုယ့်ရှင်ကော မှန်ထဲ ထောင်ကြည့်မိသလား … ရှင့်သားမှာ ဘာအနာဂတ်ရှိလို့လဲ … “လို့ ပြန်ပြောခဲ့ပါတဲ့။


လင်းဇော်ကို