ေျမာက္ကုိရီးယားမွာ စစ္သားတစ္ဦးရဲ႕ ဦးထုပ္ကိုခုိးယူၿပီး ဓာတ္ပုံေတြ႐ုိက္ခဲ့တဲ့ ေမာ္ဒယ္

2019-09-20 13:25:34


ေျမာက္ကုိရီးယားမွာ စစ္သားတစ္ဦးရဲ႕ ဦးထုပ္ကိုခုိးယူၿပီး ဓာတ္ပုံေတြ႐ုိက္ခဲ့တဲ့ ေမာ္ဒယ္

ဘရားဇီးေမာ္ဒယ္တစ္ေယာက္ျဖစ္တဲ့ Liziane Gutierrez အမည္ရ (၃၃)ႏွစ္အရြယ္ ေမာ္ဒယ္တစ္ဦးဟာ ေျမာက္ကုိရီးယားမွာ ျပႆနာေတြ ရွာေဖြလုိက္တာေၾကာင့္ သက္ဆုိင္ရာ ေဆြမ်ိဳးမိဘေတြကေတာ့ ေခါင္းက်ိန္းေနပါၿပီ။ သူမဟာ ေျမာက္ကုိရီးယားကို အလည္အပတ္ ေရာက္ေနတာလုိ႔ Mirror က ေဖာ္ျပထားပါတယ္။


ဒီသတင္းကုိ ApannPyay ပရိသတ္ႀကီးအတြက္ ဘသာျပန္ ေဖာ္ျပေပးလုိက္ပါတယ္။ Liziane ဟာ ေျမာက္ကုိရီးယား ၿပဳံယမ္းၿမိဳ႕ေတာ္မွာ အေမရိကန္ႏုိင္ငံအလံနဲ႔ ဒီဇုိင္းထြင္ခ်ဳပ္လုပ္ထားတဲ့ စကတ္ကုိလည္း ဝတ္ဆင္ခဲ့ၿပီး၊ ရထားခရီးစဥ္တစ္ခုေပၚမွာ ျပစ္မႈထပ္မံ က်ဴးလြန္ခဲ့ပါတယ္။


အေမရိကန္ႏုိင္ငံသာ Otto Warmbier ဟာ ေျမာက္ကုိရီးယားမွာ ပစၥည္းခုိးယူမႈနဲ႔ အရက္စက္ဆုံး အက်ဥ္းေထာင္မွာ ေထာင္ဒဏ္က်ခံခဲ့ရၿပီး ေသဆုံးခဲ့ရတဲ့ သာဓကလည္း ရွိေနပါေသးတယ္။ အခုကိစၥမွာလည္း Liziane ဟာ ေျမာက္ကုိရီးယား စစ္သားတစ္ဦးရဲ႕ ဦးထုပ္ကို ခုိးယူၿပီး-




မေပါ့တေပၚဝတ္စုံနဲ႔ ဓာတ္ပုံေတြ႐ုိက္ကူးခဲ့တာပါ။ သူမဟာ ရထားေပၚမွာလည္း အရက္ေသစာကုိ စိတ္ႀကိဳက္ေသာက္စားခဲ့ၿပီး၊ ဦးထုတ္ကုိေတာ့ နဂုိေနရာကို ျပန္ထားေပးခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီလုိပဲ ဦးထုပ္ပုိင္ရွင္ စစ္သားကလည္း မရိပ္မိခဲ့ဘူးလုိ႔ ေျပာပါတယ္။




ဒါေပမယ့္ သူမဟာ ေျမာက္ကုိရီးယားနယ္စပ္ကေန အမွားအယြင္းမရွိ ျပန္လာႏုိင္ခဲ့ပါတယ္။ သူမဟာ အေမရိကန္လူမ်ိဳးဆုိေသာ္လည္း ဘရားဇီးမွာ ေမြးဖြားခဲ့သူပါ။ သူမရဲ႕လုပ္ရပ္ဟာ အလြန္အႏၱရာယ္မ်ားတာေၾကာင့္ သက္ဆုိင္ရာကေန ဖိအားေပးခံရဖုိ႔ ရွိပါတယ္။




ဒီလုိပဲ Liziane ဟာ နာမည္ေက်ာ္ ရက္ပါ Chris Brown ကုိ တရားစြဲဆုိကာ နာမည္ႀကီးလာသူျဖစ္ၿပီး၊ သူမကုိ Brown ရဲ႕ သူငယ္ခ်င္းက တုိက္ခုိက္ခဲ့လုိ႔ဆုိၿပီးေတာ့ပါ။ အဲဒီကိစၥမွာလည္း သူမဟာ ေလွ်ာ္ေၾကး ေပါင္(၅၆၀၀၀)အထိ ရရွိခဲ့သလုိ၊ ပြဲဆူေစခဲ့တဲ့သူမဟာ နာမည္တစ္ဟုန္ထုိး ႀကီးလာပါတယ္။


နတ္သူႀကီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ဘရားဇီးမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Liziane Gutierrez အမည်ရ (၃၃)နှစ်အရွယ် မော်ဒယ်တစ်ဦးဟာ မြောက်ကိုရီးယားမှာ ပြဿနာတွေ ရှာဖွေလိုက်တာကြောင့် သက်ဆိုင်ရာ ဆွေမျိုးမိဘတွေကတော့ ခေါင်းကျိန်းနေပါပြီ။ သူမဟာ မြောက်ကိုရီးယားကို အလည်အပတ် ရောက်နေတာလို့ Mirror က ဖော်ပြထားပါတယ်။




ဒီသတင်းကို ApannPyay ပရိသတ်ကြီးအတွက် ဘသာပြန် ဖော်ပြပေးလိုက်ပါတယ်။ Liziane ဟာ မြောက်ကိုရီးယား ပြုံယမ်းမြို့တော်မှာ အမေရိကန်နိုင်ငံအလံနဲ့ ဒီဇိုင်းထွင်ချုပ်လုပ်ထားတဲ့ စကတ်ကိုလည်း ဝတ်ဆင်ခဲ့ပြီး၊ ရထားခရီးစဉ်တစ်ခုပေါ်မှာ ပြစ်မှုထပ်မံ ကျူးလွန်ခဲ့ပါတယ်။




အမေရိကန်နိုင်ငံသာ Otto Warmbier ဟာ မြောက်ကိုရီးယားမှာ ပစ္စည်းခိုးယူမှုနဲ့ အရက်စက်ဆုံး အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံခဲ့ရပြီး သေဆုံးခဲ့ရတဲ့ သာဓကလည်း ရှိနေပါသေးတယ်။ အခုကိစ္စမှာလည်း Liziane ဟာ မြောက်ကိုရီးယား စစ်သားတစ်ဦးရဲ့ ဦးထုပ်ကို ခိုးယူပြီး-


မပေါ့တပေါ်ဝတ်စုံနဲ့ ဓာတ်ပုံတွေရိုက်ကူးခဲ့တာပါ။ သူမဟာ ရထားပေါ်မှာလည်း အရက်သေစာကို စိတ်ကြိုက်သောက်စားခဲ့ပြီး၊ ဦးထုတ်ကိုတော့ နဂိုနေရာကို ပြန်ထားပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုပဲ ဦးထုပ်ပိုင်ရှင် စစ်သားကလည်း မရိပ်မိခဲ့ဘူးလို့ ပြောပါတယ်။


ဒါပေမယ့် သူမဟာ မြောက်ကိုရီးယားနယ်စပ်ကနေ အမှားအယွင်းမရှိ ပြန်လာနိုင်ခဲ့ပါတယ်။ သူမဟာ အမေရိကန်လူမျိုးဆိုသော်လည်း ဘရားဇီးမှာ မွေးဖွားခဲ့သူပါ။ သူမရဲ့လုပ်ရပ်ဟာ အလွန်အန္တရာယ်များတာကြောင့် သက်ဆိုင်ရာကနေ ဖိအားပေးခံရဖို့ ရှိပါတယ်။


ဒီလိုပဲ Liziane ဟာ နာမည်ကျော် ရက်ပါ Chris Brown ကို တရားစွဲဆိုကာ နာမည်ကြီးလာသူဖြစ်ပြီး၊ သူမကို Brown ရဲ့ သူငယ်ချင်းက တိုက်ခိုက်ခဲ့လို့ဆိုပြီးတော့ပါ။ အဲဒီကိစ္စမှာလည်း သူမဟာ လျှော်ကြေး ပေါင်(၅၆၀၀၀)အထိ ရရှိခဲ့သလို၊ ပွဲဆူစေခဲ့တဲ့သူမဟာ နာမည်တစ်ဟုန်ထိုး ကြီးလာပါတယ်။


နတ်သူကြီး