ခ်စ္ေနတဲ့ မိန္းကေလးက လက္မခံလို႔ သတ္ၿပီး အေလာင္းကို အဓမၼက်င့္ခဲ့မႈ

2019-09-20 13:26:53


ခ်စ္ေနတဲ့ မိန္းကေလးက လက္မခံလို႔ သတ္ၿပီး အေလာင္းကို အဓမၼက်င့္ခဲ့မႈ

အသက္(၅၁)ႏွစ္အရြယ္ စကၤာပူႏုိင္ငံေန၊ မေလးရွားႏုိင္ငံသားတစ္ဦးဟာ သူ တိတ္တခုိးခ်စ္ရတဲ့ ခ်စ္သူက သူ႕အခ်စ္ကို လက္မခံလုိ႔ သတ္ပစ္ၿပီး၊ အေလာင္းကို အဓမၼက်င့္ခဲ့ေၾကာင္း သိရပါတယ္။ သူ႕အမည္ကေတာ့ Boh Soon Ho လုိ႕ သိရၿပီး၊ စက္တင္ဘာ (၁၈)ရက္က ႐ုံးထုတ္စစ္ေဆးခဲ့တာပါ။


Soon ကုိ လူသတ္မႈ၊ မုဒိမ္းမႈ၊ ပစၥည္းလုယက္မႈနဲ႔ အမႈဖြင့္ဖမ္းဆီးခဲ့တာပါ။ Soon ဟာ ေသဆုံးသူက သူမရဲ႕အခ်စ္ကုိ လက္မခံေပမယ့္၊ ႏွစ္ေယာက္သား ရင္းနီးၾကတာေၾကာင့္ သူရဲ႕ခ်စ္သူအျဖစ္ မွတ္ယူေၾကာင္း ဆုိပါတယ္။ တကယ္ေတာ့ ဒီလူသတ္မႈဟာ (၂၀၁၆) ႏွစ္စပုိင္းေလာက္က ျဖစ္ခဲ့တာပါ။



ေသဆုံးသူမွာ အသက္(၂၈)ျဖစ္ၿပီး တ႐ုတ္ႏုိင္ငံသူ၊ စကၤာပူႏုိင္ငံေနသူ ျဖစ္ပါတယ္။ သူမအမည္ကုိေတာ့ Zhang လုိ႔ ေဖာ္ျပထားၿပီး၊ သူမအေနနဲ႔ Soon ကုိ မခ်စ္ႏုိင္ေသာ္လည္း ႀကိဳရွည္ရွည္နဲ႔ လွန္ထားခဲ့တာပါ။ Soon ဟာ သူမအတြက္ေတာ့ ႐ုပ္ေသး႐ုပ္ ျဖစ္ခဲ့ရပါတယ္။




အခင္းျဖစ္တဲ့ႏွစ္ မတ္လ (၁၈)ရက္မွာ Zhang ဟာ တစ္ျခားအမ်ိဳးသားတစ္ေယာက္နဲ႔ တြဲသြားတာကို Soon တစ္ေယာက္ သိၿပီးေနာက္ပုိင္း၊ မေက်နပ္ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီေန႔မွာ Zhang ဟာ Soon ရဲ႕အခန္းကို ေရာက္လာၿပီး ေရမုိးခ်ိဳး အလွျပင္ေနခဲ့ပါတယ္။




အဲဒီမွာပဲ Soon က စကားနဲ႔ေျပာတာလက္မခံလုိ႔ အတင္းဝင္လုံးခဲ့တာပါ။ အဲဒီေနာက္ ေရခ်ိဳးခန္းတဘက္နဲ႔ လည္ပင္းကို ညႇစ္သတ္လုိက္ပါတယ္။ Zhang ေသဆုံးခ်ိန္မွာ သူဟာ အေလာင္းကို အဓမၼက်င့္ခဲ့တာလုိ႔ သိရပါတယ္။ သူဟာ Zhang ေသဆုံးတဲ့ဓာတ္ပုံေတြကုိ ဝတ္လစ္စားလွစ္နဲ႔ ဓာတ္ပုံရုိက္ခဲ့ပါေသးတယ္။




အဲဒီေနာက္ Soon ဟာ မေလးကို ထြက္ေျပးခဲ့ပါတယ္။ သူရဲ႕အမႈကို ညီမျဖစ္သူထံ ဝန္ခံမွ၊ အမႈက ေပၚေပါက္သြားခဲ့တာပါ။ Zhang ရဲ႕အေလာင္းကို မတ္လ (၂၂)ရက္မွ ပုပ္ပြေသဆုံးလွ်က္ ေတြ႕ခဲ့ရပါတယ္။ မေလးရွားရဲက ဧၿပီလမွာ တရားခံ လႊဲေပးခဲ့ပါတယ္။ သူဟာ ေသဒဏ္ သုိ႔မဟုတ္ ေထာင္ဒဏ္ တစ္သက္ က်ခံရဖုိ႔ ရွိပါတယ္။


နတ္သူႀကီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အသက်(၅၁)နှစ်အရွယ် စင်္ကာပူနိုင်ငံနေ၊ မလေးရှားနိုင်ငံသားတစ်ဦးဟာ သူ တိတ်တခိုးချစ်ရတဲ့ ချစ်သူက သူ့အချစ်ကို လက်မခံလို့ သတ်ပစ်ပြီး၊ အလောင်းကို အဓမ္မကျင့်ခဲ့ကြောင်း သိရပါတယ်။ သူ့အမည်ကတော့ Boh Soon Ho လို့ သိရပြီး၊ စက်တင်ဘာ (၁၈)ရက်က ရုံးထုတ်စစ်ဆေးခဲ့တာပါ။


Soon ကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယက်မှုနဲ့ အမှုဖွင့်ဖမ်းဆီးခဲ့တာပါ။ Soon ဟာ သေဆုံးသူက သူမရဲ့အချစ်ကို လက်မခံပေမယ့်၊ နှစ်ယောက်သား ရင်းနီးကြတာကြောင့် သူရဲ့ချစ်သူအဖြစ် မှတ်ယူကြောင်း ဆိုပါတယ်။ တကယ်တော့ ဒီလူသတ်မှုဟာ (၂၀၁၆) နှစ်စပိုင်းလောက်က ဖြစ်ခဲ့တာပါ။


သေဆုံးသူမှာ အသက်(၂၈)ဖြစ်ပြီး တရုတ်နိုင်ငံသူ၊ စင်္ကာပူနိုင်ငံနေသူ ဖြစ်ပါတယ်။ သူမအမည်ကိုတော့ Zhang လို့ ဖော်ပြထားပြီး၊ သူမအနေနဲ့ Soon ကို မချစ်နိုင်သော်လည်း ကြိုရှည်ရှည်နဲ့ လှန်ထားခဲ့တာပါ။ Soon ဟာ သူမအတွက်တော့ ရုပ်သေးရုပ် ဖြစ်ခဲ့ရပါတယ်။


အခင်းဖြစ်တဲ့နှစ် မတ်လ (၁၈)ရက်မှာ Zhang ဟာ တစ်ခြားအမျိုးသားတစ်ယောက်နဲ့ တွဲသွားတာကို Soon တစ်ယောက် သိပြီးနောက်ပိုင်း၊ မကျေနပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာ Zhang ဟာ Soon ရဲ့အခန်းကို ရောက်လာပြီး ရေမိုးချိုး အလှပြင်နေခဲ့ပါတယ်။


အဲဒီမှာပဲ Soon က စကားနဲ့ပြောတာလက်မခံလို့ အတင်းဝင်လုံးခဲ့တာပါ။ အဲဒီနောက် ရေချိုးခန်းတဘက်နဲ့ လည်ပင်းကို ညှစ်သတ်လိုက်ပါတယ်။ Zhang သေဆုံးချိန်မှာ သူဟာ အလောင်းကို အဓမ္မကျင့်ခဲ့တာလို့ သိရပါတယ်။ သူဟာ Zhang သေဆုံးတဲ့ဓာတ်ပုံတွေကို ဝတ်လစ်စားလှစ်နဲ့ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။


အဲဒီနောက် Soon ဟာ မလေးကို ထွက်ပြေးခဲ့ပါတယ်။ သူရဲ့အမှုကို ညီမဖြစ်သူထံ ဝန်ခံမှ၊ အမှုက ပေါ်ပေါက်သွားခဲ့တာပါ။ Zhang ရဲ့အလောင်းကို မတ်လ (၂၂)ရက်မှ ပုပ်ပွသေဆုံးလျှက် တွေ့ခဲ့ရပါတယ်။ မလေးရှားရဲက ဧပြီလမှာ တရားခံ လွှဲပေးခဲ့ပါတယ်။ သူဟာ သေဒဏ် သို့မဟုတ် ထောင်ဒဏ် တစ်သက် ကျခံရဖို့ ရှိပါတယ်။


နတ်သူကြီး