သိန်း (၃၀)လောက် မှားဝင်လာတဲ့ လစာတွေကို တပြားမှမသုံးဘဲ ပြန်ပေးခဲ့ကြတဲ့ စက်ရုံအလုပ်သမားတွေ

2019-09-20 16:28:10


သိန်း (၃၀)လောက် မှားဝင်လာတဲ့ လစာတွေကို တပြားမှမသုံးဘဲ ပြန်ပေးခဲ့ကြတဲ့ စက်ရုံအလုပ်သမားတွေ

စက်ရုံတွေမှာ အလုပ်သမားတွေကို လစာထည့်ပေးရတဲ့ HR မန်နေဂျာတစ်ယောက်ရဲ့ ပေါ့ဆမှုကနေ မရှိတော့တဲ့ ၀န်ထမ်းတွေကို လစာမှားထည့်ပေးမိခဲ့ပါတယ်။ မြန်မာငွေနဲ့ဆို သိန်း (၃၀) လောက်ရှိမယ့် ပမာဏကို သက်ဆိုင်ရာ အလုပ်သမားတွေက အသီးသီးပြန်လည်ပေးကြတဲ့ ဖြစ်စဉ်တစ်ခု မလေးရှားမှာ ဖြစ်ပွားခဲ့ပါတယ်။


NST သတင်းဌာနရဲ့ ဖော်ပြချက်ကို Apannpyay ရဲ့ နားလည်မှုအရ Pahang ၊ Gebeng မှာရှိတဲ့ HR မန်နေဂျာတစ်ယောက်ဟာ သူ့စက်ရုံမှာ မရှိတော့တဲ့ အလုပ်သမားဟောင်းတွေထဲကို လစာတွေမှားထည့်ပေးမိခဲ့ပါတယ်။ အလုပ်သမားတွေက တစ်လကို ရင်းဂစ် (၁၆၀)လောက်ရတဲ့သူတွေ ဖြစ်ပြီး ဘဏ်အကောင့်တွေထဲကို စုစုပေါင်း ရင်းဂစ် (၇၃၀၀)လောက်မှားထည့်ခဲ့တာပါ။





နောက်တော့ သက်ဆိုင်ရာအကောင့်ကို စာရင်းပေးခဲ့ချိန်မှာ မရှိတဲ့လူတွေကို ငွေပေးထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ချက်ချင်းဆိုသလို မန်နေဂျာအနေနဲ့ ဗျာများသွားခဲ့ရပြီး၊ ဖုန်းတွေအကုန်လိုက်ဆက်ခဲ့ရပါတော့တယ်။ အားလုံးလိုလိုက ပြန်ပေးခဲ့ကြပြီး၊ သူတို့အနေနဲ့ စက်ရုံရဲ့ အလုပ်သမားတွေ ဖြစ်ခဲ့ဖူးတဲ့အတွက် ဒီလိုမှားတာတွေက ခဏခဏကြုံဖူးတယ်လို့ ဆိုပါတယ်။




ဒါပေမဲ့ စက်ရုံကပဲထွက်သွားတဲ့ အလုပ်သမားနှစ်ယောက်ကတော့ ပိုက်ဆံတွေဝင်လာကတည်းက မှားဝင်လာမှန်းသိချိန်မှာ ဘာမှမစဉ်းစားနေဘဲနဲ့ကို ဈေးဝယ်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာဘဏ်တွေနဲ့ ချိတ်ခဲ့ပေမဲ့ မန်နေဂျာရဲ့ အမှားဖြစ်တဲ့အပြင် စက်ရုံအလုပ်သမားလည်း မဟုတ်တော့တဲ့အတွက် လျော်ရုံမှတပါးအခြားမရှိတော့ပါဘူး။




ဒီကိစ္စကို ရဲဌာနကလည်း ဘာမှလုပ်ပေးလို့ရမဘဲ အလုပ်သမားတွေဟာ ဇူလိုင်လက အပြီးထွက်ပြီးသွားတဲ့ လူတွေဖြစ်တဲ့အတွက် အမှုလိုက်ပေးလို့လည်း မရဘူးလို့ဆိုခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတော့ ဘဏ္ဍာရေးပိုင်းဖက်ကနေ ပြန်ပြီး အမှုဖွင့်ရင်တော့ရတယ်လို့ ဆိုထားတာကို Apannpyay အနေနဲ့ တွေ့ရပါတယ်။ မန်နေဂျာအနေနဲ့လည်း အများကြီးမစိုက်ရပါဘူး။


မြန်မာငွေ တစ်သိန်းကျော်လောက်ပဲရှိတဲ့အတွက် သူ့အနေနဲ့ တော်သေးတယ်လို့ ဆိုရမှာပါ။ အချိန်ပိုင်းအလုပ်သမားတွေ ဖြစ်တဲ့အတွက် လစာအများကြီး ပေးစရာမလိုတာလည်း ဖြစ်ပါတယ်။


သူရေး (Apannpyay)