ဒေါ်လာ ၁၁၂ ကျပ်တည်းနဲ့ အိမ်အနောက်မှာ အရမ်းမိုက်တဲ့ဘားတစ်ခု တည်ဆောက်ပြခဲ့သူ

2019-09-20 16:29:23


ဒေါ်လာ ၁၁၂ ကျပ်တည်းနဲ့ အိမ်အနောက်မှာ အရမ်းမိုက်တဲ့ဘားတစ်ခု တည်ဆောက်ပြခဲ့သူ

ယနေ့ခေတ် ယနေ့အခါမှာဆိုရင် ဘားထိုင်တာ၊ ကလပ်သွားတာတွေက အရမ်းကို ခေတ်စားနေပြီး လူငယ်အများစု သဘောကျ နှစ်သက်တဲ့နေရာတွေဆိုလည်း မမှားပါဘူးနော်။ တစ်ချို့ဘားတွေကတော့ ဈေးအရမ်းကြီးလွန်းလို့ မသွားလိုက်ရတဲ့ အခါမျိုးတွေလည်း ကြုံဖူးကြမှာပါ။


Paul Nowak ဆိုသူအမျိုသားတစ်ဦးကတော့ ဒေါ်လာ ၁၁၂ ကျပ်တည်းနဲ့ လှပသစ်ဆန်းတဲ့သစ်သားတွေကိုသာအသုံးပြုထားတဲ့ ဘားတစ်ခုကို တည်ဆောက်နိုင်ခဲ့တဲ့အကြောင်းကို APANNPYAY ပရိတ်သတ်ကြီးအတွက် Elite Readers မှတစ်ဆင့် ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်နော်။




Paul အနေနဲ့ကတော့ ဒီကိစ္စလေးကို အကောင်အထည်ဖော်ချင်နေတာ ကြာပြီလို့ဆိုပါတယ်။ အခုတော့ သူ့အိမ်မက်တွေက တကယ်ဖြစ်လာပါပြီနော်။ ဒီလှပတဲ့ဘားအတွက် သူ့အနေနဲ့ အချိန်နှစ်ရက်သာယူခဲ့ရတာ မယုံနိုင်စရာပါပဲနော်။




သူ့အနေနဲ့ ဒေါ်လာ ၁၁၂ ကျပ်ကုန်ရတဲ့အကြောင်းအရင်းကိုလည်း ပြောပြသွားခဲ့ပါသေးတယ်။ “ကျွန်တော် ဒေါ်လာ ၁၁၂ ကျပ်ကို သုံးရတဲ့အကြောင်းကလည်း အခြားဘားမှာထားသင့်ပြီး လိုအပ်တဲ့ပစ္စည်းတွေအတွက်ပဲကုန်ခဲ့တာပါ။ တော်တော်များများကိုတော့ Free အနေနဲ့ရခဲ့တာပါ။ သစ်သားတွေကိုလည်း ကိုယ်တိုင်ပြုပြင်သုံးထားတာကြောင့် ပိုက်ဆံမကုန်ခဲ့ပါဘူး။ အထူးသဖြင့် အပေါ်ကအမိုးကတော့ ၄၀ ပေါင်ကို ဒေါ်လာ ၅ဝ လောက်ကုန်ခဲ့ပါတယ်။ ဆေးရောင်အတွက်ကိုတော့ ပေါင် ၃၀ အတွက် ဒေါ်လာ ၃၇ ကျပ်ကျခဲ့ပါတယ်။ ကျွန်တော့်အကောင်းဆုံးမိတ်ဆွေတစ်ဦးကတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဘားလေးအတွက် အရက်ပုလင်းအချို့ကို လက်ဆောင်ပေးခဲ့ပါတယ်”ဆိုတဲ့အကြောင်းတွေကို ရေးသားမျှဝေခဲ့ပြီး Elite Readers သတင်းဝက်ဘ်ဆိုက်က ဖော်ပြသွားခဲ့ပါတယ်။




ApannPyay ပရိတ်သတ်ကြီးလည်း အရမ်းကို အားကျနေပြီး သူ့လို့ကိုယ်ပိုင်ဘားလေးတည်ချင်နေပြီလား၊ အခြားဘားတွေကို သွားစရာမလိုဘဲ အချိန်ကုန်၊ ပိုက်ဆံကုန်သက်သာပြီး စိတ်ဖြေဖျောက်လို့ရတဲ့အကောင်းဆုံး အကြံလေးပါပဲနော်။




San Htet Wai-ApannPyay(အပန်းပြေ)