ငါးနှစ်​သမီးလေးကို အဓမ္မပြုကျင့်​ပါတယ်​လို့ အတိုင်​ခံရသူက ရဲတပ်​သားဖြစ်နေ

2019-09-20 16:29:53


ငါးနှစ်​သမီးလေးကို အဓမ္မပြုကျင့်​ပါတယ်​လို့ အတိုင်​ခံရသူက ရဲတပ်​သားဖြစ်နေ

သရက်မြို့ အနောက်ရပ်မြောက်ပိုင်းရပ်ကွက် မြို့ပတ်လမ်းနေ ဒေါ် ——-ဆိုသူအမျိုသမီးသည်​ 19-9-2019နေ့တွင်​ ဆပ်ပြာမှုန့်နှင့် Coffee mix သွားဝယ်ပြီး နေအိမ်သို့ပြန်လာစဉ် ခရိုင်ရဲရုံးအနီး ရဲသင်တန်းသားအဆောင်ရှေ့အရောက်တွင် တအိမ်ထဲအတူနေ တူတော်သူ ဒုတိယတန်းကျောင်သားမှ သမီးဖြစ်သူမှာသည်ရဲသင်တန်းသား အဆောင်ပေါ်တွင်ရောက်ရှိနေသည်ဟု လက်ညိုးထိုးပြသဖြင့်လှမ်းကြည့်ရာ


သမီးဖြစ်​သူအားအပေါ်ပိုင်းဗလာ ပုဆိုးဝတ်ထားသောလူတဦးက ပိုက်ဆံပေးနေသည်ကိုမြင်တွေ့ရသဖြင့် နေအိမ်သို့ပြန်ခေါ်လာပြီးမှမေးမြန်းရာ ပိုက်ဆံပေးသူက မိမိအား ဘောင်းဘီချွတ်ခိုင်းပြီး ထိုသူကပုဆိုးချွတ်ကာ အပေါ်မှတက်အိပ်ကြောင်း၊ ရှုးပေါက်သည့်နေရာမှ နာကျင်နေသည်ဟု သမီးက မိခင်ဖြစ်သူကို ပြောပြကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူမှ


19-9-2019နေ့တွင်​ တရားလိုပြုလုပ်တိုင်ကြားလာသဖြင့် အသက် ၅ နှစ်အရွယ်မ —–အား မုဒိမ်းကျင့်​ပါသည်​ဟုအတိုင်​ခံရသူ ရဲတပ်သား ကျော်ဖြိုးထက် (၂၄ နှစ်)အား သရက်မြို့မရဲစခန်းမှ (ပ)၆၇၉/၂၀၁၉ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း၊ သိရှိရပါသည်


NEWS REPORT-ရန်​ကြီးအောင်​(သရက်​) (SH သတင်းဌာန)


EDIT————U U THET(SHသတင်းဌာန) “ရှုထောင့်​”မှုခင်းနှင့်​သတင်းစုံဂျာနယ်​ အမှန်​တရား သတင်းဂျာနယ်


U THET(SHသတင်းဌာန) ရဲ့ ခွင့်ပြုချက်ဖြင့် ApannPyay မှ တဆင့်ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။