သတုိ႔သမီးထက္ ဂိမ္းကုိပုိခ်စ္တဲ့ သတုိ႔သား မဂၤလာပြဲမွာ ဂိမ္းပဲေဆာ့ေနလုိ႔ ေဝဖန္ခံေနရ

2019-09-20 18:31:29


သတုိ႔သမီးထက္ ဂိမ္းကုိပုိခ်စ္တဲ့ သတုိ႔သား မဂၤလာပြဲမွာ ဂိမ္းပဲေဆာ့ေနလုိ႔ ေဝဖန္ခံေနရ

ၿပီးခဲ့တဲ့ လအနည္းငယ္ကတည္းက လူမႈကြန္ရက္မွာ ေခတ္စားေနတဲ့ ဓာတ္ပုံေလးကေတာ့ မဂၤလာပြဲမွာ သတုိ႔သားဟာ ဂိမ္းကုိ စိတ္ဝင္တစား ေဆာ့ေနတဲ့ပုံ ျဖစ္ပါတယ္။ သူဟာ မဂၤလာပြဲကိုေတာင္ စိတ္သိပ္ဝင္စားပုံမျပဘဲ၊ ဂိမ္းကို သည္းႀကီးမည္းႀကီး ေဆာ့ေနလုိ႔-


လူမႈကြန္ရက္ေပၚမွာေတာ့ သူရဲ႕လုပ္ရပ္ကို ခ်ီးက်ဴးသူထက္ ေဝဖန္သူက ပုိမ်ားေနပါတယ္။ တစ္ခ်ိဳ႕ကလည္း ဒီအမ်ိဳးသားကို အလုိက္ကမ္းဆုိး မသိဘူးလုိ႔ ေျပာေနၾကပါတယ္။ တကယ္လည္း သူရဲ႕ အေရးႀကီးတဲ့ မဂၤလာပြဲမွာ သူဟာ ဂိမ္းကစားခ်င္စိတ္ကို နည္းနည္းေလာက္ေတာ့ ထိန္းသင့္တာေပါ့။




တစ္ခ်ိဳ႕ကလည္း ဒီအမ်ိဳးသားရဲ႕အျပဳအမူဟာ အေတာ္ေလး အတၱႀကီးတဲ့လူတစ္ေယာက္ရဲ႕ အျပဴအမူနဲ႔ တူေၾကာင္း၊ သူဟာ မိဘေမာင္ဘြားေတြက အလုိလုိက္လုိ႔ ဆုိးေနတဲ့ လူတစ္ေယာက္ ျဖစ္ပုံရေၾကာင္း၊ သူ႕ရဲ႕ သတုိ႔သမီးအဖုိ႔ေတာ့ ကံဆုိးတယ္လုိ႔ ေဝဖန္ေနၾကပါတယ္။


ဒီအျဖစ္အပ်က္ကို WorldOfBuzz က ေဖာ္ျပထားတာပါ။ သတုိ႔သမီးဟာ ခင္ပြန္းအသစ္စက္စက္ရဲ႕ လုပ္ရပ္ကို အေတာ္ေလး ဘဝင္မက် ျဖစ္ေနေပမယ့္ မေျပာသာတဲ့သေဘာမွာ ေတြ႕ရပါတယ္။ ဧည့္သည္တစ္ေယာက္က လက္ဖြဲ႕ေပးတာေတာင္ သူက တြန္းပစ္လုိက္ပါေသးတယ္။




ဗြီဒီယုိကေတာ့ TikTok ဗြီဒီယုိပုံစံနဲ႔ လူမႈကြန္ရက္မွာ ပ်ံ႔ႏွံ႔ေနတာပါ။ သတုိ႔သားနဲ႔ သတုိ႔သမီးတုိ႔ အမည္ကိုေတာ့ ေဖာ္ျပမထားပါဘူး။ ေနာက္ၿပီး အိႏၵိယက မဂၤလာေဆာင္လုိ႔သာ သိရေပမယ့္ ဘယ္ၿမိဳ႕ဘယ္ေဒသဆုိတာ သတင္းမွာ ထည့္သြင္း ေရးထားျခင္း မရွိပါဘူး။


လင္းသူရိန္ D Nae Khit Media


ယူနီကုဒ်ဖြင့်ဖတ်ရန်-


ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက လူမှုကွန်ရက်မှာ ခေတ်စားနေတဲ့ ဓာတ်ပုံလေးကတော့ မင်္ဂလာပွဲမှာ သတို့သားဟာ ဂိမ်းကို စိတ်ဝင်တစား ဆော့နေတဲ့ပုံ ဖြစ်ပါတယ်။ သူဟာ မင်္ဂလာပွဲကိုတောင် စိတ်သိပ်ဝင်စားပုံမပြဘဲ၊ ဂိမ်းကို သည်းကြီးမည်းကြီး ဆော့နေလို့-


လူမှုကွန်ရက်ပေါ်မှာတော့ သူရဲ့လုပ်ရပ်ကို ချီးကျူးသူထက် ဝေဖန်သူက ပိုများနေပါတယ်။ တစ်ချို့ကလည်း ဒီအမျိုးသားကို အလိုက်ကမ်းဆိုး မသိဘူးလို့ ပြောနေကြပါတယ်။ တကယ်လည်း သူရဲ့ အရေးကြီးတဲ့ မင်္ဂလာပွဲမှာ သူဟာ ဂိမ်းကစားချင်စိတ်ကို နည်းနည်းလောက်တော့ ထိန်းသင့်တာပေါ့။


တစ်ချို့ကလည်း ဒီအမျိုးသားရဲ့အပြုအမူဟာ အတော်လေး အတ္တကြီးတဲ့လူတစ်ယောက်ရဲ့ အပြူအမူနဲ့ တူကြောင်း၊ သူဟာ မိဘမောင်ဘွားတွေက အလိုလိုက်လို့ ဆိုးနေတဲ့ လူတစ်ယောက် ဖြစ်ပုံရကြောင်း၊ သူ့ရဲ့ သတို့သမီးအဖို့တော့ ကံဆိုးတယ်လို့ ဝေဖန်နေကြပါတယ်။


ဒီအဖြစ်အပျက်ကို WorldOfBuzz က ဖော်ပြထားတာပါ။ သတို့သမီးဟာ ခင်ပွန်းအသစ်စက်စက်ရဲ့ လုပ်ရပ်ကို အတော်လေး ဘဝင်မကျ ဖြစ်နေပေမယ့် မပြောသာတဲ့သဘောမှာ တွေ့ရပါတယ်။ ဧည့်သည်တစ်ယောက်က လက်ဖွဲ့ပေးတာတောင် သူက တွန်းပစ်လိုက်ပါသေးတယ်။


ဗွီဒီယိုကတော့ TikTok ဗွီဒီယိုပုံစံနဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာပါ။ သတို့သားနဲ့ သတို့သမီးတို့ အမည်ကိုတော့ ဖော်ပြမထားပါဘူး။ နောက်ပြီး အိန္ဒိယက မင်္ဂလာဆောင်လို့သာ သိရပေမယ့် ဘယ်မြို့ဘယ်ဒေသဆိုတာ သတင်းမှာ ထည့်သွင်း ရေးထားခြင်း မရှိပါဘူး။


လင်းသူရိန် D Nae Khit Media