ဇနီးကို ဘာမွမေျပာဘဲ ကြာရွင္းသြားတဲ့ခင္ပြန္းကုိ ရဲတပ္ဖြဲ႕ ဖမ္းဝရမ္းထုတ္ထား

2019-09-20 18:35:45


ဇနီးကို ဘာမွမေျပာဘဲ ကြာရွင္းသြားတဲ့ခင္ပြန္းကုိ ရဲတပ္ဖြဲ႕ ဖမ္းဝရမ္းထုတ္ထား

အမ်ိဳးသားတစ္ေယာက္ဟာ ဇနီးျဖစ္သူကို ဘာအေၾကာင္းျပခ်က္မွ မေပးဘဲ ကြာရွင္းၿပီး တိမ္းေရွာင္ေနတဲ့အတြက္ ရဲစခန္းက ဖမ္းဝရမ္းထုတ္ထားတယ္လုိ႔ သိရပါတယ္။ အဲဒီအမ်ိဳးသားဟာ အသက္(၅၁)ႏွစ္ျဖစ္ၿပီး၊ တကၠဆက္မွာ ေနထိုိင္ပါတယ္။ နာမည္မွာ Paul Nixon လုိ႔ သိရပါတယ္။


ဒီအေၾကာင္းကုိ UniLad က ေဖာ္ျပထားတာျဖစ္ၿပီး ApannPyay ပရိသတ္ႀကီးအတြက္ ဘာသာျပန္ေပးလုိက္ပါတယ္။ Nixon ကုိ အခုအခါမွာ ရဲက ဖမ္းဝရမ္းထုတ္ထားပါတယ္။ သူရဲ႕ကြာရွင္းမႈေၾကာင့္ ဇနီးျဖစ္သူမွာ နစ္နာမႈေတြရွိခဲ့တယ္လုိ႔ ရဲတပ္ဖြဲ႕ရဲ႕ လူမႈကြန္ရက္မွာ ေဖာ္ျပထားပါတယ္။


Harris County ရဲတပ္ဖြဲ႕က Nixon ကုိေတြ႕ရွိပါက သတင္းေပးတုိင္ၾကားဖုိ႔ အမ်ားျပည္သူကို ေတာင္းဆုိထားတာပါ။ သူရဲ႕ဇနီးဟာ ၿပီးခဲ့တဲ့ ေမလ (၁၄)ရက္က ရဲတပ္ဖြဲ႕ထံ သတင္းေပးတုိင္ၾကားခဲ့တာျဖစ္ၿပီး၊ ကြာရွင္းလႊာမွာ ခင္ပြန္းျဖစ္သူက သူမကိုယ္စား သူ႕ဘာသာ လက္မွတ္ထုိးထားပါသတဲ့။




သူတုိ႔လင္မယားဟာ လက္ထပ္ထားတဲ့ နွစ္အနည္းငယ္သာ ရွိေသးၿပီး၊ ကြာရွင္းစာခ်ဳပ္ကုိ ေတြ႕လုိက္ေတာ့ သူမ အေတာ္ေလး ထိတ္လန္႔သြားတယ္လုိ႔ ဆုိပါတယ္။ ပုိဆုိးတာက သူမ ပိုင္ဆုိင္သမွ် ပုိက္ဆံနဲ႔ လက္ဝတ္လက္စားေတြကို ယူသြားတာေၾကာင့္ သူမမွာ အခက္အခဲေတြ ရင္ဆုိင္ေနရပါတယ္။


ၿပီးခဲ့တဲ့ စက္တင္ဘာ(၁၈)ရက္ေန႔ကအထိ Nixon မွာ ထြက္ေျပးလြတ္ေျမာက္ေနဆဲျဖစ္ၿပီး၊ သူ႕ကို ဖမ္းဆီးရမိပါက ဥပေဒအရ ေထာင္ဒဏ္ (၁၀)ႏွစ္အထိ ခ်မွတ္ခံရႏုိင္တယ္လုိ႔ သိရပါတယ္။


နတ္သူႀကီး


ယူနီကုဒ်ဖြင့်ဖတ်ရန်-


အမျိုးသားတစ်ယောက်ဟာ ဇနီးဖြစ်သူကို ဘာအကြောင်းပြချက်မှ မပေးဘဲ ကွာရှင်းပြီး တိမ်းရှောင်နေတဲ့အတွက် ရဲစခန်းက ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။ အဲဒီအမျိုးသားဟာ အသက်(၅၁)နှစ်ဖြစ်ပြီး၊ တက္ကဆက်မှာ နေထိိုင်ပါတယ်။ နာမည်မှာ Paul Nixon လို့ သိရပါတယ်။




ဒီအကြောင်းကို UniLad က ဖော်ပြထားတာဖြစ်ပြီး ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်ပေးလိုက်ပါတယ်။ Nixon ကို အခုအခါမှာ ရဲက ဖမ်းဝရမ်းထုတ်ထားပါတယ်။ သူရဲ့ကွာရှင်းမှုကြောင့် ဇနီးဖြစ်သူမှာ နစ်နာမှုတွေရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။


Harris County ရဲတပ်ဖွဲ့က Nixon ကိုတွေ့ရှိပါက သတင်းပေးတိုင်ကြားဖို့ အများပြည်သူကို တောင်းဆိုထားတာပါ။ သူရဲ့ဇနီးဟာ ပြီးခဲ့တဲ့ မေလ (၁၄)ရက်က ရဲတပ်ဖွဲ့ထံ သတင်းပေးတိုင်ကြားခဲ့တာဖြစ်ပြီး၊ ကွာရှင်းလွှာမှာ ခင်ပွန်းဖြစ်သူက သူမကိုယ်စား သူ့ဘာသာ လက်မှတ်ထိုးထားပါသတဲ့။


သူတို့လင်မယားဟာ လက်ထပ်ထားတဲ့ နှစ်အနည်းငယ်သာ ရှိသေးပြီး၊ ကွာရှင်းစာချုပ်ကို တွေ့လိုက်တော့ သူမ အတော်လေး ထိတ်လန့်သွားတယ်လို့ ဆိုပါတယ်။ ပိုဆိုးတာက သူမ ပိုင်ဆိုင်သမျှ ပိုက်ဆံနဲ့ လက်ဝတ်လက်စားတွေကို ယူသွားတာကြောင့် သူမမှာ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာ(၁၈)ရက်နေ့ကအထိ Nixon မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး၊ သူ့ကို ဖမ်းဆီးရမိပါက ဥပဒေအရ ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။


နတ်သူကြီး