နယူးကာဆယ်ကွင်းလယ်ကစားသမားဂျွန်ဂျိုရှယ်ဗေးဟာတံကောက်ကြောဒဏ်ရာကြောင့်လာမယ့်ခရစ္စမတ်ကာလအထိအနားယူရတော့မှာဖြစ်ပါတယ်။
အသက်၃၀နှစ်ရှိရှယ်ဗေးဟာဘင်ဖီကာနှင့်ကစားခဲ့တဲ့ရာသီကြိုခြေစမ်းပွဲစဉ်တွင်တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီးဒဏ်ရာကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။
သူဟာရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင်အကောင်းဆုံးပုံစံပြန်လည်ရရှိနေသူဖြစ်ပြီးယခုအခါမှာတော့၁၂ပတ်အထိအနားယူရတော့မှာဖြစ်ပါတယ်။
သူဟာနယူးကာဆယ်အတွက်ဘောက်ဆင်ဒေးကာလအတွင်းတွင်ပြန်လည်ကစားလာနိုင်ဖို့ရှိနေပါတယ်။
ရှယ်ဗေးဒဏ်ရာရရှိသွားမှုကြောင့်နယူးကာဆယ်ဟာအသက်၁၉နှစ်ရှိအီးလီးယော့အင်ဒါဆင်ကိုအငှားချသွားတော့မှာဖြစ်ပါတယ်။
အက်ဒီဟိုဝီအနေဖြင့်ကွင်းလယ်တွင်အသုံးပြုရန်ဘရူနိုဂူမာရေးစ်၊ဂျိုလင်တွန်၊ဂျိုးဝဲလ်လော့ခ်၊ရှောင်လောင်းစတပ်ဖ်တို့ရှိပါသေးတယ်။
နယူးကာဆယ်ဟာနော်တင်ဟမ်ဖောရက်စ်ကို၂-၀ဖြင့်အနိုင်ရတဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ဂျိုးလင်တွန်၊ဂူမာရေးစ်နှင့်ဝဲလ်လော့ခ်တို့ကိုပွဲထုတ်သွားခဲ့ပါတယ်။