Cristiano Ronaldo ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလကို အသုံးပြုပြီး Manchester United ကနေထွက်ခွာနိုင်ဖို့ မျက်စိကျနေသူဖြစ်ပြီး ဒီလိုနေရာသစ်ကို ပြောင်းရွှေ့ရမယ်ဆိုရင်တော့ သူ့ရဲ့တန်ဖိုးကြီး ကားစုစည်းမှုကိုပါ ရွှေ့ပြောင်းရမှာမို့ စာရင်းဇယားအရ စိတ်ရှုပ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။
Ronaldo အနေနဲ့ အရင်နှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ Juventus အသင်းကနေ United ဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး Champions League ကစားလိုတဲ့ဆန္ဒကြောင့် အသင်းသစ်ရရှိနိုင်ဖို့ စိတ်စောနေတာဖြစ်ပါတယ်။ သူ့ရဲ့အေးဂျင့်ဖြစ်သူ Jorge Mendes အနေနဲ့လည်း အကောင်းဆုံးအားထုတ်ပေးခဲ့ပေမယ့် Portuguese ကြယ်ပွင့်ဖြစ်သူကို စက်တင်ဘာလ (၁) ရက်နေ့မတိုင်ခင် Old Trafford ကထွက်ခွာခွင့်ပေးဖို့ မစီစဉ်နိုင်ခဲ့ပါဘူး။
ဘောလုံးသမားဖြစ်သူဟာ United အသင်းနဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့် အခုရာသီ Erik ten Hag လက်အောက်မှာ သိပ်ကစားလိုတဲ့ဆန္ဒမရှိတာကို မြင်တွေ့ရပါတယ်။
သူ့အဓိကနေရာကိုလည်း Marcus Rashford ထံ ရှုံးနိမ့်ခဲ့တာကြောင့် အသက် (၃၇) နှစ်အရွယ် ဘောလုံးငွေကြယ်ပွင့်ဟာ ဇန်နဝါရီပြောင်းရွှေ့ကာလမှာတော့ ဒီအသင်းက ထွက်ခွာနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမှာပါ။ သူ့အနေနဲ့ Manchester မြို့ကနေ အဝေးတစ်နေရာဆီ ပြောင်ရွှေ့ရမယ်ဆိုရင်တော့ သူကားစုစည်းမှုကြီးကို တကူးတကပြောင်းရွှေ့ရေး စီစဉ်ပေးရမှာဖြစ်ပါတယ်။
United ရှေ့တန်းကစားသမားဟာ အခုလက်ရှိမှာ တစ်ပတ်လခ £500,000 လောက်ရရှိနေပြီး သူ့ဘောလုံးသက်တမ်းတလျှောက်မှာ $1billion (£860m) ကျော် ရရှိခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ငွေကြေးပိုင်ဆိုင်မှုတွေကို ကားစုစည်းမှုအနေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်တတ်တဲ့ ငွေကြယ်ပွင့်ဟာ Bugattis၊ Ferraris၊ Royce-Royces နဲ့ Aston Martins၊ စတဲ့ ဇိမ်ခံကားများစွာ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
ဒီစုစည်းမှုထဲက ဈေးအကြီးဆုံး Bugattis ကားနှစ်စီးဖြစ်တဲ့ Chiron နဲ့ Veyron တို့ရဲ့ Headrest (ထိုင်ခုံပါ ခေါင်းတင်နေရာ)မှာလည်း ‘CR7’လို့ ရေးထိုးထားပါသေးတယ်။
ဒီအောက်မှာတော့ Ronaldo ပိုင်ဆိုင်တဲ့ £17.9m တန်ဖိုးရှိ ကားစုစည်းမှုမှာ ပါဝင်တဲ့ ကားတွေကိုဈေးနှုန်းနဲ့တကွ ဖော်ပြပေးလိုက်ပါတယ်။
Bugatti Centodieci – £8.5m
Bugatti Chiron – £2.5m
Bugatti Veyron – £1.7m
McLaren Senna – £1m
Mercedes G-Wagon Brabus – £600,000
Rolls-Royce Phantom – £363,000
Ferrari F12 TDF – £350,0000 (15,013,000)
Ferrari 599 GTO – £331,000
Rolls-Royce Cullinan – £330,000
Maserati GranCabrio – £288,000
Bentley Flying Spur – £269,000
Ferrari 599 GTB Fiorano – £267,000
Lamborghini Aventador – £260,000
Ferrari F430 – £258,000
Aston Martin DBS Superlegger – £200,000
Aston Martin DB9 – £172,000
Lamborghini Urus – £159,000
Bentley Continental GT – £151,000
Mercedes AMG GLE 63 – £127,000
Range Rover Sport – £100,000
Chevrolet Camaro – £35,000
M2T Shwengwegames