ယနေ့ခေတ်မိဘတွေ အများဆုံးကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ.

2019-07-24 21:32:40


ယနေ့ခေတ်မိဘတွေ အများဆုံးကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါပဲ.

ယနေ့ခေတ် ကမ္ဘာကြီးဟာ နည်းပညာတွေ တိုးတက်မြင့်မားလာတာနဲ့အတူ ကလေးငယ်တွေရဲ့ မိုဘိုင်းဖုန်းအသုံးပြုမှု ရာခိုင်နှုန်းဟာလည်း တစ်နေ့တစ်ခြား ပိုမိုများပြားလာခဲ့ပါတယ်။ မိဘတွေရဲ့ အလိုလိုက်မှုကြောင့် သားသမီးတွေဟာ ကျောင်းတက်ရမယ့် အရွယ် မရောက်သေးခင်မှာတင် ဖုန်းပွတ်ခြင်းကို စွဲလမ်းတဲ့ဝေဒနာ ခံစားနေကြရပါပြီ။




ဒါဟာတကယ်တော့ ကလေးငယ်အတွက် အရမ်းကို အန္တရာယ်များလွန်းပါတယ်။ မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်ကို လုံးဝဖုန်းပေးမကြည့်သင့်ပါဘူး။ အမေရိကန် ကလေးသူငယ်စောင့်ရှောက်ရေး အကယ်ဒမီကတော့ အသက်၂နှစ်မှ ၅နှစ်ကြား ကလေးငယ်တွေဟာ တစ်နေ့ကို မိနစ်၆၀ထက်ပိုပြီး ဖုန်းကို မကြည့်သင့်ကြောင်း အကြံပြုထားခဲ့ပါတယ်။




အသက်၂နှစ်အောက်အရွယ်သာ ရှိသေးချိန်မှာတော့ မိဘတွေအနေနဲ့ ရင်သွေးငယ်ကို ဖုန်းနဲ့အဝေးဆုံးနေရာမှာသာ ထားသင့်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဖုန်းကိုလက်ကမချတဲ့ ကလေးငယ်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ချိန် ပိုမိုလျော့နည်းမှု လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်ကို အာရုံစိုက် ကြည့်ရှုရတာကြောင့် မျက်စိနဲ့ အာရုံကြောကိုလည်း အနည်းနဲ့အများဆိုလို ထိခိုက်မှု ရှိလာမှာပါ။




ဒါ့အပြင် ကလေးငယ်တွေအနေနဲ့ အိပ်ရေးဝဝ မအိပ်စက်ရတာကြောင့် ခေါင်းကိုက်ခြင်း ၊ အမြင်အာရုံထိခိုက်မှုရှိခြင်း ၊ အာဟာရချို့တဲ့ခြင်း စတဲ့ ဆိုးကျိုးတွေအပြင် နောက်ပိုင်းမှာ အထီးကျန်ခြင်း ၊ စိုးရိမ်ပူပန်မှု များပြားလာခြင်း စတဲ့ ပြဿနာတွေပါ ဖြစ်ပေါ်လာနိုင်ပါတယ်။ အဓိကကတော့ ကလေးငယ်ရဲ့ ဦးနှောက်ကို ပြင်းပြင်းထန်ထန်ထိခိုက်မှု ရှိနိုင်ပြီး ဦးနှောက်နဲ့ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်တဲ့အဆင့်ထိ ရောက်ရှိသွားနိုင်ပါတယ်။




ဖုန်းစွဲလမ်းမှု ပြဿနာဟာ အရက်သေစာနဲ့ မူးယစ်ဆေးဝါး စွဲနေသလိုမျိုး ဖြတ်တောက်ရခက်ခဲပါတယ်။ ဒ့ါကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်ကို ဖုန်းအသုံးပြုစေခြင်း မပြုဖို့နဲ့ အတတ်နိုင်ဆုံး လျှော့ချပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။