ကျုပ်တို့ နိုင်ငံကြီး ဆင်းရဲနေတယ် ကြားတာပဲ ဒါပေမယ့်…..

2019-08-03 12:20:27


ကျုပ်တို့ နိုင်ငံကြီး ဆင်းရဲနေတယ် ကြားတာပဲ ဒါပေမယ့်…..

“ကျုပ်တို့ နိုင်ငံကြီး ဆင်းရဲနေတယ် ကြားတာပဲ ဒါပေမယ့်…..”


နေ့လည်စာ စားဖို့သွားတာ တမြို့လုံးကဆိုင်အကောင်းတွေမှာ လူအပြည့်…  နိုင်ငံက ဆင်းရဲနေတယ် ကြားတယ်..  ညလေး ထွက်သောက်တာ တမြို့လုံးက ဘီယာဆိုင် အရက်ဆိုင် အကောင်းတွေမှာ ဝိုင်းအပြည့်..  နိုင်ငံက ဆင်းရဲနေ တယ် ကြားတယ်..  Weekend တွေဆို ကလပ်တိုင်းမှာ ဈေးကြီးဆိုင်တွေမှာ လူအပြည့်..


နိုင်ငံက ဆင်းရဲနေတယ် ကြားတာပဲ.. Samusang တို့ Iph တို့အသစ်ထွက်ရင် ထွက်တိုင်း တန်းစီစောင့်ပြီး ဝယ်နေတဲ့ လူတွေ တတန်းကြီး… တို့နိုင်ငံက ပညာမတတ်ဖူးပြောတာပဲ.. စကာင်္ပူ သြဇီ အမေရိကားမကလို့..တကမ္ဘာလုံးမှာ လုပ်တတ် ကိုင်တတ်​ပြီး အောင်မြင်နေတဲ့ အသိပညာရှင် အတတ်ပညာရှင်အများကြီးပဲ.. ဒါပေမဲ့ပြန်လာချင်တဲ့လူ တတ်လာတဲ့. ပညာကို ပြန်ဖြန့်ဝေပေးချင်တဲ့လူက နည်းနေတယ်… လာပြန်ဖြန့်ဝေတာ သင်ယူချင်တဲ့ လူနည်းတယ် တန်ဖိုး မထားတတ်ကြဘူး။


ဒီနိုင်ငံမှာ ထားစရာ မရှိတဲ့လူနဲ့ စားစရာမရှိတဲ့လူပဲရှိတယ်တဲ့ ထားပါ ကျနော်က ထားစရာမရှိတဲ့လူတွေပဲ လိုက်မြင်မိ နေတာ နေမှာပါ…  နိုင်ငံက ဆင်းရဲ နေတယ်.. ပိုက်ဆံနဲ့ လုပ်အား ဆင်းရဲနေတာ မဟုတ်ဖူး… လုပ်အား တခုကနေ ရလာတဲ့ပိုက်ဆံကို ဘယ်နေရာမှာ ဘယ်လိုအကျိုးရှိရှိ ဘယ်​လိုသုံးမယ်.. တချို့တဝက်ကို ဘယ်လိုရင်းနှီးမြှုပ်နှံရမယ်.. ဆိုတဲ့အသိပညာ..ဥာဏ်ပညာဆင်းရဲနေတာ… ပိုက်ဆံတွေ လုပ်အားတွေ အတတ်ပညာတွေ မဆင်းရဲဘူး.. အခြေခံ အသိပညာတွေ ဆင်းရဲနေကြတာ..




အလုပ်လုပ်တယ် ခွေးလိုနွားလိုကုန်းလုပ်တယ်..ပိုက်ဆံရတယ်..ဝတ်မယ်စားမယ်သောက်မယ်..သုံးမယ် ဖြုန်းမယ် ဈေးကြီး ပြီး လူအထင်ကြီးမယ်ထင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေနောက် အမောတကော ပြေးလိုက်ကြမယ်..မှောက်ရက်လဲကြ ကွဲကြ ပြဲကြ အကြွေးတွေတင်ကြ အရစ်ကျဆပ်ရ..ဘာလုပ်မှာတုန်း လုပ်မနေနဲ့  လူကတော့ weekend တွေမှာ ဆိုင်အကောင်း တွေမှာ ကလပ်တွေမှာ တောက်ပြောင်ကော့သော့ကျော့်မော့..ပြန်လန်နေတာပဲ အလုပ်နဲ့အကိုင်နဲ့ အိုင်ဖုန်းနဲ့ သုံးဖြုံးနေ တာပဲ..တလတလ သူ့လစာသူ သုံးလို့မလောက်ဖူး…အနာဂတ်အတွက် အစီအစဉ်မရှိဘူး. မိဘအတွက် ဘာမှပြန်လုပ် မပေးနိုင်သေးဘူး..အရေးပေါ် စုဆောင်းထားတာမရှိဖုး..အကြွေးမတင်ရင် ကံကောင်း…


မသွားရဖူး မသုံးမဖြုန်းရဘူး မပြောပါဘူး..သူ့အပိုင်းနဲ့သူပေါ့.တချို့ဟာတွေက လူငယ်ဘဝမှာပဲလုပ်ဖို့ တင့်တယ်တာ.​တွေလေ.  ပြောချင်တာအခြေခံလူတန်းစားတွေနဲ့. တနေ့လုပ် တနေ့စား လူတန်းစားတွေအတွက် မဟုတ်ပေမဲ့ middle class လစာ လောက်လောက်ငှငှ ရနေပေမဲ့ အသုံးနဲ့အဖြုန်း အဓိကမဲ့ သာမည ပကာသန နဲ့ သဘာဝ ကိုမခွဲတတ်တဲ့ လူစားတွေကို ပိုပြောချင်တာပါ..


ကုမ္မဏီ မှာငါးနှစ် အလုပ်လုပ်တယ် ထွက်သမှအင်္ကျိအသစ် ဟန်းဆက်အသစ် ကိုင်တယ် ဖွင့်သမျှဘား သွားဘူးတယ်.. ပြီးတော့ အလုပ်ပြုတ်​တော့..အဲ့တာတွေကလွဲလို့ ဘာမှ စုမိဆောင်းမိ အရေးပေါ် သုံးစရာ ငွေလေးတောင် ဘဏ်အကောင့် ထဲ မရှိဘူး ပြီးတော့ ဘာမှဆက်မဖြစ်တော့ဘူး.ဘာလုပ်မှာလဲ ခေတ်ကိုကလဲ ပညာမတတ်ရင်နေ..အလုပ်မရှိရင်နေ မင်းဖာသာ ဘယ်က ဘယ်လိုနည်းနဲ့ရလာရလာ..အဲ့လိုကော့်ပျံ လန်ထွက်နေတဲ့လူမှ အထင်ကြီးတဲ့ခေတ်.. ကိုယ့်ဖာသာ သာမန်လောက် ဝတ်စားထားမသုံးနိုင်ရင်နှာခေါင်းရှုံ့ ချင်တဲ့ခေတ်.ဆင်းရဲသားလို့ ထင်ကြတဲ့ခေတ်…


လူငယ်တွေ လူလတ်တွေ. စာဖတ်ပါဆို PUPG ဆော့တယ်..ခေါင်းသုံးပါဆို ဖဲရိုက်တယ် အပြင်ထွက်လေ့လာပါဆို ဘီယာဆိုင် ရောက်တယ်..မာဆတ်သွားတယ် ဟောပြောပွဲ ဘာညာသွားနားထောင်ပါဆို.ကေတီဗီနဲ့ ဂိမ်းဆိုင်ရောက်တယ် စော်နဲ့ ဘဲနဲ့လ ဆန်းမှာသုံးမယ်..လကုန်ခါနီးတော့ ရေသောက်ပြီး ဗိုက်အောက်ခေါင်းဦးခု မှောက်အိပ်ကြမယ်..


ကျုပ်တို့နိုင်ငံကြီးက ဆင်းရဲနေတယ် ကြားတာပဲ  အလုပ်တွေ ကုန်းရုန်းလုပ်ကြဆဲ ဘီယာဆိုင်တွေ စည်ဆဲ ကလပ်တွေ ဘားတွေ လူမပြတ်ဆဲ. အိုင်ဖုန်းအသစ်တွေ တန်းစီဝယ်ကြဆဲ… ပညာဆင်းရဲနေကြတာပါ. .တခြားဘာမှမဟုတ်ဖူး..  ဟုတ်ကဲ့….  ကျုပ်တို့နိုင်ငံကြီး ဆင်းရဲနေတယ် ကြားမိတာပဲ..


ကိုပေါက်.. (အပေါ်ကရေးထားထဲလူတွေထဲလဲကိုယ်ပါနေဆဲ) (လေးစားမှုဖြင့် ခရက်ဒစ်)