သာမာန်လူတန်းစားအခြေအနေကနေ သရုပ်ဆောင် စမိုင်းလ်ကတော့ ထူးဆန်းစွာနဲ့ပဲ ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝသူတစ်ယောက်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ စမိုင်းလ်တို့ မိသားစုတွေဟာ အခုဆိုရင် အမေရိကန်နိုင်ငံမှာ ဒေါ်လာသန်းချီတန်တဲ့ ဇိမ်ခံအိမ်ကြီးကို ဝယ်ယူပြီး မိသားစုအခြေချနေထိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ မြန်မာပြည်မှာရှိစဉ်ကလည်း လူချမ်းသာတွေပီပီ ငွေကြေးသုံးစွဲပြီး အလှူအတန်းတွေလုပ်ခဲ့သလို အမေရိကန်နိုင်ငံမှာလည်း
စမိုင်းလ်တို့မိသားစုဟာ လူကုံထံတွေလို နေထိုင်နိုင်ကြတာပဲဖြစ်ပါတယ်။ အနောက်နိုင်ငံမှာနေထိုင်နေတာမို့ အနောက်နိုင်ငံရဲ့ အခါကြီးရက်ကြီးတွေမှာလည်း ပါဝင်ဆင်နွှဲနေတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံဟာ ဒီကနေ့ ဟောလိုးဝင်းနေ့မှာလည်း အမိုက်စားဝတ်စုံတွေနဲ့ မိမိုက်နေတာကို တွေ့ရပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံက ဟောလိုးဝင်းပါတီအတွက် အမေရိကန်က နာမည်ကြီးမိတ်ကပ်ဆရာရဲ့ ပြင်ဆင်ပေးမှုနဲ့ အထာကျနေကြတာကို
အခုလိုပဲ တွေ့ရပါတယ်။စမိုင်းလ်တို့ဟာ နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာပြည်ကို လုံးဝပြန်မလာပဲ အမေရိကန်နိုင်ငံမှာသာ မိသားစုလိုက် အခြေချနေထိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက် လိမ်းခြယ်ထားတဲ့ အမိုက်စားမိတ်ကပ်တွေကိုကြည့်ပြီး အံ့သြနေကြမယ်ထင်ပါတယ်နော်။