ချစ်ဖို့ကောင်းတဲ့ အပြုံးလေးကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်အချစ်တော် အလှမယ်မော်ဒယ်မလေး Bella ခေါ် မြတ်သီရိလွင် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။
အလှမယ် Bella ဟာ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တာလဲ ဖြစ်ပါတယ်။
ဒါကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး ဘေးကင်းရာကို တိမ်းရှောင်နေရတာပါ။ သူမနဲ့ပတ်သတ်တဲ့ သတင်းအမှားအချို့လဲ ပျံ့နှံ့ခဲ့ပါသေးတယ်။
Bella ဟာ တိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအမှားတွေလဲ ထွက်ပေါ်ခဲ့ပါသေးတယ်။
Bella ကတော့ ချစ်တဲ့ပရိသတ်တွေအတွက် စာသားလေး နဲ့ ဓာတ်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။
” မင်းကိုဘယ်သူကမှလိုက်မရှာရင် မင်းကိုမင်းပြန်ရှာဖွေရမယ်” လို့ သူမရဲ့ လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
သူမ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတယ်ဆိုတဲ သတင်းအမှားတွေကို အခုလိုပဲ ဖြေရှင်းလိုက်ပါသေးတယ်။
” ဘယ်တောထဲမှမဟုတ်ဘူးနော် အာဏာမသိမ်းခင်က ပြင်ဦးလွင်မှာရိုက်ထားတာ” လို့ ကောမန့်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
အလှမယ်လေး Bella ခေါ် မြတ်သီရိလွင် ကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် သတင်းလေးကို ပြန်လည်မျှဝေတင်ဆက် ပေးလိုက်ပါတယ်နော်။