ပရိသတ်ကြီးရေ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားပြီးတော့ ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသုကို သိကြမယ်ထင်ပါတယ်။
သူမဟာဆိုရင်တော့ ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ” သရဲမ၊ဘီလူးမ နှင့် မိန်းမပျို ” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလဲ ဖြစ်ပါတယ်။
ရုပ်ရှင်ရိုက်ကူးရာတွင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် သူမရဲ့စိတ်ဓာတ်ဟာလည်း အတုယူအားကျစရာကောင်းလောက်ပါတယ်။
လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကတည်းမှ စတင်ပြီး ပါဝင်ခဲ့သူ ဖြစ်ပြီး နေ့စဉ်ရက်ဆက်
မမောနိုင်မပန်းနိုင်အောင် လမ်းမပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ၅၀၅(က)ဖြင့် တရားဆွဲခံထားရပြီး လက်ရှိမှာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။
မင်းသမီး ပိုင်ဖြိုးသု ကတော့ ဒုက္ခတွေရင်ဝယ်ပိုက်ပြီး CDM လုပ်ပေးနေတဲ့သူတွေကိုမရှက်ဘူးလားဆိုတဲ့ မေးခွန်းကိုပြန်လည်တုန့်ပြန်လိုက်ပါတယ်။
” စိတ်ဓါတ်ကျပြီးလဲပြိုမိတဲ့အချိန်တိုင်း…”ဟဲ့…နင်မရှက်ဘူးလား နေစရာနေရာရှိသေးတယ်…စားသောက်နေရသေးတယ်…အမိုးအကာမရှိစစ်ပြေးနေရတဲ့သူတွေ…
ဘဝတွေအသက်တွေပေးပြီးမြေပြင်မှာတိုက်ပွဲဝင်နေရတဲ့သူတွေ…ဒုက္ခတစ်သိုက်ရင်ဝယ်ပိုက်ပြီးခုချိန်ထိCDMလုပ်ပေးနေတဲ့သူတွေကိုမရှက်ဘူးလား???
ပြန်ထစမ်း…သွား ချည်သွားထိုး” ဆိုပြီးကိုယ့်ဟာကိုယ်ဆူပစ်ပြီး ချည်ပုံကြီးထဲပြန်ပြန်ဝင်ရတယ်….ပြောချင်တာကတော့…ဒီရက်ပိုင်းcrochetထည်လေးတွေနဲ့အတူ fundraising programလေးတွေနဲ့ပြန်လာခဲ့ပါ့မယ်…
ဒေါ်သုလေးကိုချစ်တယ် အိမ်အမြန်ပြန်ရောက်စေချင်တယ်ဆို… fundraising ticketလေးတွေရောင်းတဲ့အခါကျရင်ပါဝင်ပေးကြပါနော်…ပိုင်ဖြိုးသုဆိုတဲ့မိန်းမကြီးကိုကြည့်မရတာ
စပေါ်ကတည်းကပဲ ပြန်မလာနဲ့.. သေသွားပိုကောင်းတယ်ဆိုတဲ့သူတွေလည်း ticketလေးတွေတော့အားပေးကြပါ…ဘာလို့လဲဆိုfundraising programကအဲ့မိန်းမကြီးအတွက်မှ
မဟုတ်တာ …မြေပြင်ကကိုယ့်သွေးချင်းမောင်နှမတွေအတွက်စီစဉ်တဲ့ fundraising program လေးတွေမို့ပါဝင်ပေးကြပါလို့ ….
ချစ်သည်ဖြစ်စေမုန်းသည်ဖြစ်စေ အားလုံးတစ်ညီတည်း ဒုက္ခတောထဲကလွတ်မြောက်ဖို့တော့အတူရုန်းကန်ကြရအောင် နော်” လို့ ပိုင်ဖြိုးသုရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။