ပြည်ပနိုင်ငံတော်တော်များများတွင် ပရိသတ်အားပေးမှုရရှိနေသည့် မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို သမ္မတအပါအဝင်အမျိုးသားညီညွှတ်ရေး အစိုးရ ဝန်ကြီးများကို ပြသခွင့်ရရှိခဲ့ကြောင်း ဒါရိုက်တာကိုပေါက်က ပြောသည်။
မသောက်မိသော မိုးခါးရေ ရုပ်ရှင်သည် စီဒီအမ်စစ်ဗိုလ်တစ်ဦးအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ပြည်ပနိုင်ငံပေါင်း ၂၀ ကျော်၏ မြို့ ၅၀ ကျော်တွင်ပြသခဲ့ရာ ရုံပြည့်ရုံလျှံ အားပေးမှုရရှိထားသည်။
“အမှတ်တရများထဲက မှတ်မှတ်ရရနေ့တစ်နေ့။ အာဏာမသိမ်းခင်က လွှတ်တော်ရဲ့ နောက်ဆုံးညစာစားပွဲမှာ “ရိုးမပေါ်ကျတဲ့မျက်ရည်”ရုပ်ရှင်ကို နေပြည်တော်မှာဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များကိုပြခဲ့တုန်းက သမ္မတဦးဝင်းမြင့်ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်ပြီးနှုတ်ဆက်စကားပြောခွင့်ရခဲ့တယ်” ဟု ပြည်သူ့အစိုးရလက်ထက်က အမှတ်တရကို ဒါရိုက်တာကိုပေါက်က မျှဝေထားသည်။
မသောက်မိသော မိုးခါးရေ ရုပ်ရှင်မှရရှိသည့် ဝင်ငွေများ အနက် ပထမဆုံးအကြိမ်လှူဒါန်းမှုအနေဖြင့် ငွေကျပ်သိန်း ၄၆၀၀ ကို နိုဝင်ဘာ ၂၄ နှင့် ၂၅ တွင် သက်ဆိုင်ရာ အဖွဲ့များသို့ လှူဒါန်းခဲ့ကြောင်း ယင်းရုပ်ရှင်၏ ဖေ့စ်ဘွတ်ခ်၌ ဖော်ပြထားသည်။
အမှတ်တရများထဲက မှတ်မှတ်ရရနေ့တနေ့
အာဏာမသိမ်းခင်က လွှတ်တော်ရဲ့ နောက်ဆုံးညစာစားပွဲမှာ “ရိုးမပေါ်ကျတဲ့မျက်ရည်”ရုပ်ရှင်ကို နေပြည်တော်မှာ
ဝန်ကြီးများ၊လွှတ်တော်ကိုယ်စားလှယ်များကိုပြခဲ့တုန်းက သမတဦးဝင်းမြင့်ကိုယ်တိုင်လက်ဆွဲနှုတ်ဆက်ပြီး
နှုတ်ဆက်စကားပြောခွင့်ရခဲ့တယ်။
လျှပ်စစ်ဝန်ကြီး ဦးစိုးသူရထွန်းနဲ့က မကြာခဏ zoom
မှာတွေ့ဖြစ်နေတော့ “ငါတို့ကို မိုးခါးရေ မပြပေးဘူးလား”ပြောကြရာက
အခုလည်း ပြည်သူတင်မြှောက်တဲ့တော်လှန်ရေူအစိုးရ
NUGရဲ့သမ္မတကြီးနှင့်တကွ ဝန်ကြီးများ ဒုဝန်ကြီးများ
ကို”မသောက်မိသောမိုးခါးရေ”ကိုပြခွင့်ရခဲ့တယ်။
ယာယီသမ္မတကြီး၊ဝန်ကြီးချုပ်၊ဝန်ကြီးနှင့်ဒုဝန်ကြီးများရဲ့အားပေးစကားတွေက ခွန်အားဖြစ်ခဲ့ရပါတယ်။
ဝန်ကြီးများ”မုန်တိုင်းရှိရာ(မိုးခါးရေ)”သီချင်းဖြင့်
ပြန်လည် သီဆိုပြဖြစ်ခဲ့ပါတယ်။
#ဒါရိုက်တာကိုပေါက်
မိုးခါးရေကို NUG အစိုးရအဖွဲ့ကို သီးသန့်ပြသည့် ကိုပေါက်