ဆုံးပါးခဲ့တဲ့ ဖခင်ကြီးရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ရင်း ခံစားချက်တွေကိုမျှဝေလာတဲ့ မိုးဟေကို


ဆုံးပါးခဲ့တဲ့ ဖခင်ကြီးရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ရင်း ခံစားချက်တွေကိုမျှဝေလာတဲ့ မိုးဟေကို

မင်းသမီးချောလေး မိုးဟေကိုကတော့ ဗီဒီယိုတွေ၊ရုပ်ရှင်ဇာတ်ကားကြီးတွေ အများအပြားရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကို နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။


မိုးဟေကိုက ကိုယ်ပိုင်ရုပ်ရှင်ရေးတစ်ခုတည်ထောင်ထားပြီး ဇာတ်ကားတွေရိုက်ကူးခဲ့တာ လည်း ဖြစ်ပါတယ် ။မကြာခင်ရက်ပိုင်းကမှ မိုးက ဆေးကုသမှု ခံယူနေတဲ့ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရတာလည်း ဖြစ်ပါတယ် ။




ဒီသတင်းကို ကြားကြားချင်း အားလုံးကလည်း ထပ်တူစိတ်မကောင်း ဖြစ်ခဲ့ကြပါတယ် ။ အခုမှာတော့ မိုးက ဖခင်ဖြစ်သူရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ပေးခဲ့တဲ့ ပုံရိပ်တွေနဲ့အတူ သူမရဲ့ ခံစားချက်တွေကို ဝေမျှလာပါတယ် ။




ဒါကတော့ ” ချစ်သော ပရိသတ်ကြီးရှင့်…ဒီနေ့တော့ မိုးရဲ့ ဘဝမှာ အရေးကြီးဆုံးလူသားတစ်ယောက်ဖြစ်တဲ့ ဖေဖေ့ကို နောက်ဆုံးနှုတ်ဆက်ပို့ဆောင်ဖြစ်ခဲ့ပါတယ်။ မိုးအနေနဲ့ ဖေဖေ့ကို တတ်နိုင်သမျှ ပြုစုစောင့်ရှောက်ပေးခွင့်ရခဲ့လို့ အခုလို ကြိုးစားပြီး စိတ်ဖြေသိမ့်လို့ရတယ်လို့ ထင်ပါတယ်ရှင်။




ဒီနေ့တော့ မိုး ဖေဖေ့အရိုးပြာကို ရန်ကုန်မြစ်ထဲ မျှောပြီး နောက်ဆုံးနှုတ်ဆက်တဲ့အထိမ်းအမှတ်အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မိုးကို ဖေဖေ့နောက်ဆုံးအချိန်တစ်လျှောက်လုံး အားပေးကူညီပေးခဲ့တဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီကနေပဲ ပြောချင်ပါတယ်ရှင်။ တစ်ယောက်ချင်းစီကို မိုး စာမပြန်ခဲ့မိရင်လည်း နားလည်ပေးပါလို့ ပြောကြားပါရစေနော်။ ” ဆိုပြီးရေးသားထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။




Credit– Cele Zone


Photo – Moe Hay Ko