မိသားစုနှစ်ဦးအလှူအဖြစ် ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး မန္တလေး မဟာမြတ်မုနိဘုရားမှာ ခြုံထည်သင်္ကန်းကပ်လှူဒါန်းခဲ့တဲ့ နန်းမြတ်ဖြိုးသင်း


မိသားစုနှစ်ဦးအလှူအဖြစ် ခင်ပွန်းဖြစ်သူအတွက် ရည်စူးပြီး မန္တလေး မဟာမြတ်မုနိဘုရားမှာ ခြုံထည်သင်္ကန်းကပ်လှူဒါန်းခဲ့တဲ့ နန်းမြတ်ဖြိုးသင်း

မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းက ဇာတ်ကားတွေရိုက်ကူးခဲ့သလို တေးသီချင်းတွေလည်း သီဆိုပြီး အနုပညာအလုပ်တွေကို နှစ်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။


နန်းမြတ်ဖြိုးသင်းက သူမရဲ့ ချစ်စဖွယ်ကောင်းတဲ့ အမူအရာများနဲ့ ပရိတ်သတ်ကို ညှိယူဖမ်းစားထားသူတစ်ဦးဖြစ်ပါတယ်။သူမက အနုပညာလှုပ်ရှားမှုများစွာကို လုပ်ဆောင်ခဲ့သူဖြစ်ပြီး ပရိတ်သတ်တွေအနေနဲ့လည်း သူမကို အိမ်ထောင်ကျသွားသည့်တိုင် အဆက်မပြတ် ချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။


နန်းမြတ်ရဲ့ အမျိုးသားဖြစ်သူ ကိုတာတာမျိုးဟာ ဆုံးပါးခဲ့တာ တစ်နှစ်ကျော်ရှိသွားခဲ့ပါပြီ။နန်းမြတ်က ရုတ်တရက် ခွဲခွာသွားတဲ့ ခင်ပွန်းအတွက်လည်း ခုချိန်အထိ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေရတာပါ ။




ခင်ပွန်းဖြစ်သူဆုံးပါးခဲ့ပြီးနောက် လစဉ်တိုင်း ကောင်းမှုကုသိုလ်များပြုပေးခဲ့သူဖြစ်ပါတယ်။ယခုတခါမှာလည်း နန်းမြတ်က ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့ခင်ပွန်းကိုတာတာမျိုးအတွက်လည်းရည်စူးပြီး မိသားစု နှစ်ဦးအလှူအဖြစ်နဲ့ မန္တလေး မဟာမြတ်မုနိဘုရားမှာ ခြုံထည်သင်္ကန်းကပ်လှူဒါန်းတဲ့အလှူလေးကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။


အလှူလေးပြုလုပ်ခဲ့ကြောင်းကိုလည်း နန်းမြတ်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “နှစ်ဦးအလှူလေး။ လူမသွားနိုင်ပေမယ့်လှမ်းလှူဖြစ်တဲ့အလှူလေးပေါ့။


စီစဉ်ပေးတဲ့ဘုန်းဘုန်းကိုလဲကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ နန်းမြတ်ကတော့ သားနဲ့သမီးအပေါ်မှာလည်း မိခင်ကောင်းပီသလှတဲ့အပြင် ကွယ်လွန်သွားတဲ့ခင်ပွန်းအပေါ်လည်း အခုချိန်ကို ဇနီးကောင်းပီသလွန်းလှပါတယ်နော်။


Source – Nann Myat Phyo Thinn


Credit Cele Zone


>