ဘရန့်ဖို့ဒ်ဟာရိုမီယိုဘက်ဟမ်းကိုခြောက်လအငှားစာချုပ်ဖြင့်ခေါ်ယူအားဖြည့်လိုက်ပါတယ်။
အသက်၂၀နှစ်ရှိတောင်ပံကစားသမားဟာဖခင်ဖြစ်သူဒေးဗစ်ဘက်ဟမ်းပိုင်ဆိုင်တဲ့အင်တာမီယာမီနှင့်အတူခြေစွမ်းပြနိုင်ပြီးနောက်ဘရန့်ဖို့ဒ်လူငယ်အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းလာခဲ့သူဖြစ်ပါတယ်။
သူဟာ၂၀၂၁ခုနှစ်၊စက်တင်ဘာလတုန်းကဘရန့်ဖို့ဒ်အရန်အသင်းအတွက်ပထမဆုံးပွဲကစားခဲ့သူဖြစ်ပါတယ်။သူဟာဘရန့်ဖို့ဒ်အရန်အသင်းအတွက်၂ဂိုးသွင်းကာ၁၀ကြိမ်ဖန်တီးထားနိုင်ပါတယ်။
ဒါကြောင့်လည်းဘရန့်ဖို့ဒ်ဟာရိုမီယိုဘက်ဟမ်းကိုခြောက်လအငှားစာချုပ်ဖြင့်ခေါ်ယူရန်ဆုံးဖြတ်လိုက်တာလည်းဖြစ်ပါတယ်။
ရိုမီယိုဘက်ဟမ်းဟာ၂၀၁၄ခုနှစ်အထိအာဆင်နယ်အကယ်ဒမီတွင်ကစားလာခဲ့သူလည်းဖြစ်ပါတယ်။
ဖခင်ဖြစ်သူဒေးဗစ်ဘက်ဟမ်းဟာသားဖြစ်သူရိုမီယိုမှာသူ့ခြေရာကိုနင်းနိုင်ရေးခြေလှမ်းတစ်လှမ်းထပ်လှမ်းလာနိုင်မှုအတွက်ဝမ်းသာကျေနပ်လျက်ရှိပါတယ်။