မနေ့ညတုန်းကအဲဗာတန်ကိုအနိုင်ရရှိတဲ့အက်ဖ်အေဖလားပွဲစဉ်မှယူနိုက်တက်ဂိုးသမားဒေးဗစ်ဒီဂီယာရဲ့အမှားဂိုးနဲ့ပတ်သက်ပြီးအဖြေရှာဖို့ခက်ခဲနေပါတယ်။
ယူနိုက်တက်ဟာအက်ဖ်အေဖလားတတိယအဆင့်တွင်ပရီးမီးယားလိဂ်မှာရုန်းကန်နေရတဲ့အဲဗာတန်နှင့်ရင်ဆိုင်ခဲ့ရပါတယ်။
ယူနိုက်တက်ဟာပွဲအစ၄မိနစ်မှာပင်ရက်ဖို့ဒ်ရဲ့ဖြတ်တင်ဘောမှအန်တိုနီရဲ့ဂိုးဖြင့်ပွဲကိုစောစောစီးစီးဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့အဲဗာတန်ဟာပွဲချိန်၁၄မိနစ်မှာချေပဂိုးရသွားခဲ့ပါတယ်။နီရယ်မူပေးရဲ့ပေးပို့မှုကနေအင်္ဂလန်လက်ရွေးစင်ကိုဒီကအနီးကပ်ပိတ်ကာချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
မူပေးပေးပို့လိုက်တဲ့ဘောလုံးကဒီဂီယာရဲ့ပေါင်ကြားအောက်ကနေထွက်သွားပြီးကိုဒီကပိတ်သွင်းသွားတာဖြစ်ပါတယ်။
ယူနိုက်တက်ဟာနိုဝင်ဘာလ၁၃ရက်နေ့နောက်ပိုင်းတွင်ပထမဆုံးဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ဟာဒီဂီယာရဲ့အမှားမှတဆင့်ချေပဂိုးပေးခဲ့ရပေမဲ့လည်းကိုဒီရဲ့OG ဂိုးနဲ့ရက်ဖို့ဒ်ရဲ့ပင်နယ်တီဂိုးတို့ကြောင့်အဲဗာတန်ကို၃-၁ဖြင့်အနိုင်ရရှိကာအက်ဖ်အေလားစတုတ္ထအဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီဂီယာရဲ့ရယ်စရာကောင်းလွန်းလှတဲ့အမှားနဲ့ပတ်သက်ပြီးယူနိုက်တက်ဂန္ထဝင်ရွိုင်ကိန်းက “နိုင်ငံတကာလက်ရွေးစင်တစ်ဦးရဲ့တုန်လှုပ်စရာအမှားတစ်ခုပါ။အရက်နည်းနည်းသောက်ထားသလိုပဲ။ဂိုးသမားအထုတ်ခံရလို့ ဘောလုံးသမားတစ်ဦးဝင်ဖမ်းနေသလိုပဲ”လို့ပြောကြားသွားပါတယ်။
ဒီဂီယာဟာခရစ္စတယ်ပဲလေ့စ်မှဘတ်လန်းကို အငှားဖြင့်ခေါ်ယူပြီးနောက်တစ်ရက်အကြာတွင်အမှားပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ဒီဂီယာဟာယခုရာသီအကုန်တွင်ယူနိုက်တက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးလုပ်ခလျှော့ယူကာစာချုပ်သစ်ချုပ်ဆိုရန်လက်ခံထားသူလည်းဖြစ်ပါတယ်။