မိသားစုပုံလေးနဲ့ အတူ ချစ်ရတဲ့ ပရိသတ်တွေ အတွက် နှစ်သစ် ဆုမွန်‌ကောင်း တောင်းပေးလာခဲ့တဲ့ ပိုးအိအိခန့်


မိသားစုပုံလေးနဲ့ အတူ ချစ်ရတဲ့ ပရိသတ်တွေ အတွက် နှစ်သစ် ဆုမွန်‌ကောင်း တောင်းပေးလာခဲ့တဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ ပိုးအိအိခန့်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ပိုးအိအိခန့်ကတော့ လက်ရှိမှာ နိုင်ငံလက်ရွေးစင်ဘောလုံးသမားဖြစ်တဲ့ အောင်သူနဲ့သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုတည်ထောင်ထားခဲ့ပြီး ချစ်စရာကောင်းလှတဲ့သားလေးတစ်ယောက်ကို မွေးဖွားထားခဲ့ပါတယ်။




ပိုးအိအိခန့်ကတော့ လက်ရှိမှာ ထိုင်နိုင်ငံမှာနေထိုင်နေခဲ့ပြီး မနေ့ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေသူတို့မိသားစုကိုချစ်ကြတဲ့ပရိသတ်တွေအတွက် မိသားစုပုံလေးတွေနဲ့အတူ နှစ်သစ်ဆုတောင်းစကားလေးဆိုလာခဲ့ပါတယ်။ “မတွေ့ရတာလည်းကြာပြီ မတင်ရတာလည်းကြာပြီ။ အကောင့်က ဆွေမျိုးမိတ်ဆွေသူငယ်ချင်းများ အားလုံးမင်္ဂလာပါ။




2023 နှစ်သစ်လေးမှာ ကံကောင်းခြင်းတွေနဲ့ အတူ နေကောင်းကျန်းမာ အဆင်ပြေကြဖို့ မျှော်လင့်ပါတယ်ရှင်” ဆိုပြီး ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ အောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့သားလေးဖြစ်တဲ့ သဲကိုးလေးတောင် မမြင်ရတဲ့အတောအတွင်းတော်တော်လေးကိုထွားလာပြီနော်။