ဘန်ကောက် မှာ ကျင်းပတဲ့ နာမည်ကျော် BlackPink အဖွဲ့ရဲ့ World Tour ပွဲကို သွားရောက်ခဲ့တဲ့ ယုသန္တာတင်


ဘန်ကောက် မှာ ကျင်းပတဲ့ နာမည်ကျော် BlackPink အဖွဲ့ရဲ့ World Tour ပွဲကို သွားရောက်ခဲ့တဲ့ ယုသန္တာတင်

ပရိသတ်ကြီးရေ ယုသန္တာတင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။


ယုသန္တာတင်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ သူဝါသနာပါတဲ့အလုပ်တွေနဲ့ ခရီးတွေထွက်ပြီး သာမာန်လူတစ်ယောက်လိုနေထိုင်နေခဲ့ပါတယ်။




ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ယုသန္တာတင်က ဥရောပနိုင်ငံတွေကို အလည်အပတ်ခရီးထွက်ခဲ့ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပုံလေးတွေမျှဝေခဲ့တာကြောင့် ပရိသတ်တွေက အားကျနေခဲ့ရပါသေးတယ်။


ဒီနေ့မှာလည်း ယုသန္တာတင်ကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ BlackPink အဖွဲ့ရဲ့ World Tour ပွဲကို သွားရောက်ခဲ့တဲ့ပုံတွေကိုထပ်မံမျှဝေဖော်ပြလာခဲ့ပါတယ်။