ယုံကြည်မှုကို အားနည်းစေတတ်သည့် ခံတွင်း အနံံ့ဆိုးကို ဖျောက်မယ်

2019-10-16 10:31:59


ယုံကြည်မှုကို အားနည်းစေတတ်သည့် ခံတွင်း အနံံ့ဆိုးကို ဖျောက်မယ်

ယုံကြည်မှုကို အားနည်းစေတတ်သည့် ခံတွင်း အနံံ့ဆိုးကို ဖျောက်မယ်


ခံံ တွင်း ပုတ် အနံ့


ခံတွင်း ပုတ် အနံ့ သည် လူတယောက်အတွက် မိမိကိုယ် ကို ယုံကြည်မူ့ မဲ့စေပါသည် .


ခံံတွင်းအနံ့ မကောင်းသူများသည် လူအများ ကြားတွင် စကားပြောဆိုရာတွင် မိမိ ၏ ပါးစပ်မှ အနံ့ ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည် ။


ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌် တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည် ။


ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့်ကာ၍ စကားပြောနေပါသည်


ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍ စကားပြောသည်ဟု မိန့်ပါသည် ။


အဘယ်ကြောင့် ဖြစ်ပါသလဲ ဟုလျောက်သောအခါ အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာ အဖြစ် မိန့်ပါသည် ။


ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ အား အနံ့ ရနေပါသည်


ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည် ။


ဖော်စပ်နည်းမှာ


၁ = သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်


၂ = ပိုင်းထားသော သံပုရာသီးအား အရည်ညှစ် ရပါမည် – ဖန်ခွက်တွင်ထည့်ထားပါ


၃ = အရည်ညှစ်ထားသော သံံပုရာခွံအား ပြန်ဖောင်း ကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်


၄ = ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန် မျက်နှာချင်းဆိုင် ဆက်စေပါသည်


၅ = ထိုနောက် ဆားသိပ်ထားသော သံပုရာ ခြမ်း အား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည်


၆ = သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့ နီရဲလာပါက ဆားကျက်၍ ညှပ်ဖြင့်ဆယ်ယူကာ အအေး ခံထားပါ မီးသွေးခဲကဲ့သို့ဖြစ်ပါသည်


၇ = ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက် အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်


၈ = အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား သံပုရာရေတွင် ရောမွှေ ၍ သမထားပါ


မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ် လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ ပါသည် တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု လျောက်ခဲ့ပါသည်


နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည် ။


သင်ဆိုလျှင်လည်း ကိုယ်တိုင် ကုသနှိုင်ပါသည်


မိုးနတ်သား 1 . 8 . 2017