အမျိုးသမီးဘောလုံးသမားကို မတော်ရာကိုင်မိလို့ ပွဲကြည့်ခွင့်မရှိတော့တဲ့ပရိသတ်

2019-10-16 19:49:01


အမျိုးသမီးဘောလုံးသမားကို မတော်ရာကိုင်မိလို့ ပွဲကြည့်ခွင့်မရှိတော့တဲ့ပရိသတ်

အမျိုးသမီးဘောလုံးသမားကို မတော်ရာကိုင်မိလို့ ပွဲကြည့်ခွင့်မရှိတော့တဲ့ပရိသတ်


မက္ကဆီကို အမျိုးသမီးလိဂ် Liga MX Femenil ရဲ့ချန်ပီယံ၊ Tigres UANL အသင်းကတော့ သူတို့ကို အစဉ်တစိုက် အားပေးခဲ့တယ်ဆိုတဲ့ သက်ကြီးပရိသတ်တစ်ဦးကို ရာသက်ပန်ပွဲကြည့်ခွင့် ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။ ဒါ့အပြင် အဲဒီအမျိုးသားကို ဥပဒေရေးရာအရ ဆက်လက်အရေးယူ တရားစွဲသွားဦးမယ်လို့လည်း သိရပါတယ်။


အဆိုပါ အမျိုးသားဟာ အမေရိကန်လက်ရွေးစင်လည်းဖြစ်၊ နာမည်ကျော် အမျိုးသမီးဘောလုံးသမားလည်းဖြစ်တဲ့ ဆိုဖီယာဟွာတာရဲ့ ရင်သားကို မိမိရရ ကိုင်တွယ်ခဲ့တာပါ။ ဒီအခင်းဖြစ်စဉ်ဟာ ဆိုဖီယာပါဝင်တဲ့ အမေရိကန်ကလပ် Houston Dash အသင်းနဲ့ Liga MX Femenil ရဲ့ချန်ပီယံ Tigres UANL တို့ရဲ့ ချစ်ကြည်ရေးခြေစမ်းပွဲမှာ ဖြစ်ခဲ့တာပါ။


အဲဒီပွဲကို Tigres အသင်းရဲ့အိမ်ကွင်းမှာ ဖိတ်ခေါ်ကစားခဲ့တာဖြစ်ပြီး၊ အဲဒီပွဲအပြီးမှာ ဆိုဖီယာဟာ အားပေးသူပရိသတ်တွေနဲ့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာပါ။ ဒီအတောအတွင်းမှာ သူမကို Tigres အသင်းရဲ့ပရိသတ်တစ်ဦးက လိင်ပိုင်းစော်ကား ခဲ့တာဖြစ်ပြီး၊ နောက်ပိုင်းမှာ အဲဒီဓာတ်ပုံက လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာပါ။


Tigres UANL အသင်းတာဝန်ရှိသူတွေက အိမ်ကွင်းမှာ အိုးမည်းသုတ်ခဲ့တဲ့ပရိသတ်ကို အလွန်ဒေါသထွက်သွားပြီး သူတို့အနေနဲ့ ဒီပရိသတ်ကို ရာသက်ပန်အိမ်ကွင်းပွဲကြည့်ခွင့် ပိတ်ပင်သွားမှာဖြစ်ကြောင်းနဲ့၊ ဥပဒေကြောင်းအရလည်း အရေးယူသွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နောက်ပြီး အဲဒီလူ ဘယ်သူဘယ်ဝါဆိုတာကိုလည်း အတည်ပြုဖို့ ပရိသတ်ကို အကူအညီ တောင်းထားပါတယ်။


Fut Femenil’s (Women’s Football) ကလည်း သူတို့ရဲ့တရားဝင် Page မှာ ဒီကိစ္စကို အပြင်းအထန်ရှုံ့ချထားပြီး၊ ဖော်ထုတ်အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။ လက်ရှိအချိန်မှာတော့ ကာယကံရှင် ဆိုဖီယာဘက်က ဘာမှ တုန့်ပြန်ထားခြင်း မရှိသေးသလို၊ သက်ဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။