မျက်စိမမြင်နိုင်သူတွေ နောက်တစ်ဖန်ပြန်မြင်နိုင်စေမယ့် သိပ္ပံမျက်လုံး

2019-10-16 19:51:38


မျက်စိမမြင်နိုင်သူတွေ နောက်တစ်ဖန်ပြန်မြင်နိုင်စေမယ့် သိပ္ပံမျက်လုံး

မျက်စိမမြင်နိုင်သူတွေ နောက်တစ်ဖန်ပြန်မြင်နိုင်စေမယ့် သိပ္ပံမျက်လုံး


သိပ္ပံဇာတ်ကားတွေထဲမှာရှိတဲ့ စက်ရုပ်မျက်လုံးတွေဟာ မကြာခင်အတောအတွင်း လက်ရှိလောကမှာ တကယ်ရှိလာတော့မှာဖြစ်ပါတယ်။မင်နီဆိုတာ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ အခုဆိုရင် စက်ရုပ်မျက်လုံးတစ်ခုကို 3D ပရင်တာတစ်ခုနဲ့ဖန်တီးလိုက်ပါပြီ။


ဒီသိပ္ပံမျက်လုံးကိုတော့ ဖန်သားနဲ့ ပြုလုပ်ထားပြီး အပေါ်ယံအလွှာမှာ အလင်းကိုဖမ်းနိုင်မယ့်အလွှာတွေတပ်ဆင်ပေးထားပါတယ်။ဒီအလွှာတွေကိုတော့ ငွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး အလင်းတွေကို လှုပ်စစ်လှိုင်းတွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့အလွှာတွေဖြစ်ပါတယ်။


စမ်းသပ်နေဆဲကာလအတွင်းမှာ မျက်လုံးပေါ်ကျရောက်လာတဲ့အလင်းလှိုင်း ၂၅ ရာခိုင်နှုန်းကို လျပ်စစ်လှိုင်းတွေအဖြစ်ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။သိပ္ပံပညာရှင်အဖွဲ့ဟာ အလင်းဖမ်းယူနိုင်တဲ့အလွှာကို ပိုမိုကောင်းမွန်အောင် ကြိုးစားဖန်တီးနေကြပါတယ်။


ထို့အပြင် မကြာခင်အချိန်အတွင်းမှာ ဖန်သားအစား မျက်လုံးနဲ့သဏ္ဍာန်တူတဲ့ ပျော့ပျောင်းတဲ့အရာတစ်ခုမှာ စမ်းသပ်လုပ်ဆောင်သွားကြဖို့လည်းရည်ရွယ်ထားပါတယ်။

ဒီတော့ မကြာခင်အချိန်အတွင်းမှာ အမြင်အာရုံပျက်ဆီးသွားခဲ့ရတဲ့သူတွေ ကမ္ဘာကြီးကိုပြန်လည်မြင်နိုင်စွမ်းရတော့မှာပေါ့ ။(Daily Hot News ) .