“ဖုန်း” သုံးလွန်းတာကြောင့် အမျိုးသားတစ်ဦး ညာဘက် မျက်လုံး ကွယ်သွားခဲ့

2019-10-17 10:04:02


“ဖုန်း” သုံးလွန်းတာကြောင့် အမျိုးသားတစ်ဦး ညာဘက် မျက်လုံး ကွယ်သွားခဲ့

“ဖုန်း” သုံးလွန်းတာကြောင့် အမျိုးသားတစ်ဦး ညာဘက် မျက်လုံး ကွယ်သွားခဲ့


ဖုန်းကို အလွန် သုံးတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့်၊ မျက်လုံံးကို ထိခိုက်စေနိုင် ပါတယ်။ အမျိုးသားတစ်ဦးဆိုရင် ဖုန်းကို အလွန်သုံးတာကြောင့် ညာဘက်မျက်လုံး ကွယ်သွားခဲ့ပြီး ဆေးရုံ တင်လိုက်ရပါတယ်။


သူဟာ ဖုန်းသုံးနေရင်းနဲ့ သူ မြင်ရတာတွေက ဝါးတားတား ဖြစ်ပြီး မြင်ရသမျှတိုင်းက အမည်းရောင် ဖြစ်နေတာကြောင့် ဆေးရုံကို အမြန်ပြေးပြီး ဆေးကုသမှု ခံယူူခဲ့ရပါတယ်။


WorldofBuzz သတင်းအရ၊ သူဟာ တရုတ်နိုင်ငံက ဖြစ်ပြီး အမည်မသိရပေမဲ့လည်း နည်းပညာ ကုမ္ပဏီက အလုပ်သမား ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆေးရုံကို ရောက်သွားတဲ့ အချိန်မှာ ဆရာဝန်က သူ့ကို “Eye Stroke”၊ “မျက်လုံး မှုန်ခြင်း” ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။


ဆရာဝန်က ဖုန်းကို မခြားမလပ် သုံးတာကြောင့် မျက်လုံး မှုန်ဝါးသွားတာပါလို့ လူနာကို ပြောခဲ့ပြီး အကောင်းဆုံး ကုသပေးသွားခဲ့ပါတယ်။အမျိုးသား ဖြစ်သူဟာ နည်းပညာ ကုပ္ပဏီမှာ ကွန်ပြူတာကို တစ်နေကုန် အသုံးပြုပြီး၊ အလုပ်ဆင်းလို့ အိမ် ပြန်ရောက်တဲ့ အခါမှာလည်း ဖုန်းကို မအိပ်ခင်အထိ အသုံးပြုခဲ့ပါတယ်။


သူဟာ ဖုန်းသုံးနေတုန်း မျက်လုံးက မှုန်ဝါးပြီး မျက်တောင် ခတ်လိုက်တဲ့ အချိန်မှာ မြင်ရသမျှက အမည်းရောင် ဖြစ်ခဲ့ပါတယ်။ သူဟာ ဆေးရုံကို သွားပြခဲ့ပြီး (၄) နာရီကြာ ဆေးကုသမှု ခံယူပြီးနောက် မျက်လုံးက နဂိုအတိုင်း ပြန်ဖြစ်ခဲ့ပါတယ်။သူဟာ အမြင်ပြန်ရခဲ့ပေမဲ့ နောက်ထပ် ကုသမှုတွေအတွက် ဆေးရုံမှာ (၃) ရက်ကြာ နေသွားခဲ့ပြီး အခုတော့ ဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။


ဆရာဝန်က မျက်လုံးမှုန်တာဟာ အသက် (၆၀) နဲ့ (၇၀) အရွယ်ကြားမှာ အဖြစ် များပေမဲ့လည်း အခုနောက်ပိုင်း လူငယ်တွေမှာလည်း ဖြစ်လာတယ်လို့ ပြောခဲ့ပါတယ်။ ဖုန်း အလွန် သုံးရင် မျက်လုံး ကွယ်သွားနိုင်တာကြောင့် အခုကတည်းက ဖုန်းသုံးတာကို လျှော့ချသင့်ပြီ ဖြစ်ပါတယ်။


Ko Khant ( D Nae khit Media )